ပြည်ပသို့ ပဲတင်ပို့ပြီး ပို့ကုန်ရငွေ ဗဟိုဘဏ်သို့ ပြန်မသွင်းသည့် လူနှင့်ကုမ္ပဏီများအား ဖမ်းဆီးအရေးယူ

 23056

NP News - နိုဝင်ဘာ ၂၂

ပြည်ပသို့ ပဲတင်ပိုပြီး ပိုကုန်ရငွေများကို ဗဟိုဘဏ်သို့ ပြန်မသွင်းသည့်အပြင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့် စာသားများ ရေးသားဖော်ပြခြင်းများ ဆောင်ရွက်ခဲ့သည် လူပုဂ္ဂိုလ် ရှစ်ဦးနှင့် ကုမ္ပဏီများကို သက်ဆိုင်ရာကဖမ်းဆီးအရေးယူထားကြောင်း ထုတ်ပြန်သည်။
စီးပွားရေးလုပ်ငန်းရှင်အချို့မှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏ စီးပွားရေးနှင့် ငွေကြေးမူဝါဒများကို က‌မောက်ကမဖြစ်စေရန်ရည်ရွယ်၍ မသမာသည့်နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက သတင်းရရှိခဲ့ပြီး ၎င်းတို့အား ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စုံစမ်းဖော်ထုတ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒို အမှတ် (၈၀၃-ဘီ) ၌ ရုံးခန်းဖွင့်လှစ်ထားသည့် Maha Nadi International Co.,Ltd. မှ ဒါရိုက်တာများဖြစ်သော ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်စန်းသီတို့သည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ (၄၂) သန်း ကျော်တန်ဖိုးရှိ မတ်ပဲများ တင်ပို့ခဲ့ပြီး နိုင်ငံတော်သို့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ပြန်လည်ပေးသွင်းရန် ကျန်ရှိလျက်ရှိကြောင်း သိရသည်။
ထို့အတူ ဦးဟင်နရီခင်မောင်နှင့် ဒေါ်ဖြူဖြူဇင်တို့ နှစ်ဦးအမည်ဖြင့် တည်ထောင်ထားသည့် RK Shipping and Trading Co.,Ltd. အနေဖြင့်လည်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကျော်တန်ဖိုးရှိ မတ်ပဲများ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ သန်းကျော်မှာ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခဲ့ခြင်းမရှိကြောင်း သိရသည်။
ဦးဟင်နရီခင်မောင်သည် သားဖြစ်သူ ဦးရဲမင်းလွင်နှင့် ခင်မင်ရင်းနှီးသည့် ဦးဗိုဗိုသန့်၏ Taw Thar Gyi Co.,Ltd. အမည်ခံ၍ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုးရှိ မတ်ပဲနှင့် ပဲစင်းငုံများကို တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းကျော်မှာ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန်ကျန်ရှိနေကြောင်း၊ ထို့အတူ ဦးရဲမင်းလွင်သည် Ocean Lion King Co.,Ltd. အမည်ကိုအသုံးပြု၍ ပဲမျိုးစုံတင်ပို့လျက်ရှိကြောင်း သတင်းရရှိသဖြင့် ထပ်မံစိစစ်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် အတွင်း ပြည်ပသို့အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်တန်ဖိုးရှိ မတ်ပဲများကို တင်ပို့ခဲ့ပြီး နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းရန် ကျန်ရှိလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဦးရဲမင်းလွင်သည် နိုင်ငံတော်သို့ ပို့ကုန်ရငွေများ ပြန်လည်ပေးသွင်းမှုမရှိသောကြောင့် ၎င်း၏ ကုမ္ပဏီများအား ပို့ကုန်/သွင်းကုန် လိုင်စင်ပိတ်သိမ်းခံရမှုအပေါ် ကျေနပ်မှုမရှိသဖြင့် ပဲမျိုးစုံရောင်းဝယ်သည့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကုန်သည်များ၊ ပွဲစားများ၊ တောင်သူများ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် Online Pulses Myanmar Association အမည်ရှိ Viber Group ၌ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့် စာသားများ ရေးသားဖော်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ပသို့ပို့ကုန်များတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ခြင်းမရှိခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများဖြစ်သည့် ဦးရဲမင်းလွင် (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်ကွန်သီ (ထွက်ပြေးတိမ်းရှောင်) ၊ ဒေါ်ဖြူဖြူဇင် (ထွက်ပြေးတိမ်းရှောင်)၊ ဒေါ်မြင့်မြင့်လှိုင် (ဖမ်းမိ)၊ ဒေါ်ခင်စန်းသီ (ဖမ်းမိ)၊ ဦးဟင်နရီခင်မောင် (ဖမ်းမိ)၊ ဦးဗိုဗိုသန့် (ဖမ်းမိ) နှင့် ဦးဌေးကို (ထွက်ပြေးတိမ်းရှောင်) တို့ ရှစ်ဦးနှင့် အသင်းမှ တာဝန်ရှိသူများကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သူ ဦးရဲမင်းလွင် (ထွက်ပြေးတိမ်းရှောင်) တို့အပေါ် ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအလိုက် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သို့ ပေးသွင်းရမည့် ပို့ကုန်ရငွေများကိုပေးသွင်းရန် ပျက်ကွက်ခဲ့သည့်အပြင် ရရှိသည့် ပို့ကုန်ရငွေများအား ဖျောက်ဖျက်ဆောင်ရွက်ထားကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရ၍  ၎င်းတို့၏ ပိုင်ဆိုင်မှုများအပေါ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နိုင်ငံတော်၏ စီးပွားရေးနှင့် ငွေကြေးမူဝါဒများ တည်ငြိမ်စေရေးအတွက် ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရန် ပျက်ကွက်သည့်အခြား ကုမ္ပဏီများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

Zawgyi Version:
ျပည္ပသို႔ ပဲတင္ပို႔ၿပီး ပို႔ကုန္ရေငြ ဗဟိုဘဏ္သို႔ ျပန္မသြင္းသည့္ လူႏွင့္ကုမၸဏီမ်ားအား ဖမ္းဆီးအေရးယူ
NP News - ႏိုဝင္ဘာ ၂၂
