မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

5726

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy) ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(နိုဝင်ဘာ ၂၁ ရက်) က ဂျပန်ဝန်ကြီးချုပ် Mrs. Takarchi ၏ ထိုင်ဝမ်အရေးနဲ့ပတ်သက်၍ပြောကြားချက်အပေါ် မီဒီယာများက မေးမြန်းစဉ် အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဂျပန်ဝန်ကြီးချုပ်အသစ်ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောကြားချက်များကို ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားရပ်တည်ချက်ကတော့ (၁) မြန်မာနိုင်ငံအစိုးရဟာ တရုတ်နိုင်ငံရဲ့တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Plicy) အပေါ် မြန်မာနိုင်ငံက ခိုင်မာစွာထောက်ခံရပ်တည်လျက်ရှိကြောင်းကို မြန်မာနိုင်ငံယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံရချိန်တိုင်းမှာ ထပ်လောင်းအတည်ပြု ခိုင်မာစွာ ပြောကြားခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး မဟာဗျူဟာမိတ်ဖက်နိုင်ငံများနှင့် အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်နေသော နိုင်ငံများဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“နံပါတ်(၂) အချက်အနေနဲ့ကတော့ တရုတ်-မြန်မာ (၂) နိုင်ငံဟာ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး မဟာဗျူဟာမိတ်ဖက်နိုင်ငံများနဲ့ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်နေတဲ့ နိုင်ငံများဖြစ်ပါတယ်။
ဒီအချက်အပေါ်မှာ မြန်မာနိုင်ငံက အထူးအလေးထား တန်ဖိုးထားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အလားတူ မြန်မာအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်၏ ပထမအချက်ပါအတိုင်း တရုတ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အချာအာဏာပိုင်ဆိုင်မှုအပေါ်လေးစားပြီး မကောင်းအချက်ပေါ်ကာကွယ်ခြင်းကို ထောက်ခံကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“နံပါတ်(၃) အချက်အနေနဲ့ကတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ရဲ့ပထမအချက်ပါအတိုင်း တရုတ်နိုင်ငံရဲ့နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုအပေါ်မှာ မြန်မာက လေးစားပြီး မကောင်းအချက်အပေါ်မှာ ကာကွယ်ခြင်းကို မြန်မာက အစဉ်အမြဲထောက်ခံရပ်တည်လျက်ရှိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Zawgyi Version:
ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒကို ခိုင္မာစြာ ေထာက္ခံရပ္တည္လ်က္ရွိဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၁
ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒ(One China Policy) ကို ခိုင္မာစြာ ေထာက္ခံရပ္တည္လ်က္ရွိေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(ႏိုဝင္ဘာ ၂၁ ရက္) က ဂ်ပန္ဝန္ႀကီးခ်ဳပ္ Mrs. Takarchi ၏ ထိုင္ဝမ္အေရးနဲ႔ပတ္သက္၍ေျပာၾကားခ်က္အေပၚ မီဒီယာမ်ားက ေမးျမန္းစဥ္ အထက္ပါကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္ရဲ႕ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီးေျပာၾကားခ်က္မ်ားကို ကြၽန္ေတာ္တို႔အေနနဲ႔ ႏိုင္ငံတကာမီဒီယာေတြမွာ ေတြ႕လိုက္ရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံရဲ႕သေဘာထားရပ္တည္ခ်က္ကေတာ့ (၁) ျမန္မာႏိုင္ငံအစိုးရဟာ တ႐ုတ္ႏိုင္ငံရဲ႕တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒ (One China Policy) ကို ခိုင္မာစြာ ေထာက္ခံရပ္တည္လ်က္ရွိပါတယ္။ တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒ (One China Plicy) အေပၚ ျမန္မာႏိုင္ငံက ခိုင္မာစြာေထာက္ခံရပ္တည္လ်က္ရွိေၾကာင္းကို ျမန္မာႏိုင္ငံယာယီသမၼတ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တ႐ုတ္ႏိုင္ငံေခါင္းေဆာင္မ်ားနဲ႔ေတြ႕ဆုံရခ်ိန္တိုင္းမွာ ထပ္ေလာင္းအတည္ျပဳ ခိုင္မာစြာ ေျပာၾကားခဲ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
ထို႔ျပင္ တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံတို႔သည္ မိတ္ေဆြေကာင္းႏိုင္ငံမ်ားျဖစ္ၿပီး မဟာဗ်ဴဟာမိတ္ဖက္ႏိုင္ငံမ်ားႏွင့္ ေအးအတူပူအမွ် အသိုက္အဝန္းကို တည္ေဆာက္ေနေသာ ႏိုင္ငံမ်ားျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“နံပါတ္(၂) အခ်က္အေနနဲ႔ကေတာ့ တ႐ုတ္-ျမန္မာ (၂) ႏိုင္ငံဟာ အိမ္နီးခ်င္းမိတ္ေဆြေကာင္းႏိုင္ငံမ်ားျဖစ္ၿပီး မဟာဗ်ဴဟာမိတ္ဖက္ႏိုင္ငံမ်ားနဲ႔ ေအးအတူပူအမွ်အသိုက္အဝန္းကို တည္ေဆာက္ေနတဲ့ ႏိုင္ငံမ်ားျဖစ္ပါတယ္။
ဒီအခ်က္အေပၚမွာ ျမန္မာႏိုင္ငံက အထူးအေလးထား တန္ဖိုးထားပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
အလားတူ ျမန္မာအေနျဖင့္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူႀကီး (၅)ခ်က္၏ ပထမအခ်က္ပါအတိုင္း တ႐ုတ္ႏိုင္ငံ၏ နယ္ေျမတည္တံ့ခိုင္ၿမဲမႈႏွင့္ အခ်ဳပ္အခ်ာအာဏာပိုင္ဆိုင္မႈအေပၚေလးစားၿပီး မေကာင္းအခ်က္ေပၚကာကြယ္ျခင္းကို ေထာက္ခံေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“နံပါတ္(၃) အခ်က္အေနနဲ႔ကေတာ့ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူႀကီး (၅)ခ်က္ရဲ႕ပထမအခ်က္ပါအတိုင္း တ႐ုတ္ႏိုင္ငံရဲ႕နယ္ေျမတည္တံ့ခိုင္ၿမဲမႈနဲ႔ အခ်ဳပ္အခ်ာအာဏာပိုင္ဆိုင္မႈအေပၚမွာ ျမန္မာက ေလးစားၿပီး မေကာင္းအခ်က္အေပၚမွာ ကာကြယ္ျခင္းကို ျမန္မာက အစဥ္အၿမဲေထာက္ခံရပ္တည္လ်က္ရွိပါေၾကာင္း သေဘာထားထုတ္ျပန္အပ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။