MAI လေကြောင်းလိုင်းသည် အချိန်မှန်စွမ်းဆောင်ရည် (OTP) တွင် (၈၂)ရာခိုင်နှုန်း ရှိခဲ့ဟုဆို

 145

စော (NP News) - နိုဝင်ဘာ ၂၁
MAI လေကြောင်းလိုင်းသည် အချိန်မှန်စွမ်းဆောင်ရည် (OTP)တွင် (၈၂)ရာခိုင်နှုန်း ရှိခဲ့ကြောင်း MAI မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
“On-Time Performance(OTP) ဆိုတာ အချိန်မှန်ထွက်နိုင်တယ်။ အချိန်မှန်ရောက်တယ်။ အဲဒီဟာကို တိုင်းတာထားတဲ့ဟာက ကျွန်တော်တို့ Air Line ကပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ (၈၂)ရာခိုင်နှုန်း ရှိတယ်။ ဆိုတော့ အခြားနိုင်ငံတကာ Air Line တွေနဲ့ယှဉ်လိုက်ရင်တော့ (၈၂)ရာခိုင်နှုန်း ဆိုတာ မြင့်တဲ့ထဲမှာပါတယ်” ဟု ၎င်းကပြောသည်။
ခရီးသည်များသည် MAI ကို ခရီးစဉ်တစ်ခုလုံးအတွက်တာဝန်ရှိသူအဖြစ် မှတ်ယူကြသော်လည်း လေကြောင်းလုပ်ငန်းလည်ပတ်ရာတွင် လေဆိပ်အာဏာပိုင်များ၊ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်ကဲ့သို့သော အာဏာပိုင်များ၊ လေကြောင်းထိန်းသိမ်းရေး(ATC)၊ မြေပြင်တွင် ဝန်ဆောင်မှုပေးသူများ၊ လောင်စာပေးသွင်းသူများ၊ အစားအသောက်ပြင်ဆင်ပေးသူများ စသည့်တို့ပေါ် မှီခိုနေရကြောင်း MAI မှ ဆိုသည်။
ထို့ကြောင့် MAI ၏ ထိန်းချုပ်မှုအတွင်းတွင်မရှိသော အကြောင်းရင်းများကြောင့် ခရီးစဉ်အချိန်များ နှောင့်နှေးရခြင်း နှင့် ခရီးဆောင်အိတ်များ ကျန်ရှိခြင်းများဖြစ်ပေါ်တတ်၍ ယင်းတို့အနက် ဆိုးရွားသည့်ရာသီဥတုအခြေအနေများ၊ လေယာဉ်မှူးများအတွက် အသိပေးချက်များ (NOTAMs)၊ လေဆိပ်ပိတ်ခြင်း (သို့) ကန့်သတ်ချက်များကို ဖြစ်ပေါ်စေသောအကြောင်းအရာများ၊ လေကြောင်းအသွားအလာ ပိတ်ဆို့မှုများ၊ လူ၀င်မှူကြီးကြပ်ရေးနှင့် လုံခြုံရေး စစ်ဆေးမှုများတွင် အချိန်ပိုလိုအပ်ခြင်းတို့လည်း ပါဝင်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ပြင် လေကြောင်းလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကြောင့် ခရီးသည်များ အချိန်မီမရောက်ခြင်း (သို့) အာဏာပိုင်များမှ လုံခြုံရေးအရ ခရီးသည်တင်ပစ္စည်းများ ပြန်ချခြင်း၊ ပြင်းထန်သောရာသီဥတုကြောင့် ခရီးစဉ်များ အခြားလေဆိပ်များသို့ လမ်းလွဲဆင်းသက်ရခြင်းတို့ကြောင့် ခရီးစဉ်များ ပျက်ကွက်ရသည့်အခြေအနေများ ရှိတတ်ကြောင်း သိရသည်။
သို့သော် MAI အနေဖြင့် IOSA မှ အသိအမှတ်ပြုထားသည့် လေကြောင်းလိုင်းအဖြစ် On-Time Performance (OTP) တွင် (၈၂)ရာခိုင်နှုန်းကို အစဥ်အမြဲထိန်းသိမ်းထားလျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူလေဆိပ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက်က MAI မှ လေယာဉ်တစ်စီးသည် ခရီးဆောင်အိတ်ပေါင်း(၁၇၀)ခန့် ကျန်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ယင်း ပေါ့ဆမှုသည် မြေပြင်လုပ်ငန်းကို ဝန်ဆောင်မှုပေးသော Ground Handler ကုမ္ပဏီက လေယာဉ်မှူးအား အစီရင်ခံစာကို မှားယွင်းစွာ ပေးပို့လိုက်ခြင်းကြောင့်ဖြစ်ကြောင်း MAIမှ ပြန်လည်ဖြေရှင်းခဲ့ဖူးသည်။
ထို့ပြင် MAI အနေဖြင့် ကုမ္ပဏီ Website နှင့် Facebook စာမျက်နှာထက်တွင် လေကြောင်းလိုင်းနှင့်ပတ်သက်သော အသိပညာဗဟုသုတများကို မျှဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
