ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ခင်သန်းနု ကွယ်လွန်သည့်သတင်းမှာ သတင်းအမှားသာဖြစ်

 6275

Pearl (NP News) - နိုဝင်ဘာ ၂၁

ဒေါ်ခင်သန်းနု ကွယ်လွန်သည်ဆိုသော သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အနုပညာအသိုင်းများနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းက ဖေ့ဘွတ်ပေ့ချ်တစ်ခုမှ စတင်၍ မြန်မာ့ ဂန္ထဝင် ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ခင်သန်းနု ကွယ်လွန်‌သွား‌ကြောင်း သတင်းများ စတင်ဖော်ပြခဲ့ရာမှ လူမှုကွန်ရက်တခွင်တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
“ ကောလဟာလပါ။ ဒေါ်ခင်သန်းနုကွယ်လွန်တယ်ဆိုတာ မဟုတ်ပါဘူး” ဟု အနုပညာအသိုင်းများနှင့် နီးစပ်သူ တစ်ဦးက NP News သို့ ပြောသည်။
ထို့ကြောင့် ဒေါ်ခင်သန်းနုနှင့်ပတ်သက်၍ သတင်းမှားများ မဖြန့်ဝေကြရန်လည်း ရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
“ဒေါ်ခင်သန်းနု ကွယ်လွန်တယ်ဆိုပြီး သတင်းတွေတက်နေတာ မဟုတ်ပါဘူး။ စောစောကပဲ ရုပ်ရှင်အစည်းအရုံးက ကိုဇော်မင်း(ဟံသာမြေ) ဆက်ပြီး စကားပြောဖြစ်သေးတယ်။ သတင်းမှားတွေ မဖြန့်ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဦးအေးကြူလေးက ရေးသားထားသည်။

Zawgyi Version:
႐ုပ္ရွင္မင္းသမီးႀကီး အကယ္ဒမီ ေဒၚခင္သန္းႏု ကြယ္လြန္သည့္သတင္းမွာ သတင္းအမွားသာျဖစ္

Pearl (NP News) - ႏိုဝင္ဘာ ၂၁

ေဒၚခင္သန္းႏု ကြယ္လြန္သည္ဆိုေသာ သတင္းမွာ သတင္းအမွားသာျဖစ္ေၾကာင္း အႏုပညာအသိုင္းမ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ယေန႔ (ႏိုဝင္ဘာ ၂၁ ရက္) နံနက္ပိုင္းက ေဖ့ဘြတ္ေပ့ခ်္တစ္ခုမွ စတင္၍ ျမန္မာ့ ဂႏၴဝင္ ႐ုပ္ရွင္မင္းသမီးႀကီး အကယ္ဒမီ ေဒၚခင္သန္းႏု ကြယ္လြန္‌သြား‌ေၾကာင္း သတင္းမ်ား စတင္ေဖာ္ျပခဲ့ရာမွ လူမႈကြန္ရက္တခြင္တြင္ ပ်ံ႕ႏွံ႔လာခဲ့ျခင္းျဖစ္သည္။
“ ေကာလဟာလပါ။ ေဒၚခင္သန္းႏုကြယ္လြန္တယ္ဆိုတာ မဟုတ္ပါဘူး” ဟု အႏုပညာအသိုင္းမ်ားႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ ေျပာသည္။
ထို႔ေၾကာင့္ ေဒၚခင္သန္းႏုႏွင့္ပတ္သက္၍ သတင္းမွားမ်ား မျဖန႔္ေဝၾကရန္လည္း ႐ုပ္ရွင္အစည္းအ႐ုံးဒုတိယဥကၠ႒ ဦးေအးၾကဴေလးက ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္ကို ေတြ႕ရသည္။
“ေဒၚခင္သန္းႏု ကြယ္လြန္တယ္ဆိုၿပီး သတင္းေတြတက္ေနတာ မဟုတ္ပါဘူး။ ေစာေစာကပဲ ႐ုပ္ရွင္အစည္းအ႐ုံးက ကိုေဇာ္မင္း(ဟံသာေျမ) ဆက္ၿပီး စကားေျပာျဖစ္ေသးတယ္။ သတင္းမွားေတြ မျဖန႔္ၾကဖို႔ ေမတၱာရပ္ခံပါတယ္” ဟု ဦးေအးၾကဴေလးက ေရးသားထားသည္။

Related news

© 2021. All rights reserved.