ရန်ကုန်တွင် အဝေးသင် နှင့် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူ ပမာဏ တိုးလာ

319

သုတကျော် (NP News) - နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များတွင် တက္ကသိုလ်ပညာရေးကို စိတ်ဝင်စားသူအရေအတွက် ပြန်လည်မြင့်တက်လာပြီး အဝေးသင်နှင့် နေ့သင်တန်းကျောင်းသား၊ကျောင်းသူ ပမာဏ တိုးလာလာကြောင်း အဆင့်မြင့်ပညာရေးဝန်ထမ်းများထံ NP News က ဆက်သွယ်မေးမြန်းထားသောအချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ နိုင်ငံရေးဖြစ်စဉ်များအပြီးတွင် အကြမ်းဖက်အားပေးသူများ၏ ခြိမ်းခြောက်မှုဗကြာင့် ကျောင်းသား၊ ကျောင်းသူအရေအတွက် ကျဆင်းခဲ့သော်လည်း ယခုအခါ ပြန်လည် မြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရသည်။
“အဝေးသင်က များတယ်။ ဒီနှစ်ဆို သုံးဆလောက် ဖြစ်တယ်။ နေ့သင်တန်းက မနှစ်က အထိ ကျတယ်။ ဒါပေမယ့် ဒီနှစ်မှာ ရာခိုင်နှုန်းက ပြန်တက်လာတယ်။ နေ့သင်တန်းတွေကလည်း တက်တဲ့သူအရေအတွက် ပြန်တက်လာ တယ်။ ဒါပေမယ့် ဟိုးအရင်တုန်းကနဲ့စာရင်တော့ အများကြီးလို့ ပြောလို့မရဘူး” ဟု ကထိက တစ်ဦးက ဆိုသည်။
နေ့သင်တန်းအရေအတွက် ပြန်လည်မြင့်တက်နေပြီး အဝေးသင်ကျောင်းကျောင်းသား၊ကျောင်းသူအရေအတွက်မှာ ပိုတက်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက အတည်ပြုပြောကြားသည်။
“အဝေးသင်မှာ ထူးခြားချက်တစ်ခုက ဒီနှစ် အဝေးသင်စာမေးပွဲတွေမှာ ပျက်ကွက်က နည်းနည်းပဲ ရှိတယ်။ ဟိုအရင် တုန်းက လာမဖြေတာများတယ်။ ဒီနှစ်က ၁ဝဝ ကျောင်းအပ်ထားရင် ၉ဝ လောက် လာဖြေတယ်။ ပျက်ကွက် တော်တော်နည်းသွားတယ်။ ဒီနှစ် အတွက် ထူးခြားချက်ပေါ့” ဟု ၎င်းက ရှင်းပြသည်။
ပဋိပက္ခကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးသူများလည်း ရှိနေကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
“ရခိုင်က ကလေးတွေ ဆိုရင် ဆက်ကို မဖြေနိုင်တော့တာ ရှိတယ်။ ရိုးပေါ်၊ တောင်ကျော်ပြီး ရောက်လာတဲ့ ကလေး က ဖြေနိုင်တယ်။ တော်တော်များများ က မဖြေနိုင်တော့ဘူး။ မလာနိုင်တဲ့ ကလေးတွေက များတယ်။ ရိုးမ ကျော်လာရမှာကိုး” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ရန္ကုန္တြင္ အေဝးသင္ ႏွင့္ ေန႔သင္တန္း ေက်ာင္းသား၊ ေက်ာင္းသူ ပမာဏ တိုးလာ
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၂
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တကၠသိုလ္မ်ားတြင္ တကၠသိုလ္ပညာေရးကို စိတ္ဝင္စားသူအေရအတြက္ ျပန္လည္ျမင့္တက္လာၿပီး အေဝးသင္ႏွင့္ ေန႔သင္တန္းေက်ာင္းသား၊ေက်ာင္းသူ ပမာဏ တိုးလာလာေၾကာင္း အဆင့္ျမင့္ပညာေရးဝန္ထမ္းမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားေသာအခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၁ ႏိုင္ငံေရးျဖစ္စဥ္မ်ားအၿပီးတြင္ အၾကမ္းဖက္အားေပးသူမ်ား၏ ၿခိမ္းေျခာက္မႈဗၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူအေရအတြက္ က်ဆင္းခဲ့ေသာ္လည္း ယခုအခါ ျပန္လည္ ျမင့္တက္လာေနျခင္းျဖစ္ေၾကာင္း သိရသည္။
“အေဝးသင္က မ်ားတယ္။ ဒီႏွစ္ဆို သုံးဆေလာက္ ျဖစ္တယ္။ ေန႔သင္တန္းက မႏွစ္က အထိ က်တယ္။ ဒါေပမယ့္ ဒီႏွစ္မွာ ရာခိုင္ႏႈန္းက ျပန္တက္လာတယ္။ ေန႔သင္တန္းေတြကလည္း တက္တဲ့သူအေရအတြက္ ျပန္တက္လာ တယ္။ ဒါေပမယ့္ ဟိုးအရင္တုန္းကနဲ႔စာရင္ေတာ့ အမ်ားႀကီးလို႔ ေျပာလို႔မရဘူး” ဟု ကထိက တစ္ဦးက ဆိုသည္။
ေန႔သင္တန္းအေရအတြက္ ျပန္လည္ျမင့္တက္ေနၿပီး အေဝးသင္ေက်ာင္းေက်ာင္းသား၊ေက်ာင္းသူအေရအတြက္မွာ ပိုတက္ေနျခင္းျဖစ္ေၾကာင္းလည္း ၎က အတည္ျပဳေျပာၾကားသည္။
“အေဝးသင္မွာ ထူးျခားခ်က္တစ္ခုက ဒီႏွစ္ အေဝးသင္စာေမးပြဲေတြမွာ ပ်က္ကြက္က နည္းနည္းပဲ ရွိတယ္။ ဟိုအရင္ တုန္းက လာမေျဖတာမ်ားတယ္။ ဒီႏွစ္က ၁ဝဝ ေက်ာင္းအပ္ထားရင္ ၉ဝ ေလာက္ လာေျဖတယ္။ ပ်က္ကြက္ ေတာ္ေတာ္နည္းသြားတယ္။ ဒီႏွစ္ အတြက္ ထူးျခားခ်က္ေပါ့” ဟု ၎က ရွင္းျပသည္။
ပဋိပကၡေၾကာင့္ ပညာသင္ၾကားခြင့္ ဆုံးရႈံးသူမ်ားလည္း ရွိေနေၾကာင္း ပညာေရးဝန္ထမ္းတစ္ဦးက ဆိုသည္။
“ရခိုင္က ကေလးေတြ ဆိုရင္ ဆက္ကို မေျဖႏိုင္ေတာ့တာ ရွိတယ္။ ႐ိုးေပၚ၊ ေတာင္ေက်ာ္ၿပီး ေရာက္လာတဲ့ ကေလး က ေျဖႏိုင္တယ္။ ေတာ္ေတာ္မ်ားမ်ား က မေျဖႏိုင္ေတာ့ဘူး။ မလာႏိုင္တဲ့ ကေလးေတြက မ်ားတယ္။ ႐ိုးမ ေက်ာ္လာရမွာကိုး” ဟု ၎က ေျပာသည္။