MAI ေလေၾကာင္းလိုင္းသည္ အခ်ိန္မွန္စြမ္းေဆာင္ရည္ (OTP) တြင္ (၈၂)ရာခိုင္ႏႈန္း ရွိခဲ့ဟုဆို
ေစာ (NP News) - ႏိုဝင္ဘာ ၂၁
MAI ေလေၾကာင္းလိုင္းသည္ အခ်ိန္မွန္စြမ္းေဆာင္ရည္ (OTP)တြင္ (၈၂)ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း MAI မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
“On-Time Performance(OTP) ဆိုတာ အခ်ိန္မွန္ထြက္ႏိုင္တယ္။ အခ်ိန္မွန္ေရာက္တယ္။ အဲဒီဟာကို တိုင္းတာထားတဲ့ဟာက ကြၽန္ေတာ္တို႔ Air Line ကၿပီးခဲ့တဲ့ တစ္ႏွစ္လုံးမွာ (၈၂)ရာခိုင္ႏႈန္း ရွိတယ္။ ဆိုေတာ့ အျခားႏိုင္ငံတကာ Air Line ေတြနဲ႔ယွဥ္လိုက္ရင္ေတာ့ (၈၂)ရာခိုင္ႏႈန္း ဆိုတာ ျမင့္တဲ့ထဲမွာပါတယ္” ဟု ၎ကေျပာသည္။
ခရီးသည္မ်ားသည္ MAI ကို ခရီးစဥ္တစ္ခုလုံးအတြက္တာဝန္ရွိသူအျဖစ္ မွတ္ယူၾကေသာ္လည္း ေလေၾကာင္းလုပ္ငန္းလည္ပတ္ရာတြင္ ေလဆိပ္အာဏာပိုင္မ်ား၊ လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ အေကာက္ခြန္ကဲ့သို႔ေသာ အာဏာပိုင္မ်ား၊ ေလေၾကာင္းထိန္းသိမ္းေရး(ATC)၊ ေျမျပင္တြင္ ဝန္ေဆာင္မႈေပးသူမ်ား၊ ေလာင္စာေပးသြင္းသူမ်ား၊ အစားအေသာက္ျပင္ဆင္ေပးသူမ်ား စသည့္တို႔ေပၚ မွီခိုေနရေၾကာင္း MAI မွ ဆိုသည္။
ထို႔ေၾကာင့္ MAI ၏ ထိန္းခ်ဳပ္မႈအတြင္းတြင္မရွိေသာ အေၾကာင္းရင္းမ်ားေၾကာင့္ ခရီးစဥ္အခ်ိန္မ်ား ေႏွာင့္ေႏွးရျခင္း ႏွင့္ ခရီးေဆာင္အိတ္မ်ား က်န္ရွိျခင္းမ်ားျဖစ္ေပၚတတ္၍ ယင္းတို႔အနက္ ဆိုး႐ြားသည့္ရာသီဥတုအေျခအေနမ်ား၊ ေလယာဥ္မႉးမ်ားအတြက္ အသိေပးခ်က္မ်ား (NOTAMs)၊ ေလဆိပ္ပိတ္ျခင္း (သို႔) ကန႔္သတ္ခ်က္မ်ားကို ျဖစ္ေပၚေစေသာအေၾကာင္းအရာမ်ား၊ ေလေၾကာင္းအသြားအလာ ပိတ္ဆို႔မႈမ်ား၊ လူ၀င္မႉႀကီးၾကပ္ေရးႏွင့္ လုံၿခဳံေရး စစ္ေဆးမႈမ်ားတြင္ အခ်ိန္ပိုလိုအပ္ျခင္းတို႔လည္း ပါဝင္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ျပင္ ေလေၾကာင္းလုပ္ငန္းဆိုင္ရာ လိုအပ္ခ်က္မ်ားေၾကာင့္ ခရီးသည္မ်ား အခ်ိန္မီမေရာက္ျခင္း (သို႔) အာဏာပိုင္မ်ားမွ လုံၿခဳံေရးအရ ခရီးသည္တင္ပစၥည္းမ်ား ျပန္ခ်ျခင္း၊ ျပင္းထန္ေသာရာသီဥတုေၾကာင့္ ခရီးစဥ္မ်ား အျခားေလဆိပ္မ်ားသို႔ လမ္းလြဲဆင္းသက္ရျခင္းတို႔ေၾကာင့္ ခရီးစဥ္မ်ား ပ်က္ကြက္ရသည့္အေျခအေနမ်ား ရွိတတ္ေၾကာင္း သိရသည္။
သို႔ေသာ္ MAI အေနျဖင့္ IOSA မွ အသိအမွတ္ျပဳထားသည့္ ေလေၾကာင္းလိုင္းအျဖစ္ On-Time Performance (OTP) တြင္ (၈၂)ရာခိုင္ႏႈန္းကို အစဥ္အၿမဲထိန္းသိမ္းထားလ်က္ရွိေၾကာင္း သိရသည္။
မေလးရွားႏိုင္ငံ ၊ ကြာလာလမ္ပူေလဆိပ္တြင္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၁၀ရက္က MAI မွ ေလယာဥ္တစ္စီးသည္ ခရီးေဆာင္အိတ္ေပါင္း(၁၇၀)ခန႔္ က်န္ခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီးေနာက္ ယင္း ေပါ့ဆမႈသည္ ေျမျပင္လုပ္ငန္းကို ဝန္ေဆာင္မႈေပးေသာ Ground Handler ကုမၸဏီက ေလယာဥ္မႉးအား အစီရင္ခံစာကို မွားယြင္းစြာ ေပးပို႔လိုက္ျခင္းေၾကာင့္ျဖစ္ေၾကာင္း MAIမွ ျပန္လည္ေျဖရွင္းခဲ့ဖူးသည္။
ထို႔ျပင္ MAI အေနျဖင့္ ကုမၸဏီ Website ႏွင့္ Facebook စာမ်က္ႏွာထက္တြင္ ေလေၾကာင္းလိုင္းႏွင့္ပတ္သက္ေသာ အသိပညာဗဟုသုတမ်ားကို မွ်ေဝေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.