LNG ဓါတ်ငွေ့သင်္ဘောရောက်ရှိလာပြီး လျှပ်စစ်ထုတ်မည့်သင်္ဘောကို ဓါတ်ငွေ့ဖြည့်တင်းပေးနေ

 270

NP News - နိုဝင်ဘာ ၂၂

Liquified Natural Gas (LNG) အပြည့်သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘောသည် MCV Terminal သို့ ထပ်မံရောက်ရှိလာခဲ့ပြီး အဆိုပါသင်္ဘောသည် ထိုနေရာ၌ ဆိုက်ကပ်ထားသည့် အဆင့်မြင့်နည်းပညာသုံး ဓာတ်ငွေ့သိုလှောင်သင်္ဘော (FSO - Floating Storage and Offloading) ဖြစ်သော MV CNTIC VPOWER ENERGY သင်္ဘောအတွင်းသို့ ဓာတ်ငွေ့များကို ဖြည့်တင်းပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုရောက်ရှိလာသည့် MT DAPENG PRINCESS ကို ကမ်းကပ်ပေးပြီးဖြစ်သည့်အတွက် CVE ထဲသို့ သဘာဝဓာတ်ငွေ့ကို ကူးပြောင်းပေးပို့ပြီးပါက မကြာမီအချိန်အတွင်း လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်တော့မှာ ဖြစ်တယ်လို့လည်း သိရသည်။
“LNG သင်္ဘောကြီး ရောက်တာတော့ ကြားထားတယ်။ ရန်ကုန်က မြို့နယ်အချို့နဲ့ စက်မှုဇုန်တွေကို မီးပေးဖို့လို့တော့ သိထားပါတယ်။ ဘယ်လိုပုံစံနဲ့ မီးပေးမလဲဆိုတာ အတိအကျကတော့ မသိသေးပါဘူး” ဟု မြို့နယ်လျှပ်စစ်ဌာနတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့ CNTIC (China National Technical Import and Export Corporation) နှင့် Hong Kong V-Power ကုမ္ပဏီတို့မှ ပိုင်ဆိုင်သည့် MV CNTIC VPOWER ENERGY သင်္ဘောဟာလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်က ရန်ကုန် သီလဝါဆိပ်ကမ်းကိုရောက်ရှိထားပြီး သီလဝါ (သန်လျင်) က ဓာတ်အားပေးစက်ရုံမှာ စမ်းသပ်လည်ပတ်နေပြီဟု စက်မှုဇုန်လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။
အဆိုပါ သင်္ဘောကြီးမှ ရရှိလာမည့် ဓါတ်အားများကို ရန်ကုန်တိုင်းဒေသကြီးမှာရှိသည့် စက်မှုဇုန် ၂၀ ကျော်ကို လျှပ်စစ်မီးပေးနိုင်မည်ဟု သိရပြီး ကနဦးအနေဖြင့် ရန်ကုန်ရှိ အလုံ၊ သန်လျင်နှင့် သာကေတမြို့နယ်တို့ကို လျှပ်စစ်မီးပေးဖို့ ရည်ရွယ်ထားကြောင်းစက်မှုဇုန်အသိုင်းအဝိုင်းမှ သိရသည်။

Zawgyi Version:
LNG ဓါတ္ေငြ႕သေဘၤာေရာက္ရွိလာၿပီး လွ်ပ္စစ္ထုတ္မည့္သေဘၤာကို ဓါတ္ေငြ႕ျဖည့္တင္းေပးေန
NP News - ႏိုဝင္ဘာ ၂၂
Liquified Natural Gas (LNG) အျပည့္သယ္ေဆာင္လာသည့္ MT DAPENG PRINCESS သေဘၤာသည္ MCV Terminal သို႔ ထပ္မံေရာက္ရွိလာခဲ့ၿပီး အဆိုပါသေဘၤာသည္ ထိုေနရာ၌ ဆိုက္ကပ္ထားသည့္ အဆင့္ျမင့္နည္းပညာသုံး ဓာတ္ေငြ႕သိုေလွာင္သေဘၤာ (FSO - Floating Storage and Offloading) ျဖစ္ေသာ MV CNTIC VPOWER ENERGY သေဘၤာအတြင္းသို႔ ဓာတ္ေငြ႕မ်ားကို ျဖည့္တင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။
ယခုေရာက္ရွိလာသည့္ MT DAPENG PRINCESS ကို ကမ္းကပ္ေပးၿပီးျဖစ္သည့္အတြက္ CVE ထဲသို႔ သဘာဝဓာတ္ေငြ႕ကို ကူးေျပာင္းေပးပို႔ၿပီးပါက မၾကာမီအခ်ိန္အတြင္း လွ်ပ္စစ္ဓာတ္အားကို ထုတ္ေပးႏိုင္ေတာ့မွာ ျဖစ္တယ္လို႔လည္း သိရသည္။
“LNG သေဘၤာႀကီး ေရာက္တာေတာ့ ၾကားထားတယ္။ ရန္ကုန္က ၿမိဳ႕နယ္အခ်ိဳ႕နဲ႔ စက္မႈဇုန္ေတြကို မီးေပးဖို႔လို႔ေတာ့ သိထားပါတယ္။ ဘယ္လိုပုံစံနဲ႔ မီးေပးမလဲဆိုတာ အတိအက်ကေတာ့ မသိေသးပါဘူး” ဟု ၿမိဳ႕နယ္လွ်ပ္စစ္ဌာနတစ္ခုရဲ႕တာဝန္ရွိသူတစ္ဦးက ေျပာသည္။
သဘာဝဓာတ္ေငြ႕ရည္ (Liquefied Natural Gas -LNG) ကေန လွ်ပ္စစ္စြမ္းအင္ထုတ္လုပ္ေပးႏိုင္တဲ့ CNTIC (China National Technical Import and Export Corporation) ႏွင့္ Hong Kong V-Power ကုမၸဏီတို႔မွ ပိုင္ဆိုင္သည့္ MV CNTIC VPOWER ENERGY သေဘၤာဟာလည္း ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၄ ရက္က ရန္ကုန္ သီလဝါဆိပ္ကမ္းကိုေရာက္ရွိထားၿပီး သီလဝါ (သန္လ်င္) က ဓာတ္အားေပးစက္႐ုံမွာ စမ္းသပ္လည္ပတ္ေနၿပီဟု စက္မႈဇုန္လုပ္ငန္း အသိုင္းအဝိုင္းမွ သိရသည္။
အဆိုပါ သေဘၤာႀကီးမွ ရရွိလာမည့္ ဓါတ္အားမ်ားကို ရန္ကုန္တိုင္းေဒသႀကီးမွာရွိသည့္ စက္မႈဇုန္ ၂၀ ေက်ာ္ကို လွ်ပ္စစ္မီးေပးႏိုင္မည္ဟု သိရၿပီး ကနဦးအေနျဖင့္ ရန္ကုန္ရွိ အလုံ၊ သန္လ်င္ႏွင့္ သာေကတၿမိဳ႕နယ္တို႔ကို လွ်ပ္စစ္မီးေပးဖို႔ ရည္႐ြယ္ထားေၾကာင္းစက္မႈဇုန္အသိုင္းအဝိုင္းမွ သိရသည္။

Related news

© 2021. All rights reserved.