တင်းမာမှုများဖြစ်ပွားလျက်ရှိနေသည့်အတွက် နီပေါနိုင်ငံ ဆီမာရာမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်

 93

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

နီပေါနိုင်ငံတွင် တက်ကြွလူငယ်လှုပ်ရှားသူများနှင့် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင် ပြုတ်ကျခဲ့သော အာဏာရပါတီဟောင်းကို အားပေးထောက်ခံသူများကြား ပဋိပက္ခများဖြစ်လာခဲ့ပြီးနောက် ဆီမာရာမြို့ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အာဏာရပါတီပေါင်းဖြစ်သော CPN-UMLပါတီသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် Gen Z လူငယ်များက ဆန္ဒပြခဲ့ရာမှ
ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာခဲ့ပြီး လေဆိပ်အချို့ကိုလည်း ပိတ်ပင်ခဲ့ရကြောင်း သိရသည်။
CPN-UMLပါတီ ကိုအားပေးထောက်ခံသူများသည်
ဆန္ဒပြလူငယ်များကို တိုက်ခိုက်မှုများလည်းရှိခဲ့ရာ ထိပ်တိုက်တွေ့ဆုံမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
ဘာရာဒေသ အုပ်ချုပ်ရေးမှူးက ''လက်ရှိအချိန်မှာ အခြေနေတွေကို ပုံမှန်အတိုင်းပြန်ဖြစ်အောင်ကြိုးပမ်းနေတယ်။ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားတယ်'' ဟု ပြောသည်။
Gen Z လူငယ်များသည် CPN-UML ပါတီဝင်များနှင့်ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် ဆန္ဒပြမှုများ ဆက်လက်လုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။
နီပေါရဲတပ်ဖွဲ့က ဆန္ဒပြမှုများကို ဟန့်တားထိန်းချုပ်နိုင်ရန်ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။
Gen Z ဆန္ဒပြအုပ်စုများက နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း ဖမ်းဆီးပေးရန် တောင်းဆိုထားသည့်လူပုဂ္ဂိုလ်များကို ဖမ်းဆီးရန် ပျက်ကွက်မှုများ ရှိနေသည့်အတွက် ဆန္ဒပြပွဲများ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။ နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သောပဋိပက္ခများအတွင်း
Gen Z ခြောက်ဦး ဒဏ်ရာရခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။
Gen Z အုပ်စုများက ဖြစ်ပွားခဲ့သောပဋိပက္ခများအတွင်း ပါဝင်ဆက်နွယ်ခဲ့သည့် CPN-UML ပါတီကို ဝန်းရံသူများကို ဖမ်းဆီးထိန်းသိမ်းခြင်းမရှိဘူးဆိုလျှင် ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးထားသည်။

Zawgyi Version:
တင္းမာမႈမ်ားျဖစ္ပြားလ်က္ရွိေနသည့္အတြက္ နီေပါႏိုင္ငံ ဆီမာရာၿမိဳ႕တြင္ ညမထြက္ရအမိန႔္ ထုတ္ျပန္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၁
နီေပါႏိုင္ငံတြင္ တက္ႂကြလူငယ္လႈပ္ရွားသူမ်ားႏွင့္ ၿပီးခဲ့သည့္စက္တင္ဘာလအတြင္းျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲမ်ားအတြင္ ျပဳတ္က်ခဲ့ေသာ အာဏာရပါတီေဟာင္းကို အားေပးေထာက္ခံသူမ်ားၾကား ပဋိပကၡမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဆီမာရာၿမိဳ႕ကို ညမထြက္ရအမိန႔္ ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။
အာဏာရပါတီေပါင္းျဖစ္ေသာ CPN-UMLပါတီသည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ Gen Z လူငယ္မ်ားက ဆႏၵျပခဲ့ရာမွ
ထိပ္တိုက္ေတြ႕ဆုံမႈမ်ားျဖစ္လာခဲ့ၿပီး ေလဆိပ္အခ်ိဳ႕ကိုလည္း ပိတ္ပင္ခဲ့ရေၾကာင္း သိရသည္။
CPN-UMLပါတီ ကိုအားေပးေထာက္ခံသူမ်ားသည္
ဆႏၵျပလူငယ္မ်ားကို တိုက္ခိုက္မႈမ်ားလည္းရွိခဲ့ရာ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။
ဘာရာေဒသ အုပ္ခ်ဳပ္ေရးမႉးက ''လက္ရွိအခ်ိန္မွာ အေျခေနေတြကို ပုံမွန္အတိုင္းျပန္ျဖစ္ေအာင္ႀကိဳးပမ္းေနတယ္။ ညမထြက္ရအမိန႔္ကိုလည္း ထုတ္ျပန္ထားတယ္'' ဟု ေျပာသည္။
Gen Z လူငယ္မ်ားသည္ CPN-UML ပါတီဝင္မ်ားႏွင့္ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီးေနာက္ ဆႏၵျပမႈမ်ား ဆက္လက္လုပ္ကိုင္လ်က္ရွိေနေၾကာင္း သိရသည္။
နီေပါရဲတပ္ဖြဲ႕က ဆႏၵျပမႈမ်ားကို ဟန႔္တားထိန္းခ်ဳပ္ႏိုင္ရန္ႀကိဳးပမ္းလ်က္ရွိေနေၾကာင္း သိရသည္။
Gen Z ဆႏၵျပအုပ္စုမ်ားက ႏိုဝင္ဘာ ၁၉ ရက္က ျဖစ္ပြားခဲ့ေသာ ပဋိပကၡမ်ားအတြင္း ဖမ္းဆီးေပးရန္ ေတာင္းဆိုထားသည့္လူပုဂၢိဳလ္မ်ားကို ဖမ္းဆီးရန္ ပ်က္ကြက္မႈမ်ား ရွိေနသည့္အတြက္ ဆႏၵျပပြဲမ်ား ဆက္လက္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ေျပာသည္။ ႏိုဝင္ဘာ ၁၉ ရက္က ျဖစ္ပြားခဲ့ေသာပဋိပကၡမ်ားအတြင္း
Gen Z ေျခာက္ဦး ဒဏ္ရာရခဲ့ၿပီး ဖမ္းဆီးထိန္းသိမ္းခံရျခင္းမ်ားလည္းရွိခဲ့ေၾကာင္း သိရသည္။
Gen Z အုပ္စုမ်ားက ျဖစ္ပြားခဲ့ေသာပဋိပကၡမ်ားအတြင္း ပါဝင္ဆက္ႏြယ္ခဲ့သည့္ CPN-UML ပါတီကို ဝန္းရံသူမ်ားကို ဖမ္းဆီးထိန္းသိမ္းျခင္းမရွိဘူးဆိုလွ်င္ ဆႏၵျပမႈမ်ား ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သတိေပးထားသည္။

Related news

© 2021. All rights reserved.