ျပည္ပသို႔ ပဲတင္ပိုၿပီး ပိုကုန္ရေငြမ်ားကို ဗဟိုဘဏ္သို႔ ျပန္မသြင္းသည့္အျပင္ ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံ၊ ေျပာင္းႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ တာဝန္ရွိသူမ်ားကို ႐ုန႔္ရင္းၾကမ္းတမ္းစြာ ဆဲဆိုျခင္း၊ အသက္အႏၲရာယ္ၿခိမ္းေျခာက္သည့္ စာသားမ်ား ေရးသားေဖာ္ျပျခင္းမ်ား ေဆာင္႐ြက္ခဲ့သည္ လူပုဂၢိဳလ္ ရွစ္ဦးႏွင့္ ကုမၸဏီမ်ားကို သက္ဆိုင္ရာကဖမ္းဆီးအေရးယူထားေၾကာင္း ထုတ္ျပန္သည္။
စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕မွာ ၎တို႔၏ ကိုယ္က်ိဳးစီးပြားကိုသာေရွးရႈၿပီး ႏိုင္ငံေတာ္၏ စီးပြားေရးႏွင့္ ေငြေၾကးမူဝါဒမ်ားကို က‌ေမာက္ကမျဖစ္ေစရန္ရည္႐ြယ္၍ မသမာသည့္နည္းလမ္းမ်ားျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း တာဝန္ရွိသူမ်ားက သတင္းရရွိခဲ့ၿပီး ၎တို႔အား ေဖာ္ထုတ္အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
စုံစမ္းေဖာ္ထုတ္ခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီး ဗဟန္းၿမိဳ႕နယ္ ကမာၻေအးဘုရားလမ္း ပုလဲကြန္ဒို အမွတ္ (၈၀၃-ဘီ) ၌ ႐ုံးခန္းဖြင့္လွစ္ထားသည့္ Maha Nadi International Co.,Ltd. မွ ဒါ႐ိုက္တာမ်ားျဖစ္ေသာ ဦးရဲမင္းလြင္၊ ေဒၚကြန္သီ၊ ေဒၚျဖဴျဖဴဇင္၊ ေဒၚျမင့္ျမင့္လႈိင္ႏွင့္ ေဒၚခင္စန္းသီတို႔သည္ ၂၀၂၂ ခုႏွစ္မွ ၂၀၂၄ ခုႏွစ္အတြင္း ျပည္ပသို႔ အေမရိကန္ေဒၚလာ (၄၂) သန္း ေက်ာ္တန္ဖိုးရွိ မတ္ပဲမ်ား တင္ပို႔ခဲ့ၿပီး ႏိုင္ငံေတာ္သို႔ ပို႔ကုန္ရေငြ အေမရိကန္ေဒၚလာသန္း ၄၀ ေက်ာ္ ျပန္လည္ေပးသြင္းရန္ က်န္ရွိလ်က္ရွိေၾကာင္း သိရသည္။
ထို႔အတူ ဦးဟင္နရီခင္ေမာင္ႏွင့္ ေဒၚျဖဴျဖဴဇင္တို႔ ႏွစ္ဦးအမည္ျဖင့္ တည္ေထာင္ထားသည့္ RK Shipping and Trading Co.,Ltd. အေနျဖင့္လည္း ၂၀၂၂ ခုႏွစ္မွ ၂၀၂၄ ခုႏွစ္အတြင္း ျပည္ပသို႔ အေမရိကန္ေဒၚလာ ၅ ဒသမ ၅ သန္းေက်ာ္တန္ဖိုးရွိ မတ္ပဲမ်ား တင္ပို႔ခဲ့ၿပီး အေမရိကန္ ေဒၚလာ ၂ သန္းေက်ာ္မွာ ႏိုင္ငံေတာ္သို႔ ျပန္လည္ေပးသြင္းခဲ့ျခင္းမရွိေၾကာင္း သိရသည္။
ဦးဟင္နရီခင္ေမာင္သည္ သားျဖစ္သူ ဦးရဲမင္းလြင္ႏွင့္ ခင္မင္ရင္းႏွီးသည့္ ဦးဗိုဗိုသန႔္၏ Taw Thar Gyi Co.,Ltd. အမည္ခံ၍ ၂၀၂၄ ခုႏွစ္အတြင္း ျပည္ပသို႔ အေမရိကန္ ေဒၚလာ ၁၀ သန္းေက်ာ္တန္ဖိုးရွိ မတ္ပဲႏွင့္ ပဲစင္းငုံမ်ားကို တင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြအေမရိကန္ေဒၚလာ ၉ ဒသမ ၃ သန္းေက်ာ္မွာ ႏိုင္ငံေတာ္သို႔ ျပန္လည္ေပးသြင္းရန္က်န္ရွိေနေၾကာင္း၊ ထို႔အတူ ဦးရဲမင္းလြင္သည္ Ocean Lion King Co.,Ltd. အမည္ကိုအသုံးျပဳ၍ ပဲမ်ိဳးစုံတင္ပို႔လ်က္ရွိေၾကာင္း သတင္းရရွိသျဖင့္ ထပ္မံစိစစ္ခဲ့ရာ ၂၀၂၂ ခုႏွစ္မွ ၂၀၂၄ ခုႏွစ္ အတြင္း ျပည္ပသို႔အေမရိကန္ေဒၚလာ ၁ ဒသမ ၆ သန္းေက်ာ္တန္ဖိုးရွိ မတ္ပဲမ်ားကို တင္ပို႔ခဲ့ၿပီး ႏိုင္ငံေတာ္သို႔ ပို႔ကုန္ရေငြမ်ား ျပန္လည္ေပးသြင္းရန္ က်န္ရွိလ်က္ရွိေၾကာင္း သိရသည္။
ထို႔အျပင္ ဦးရဲမင္းလြင္သည္ ႏိုင္ငံေတာ္သို႔ ပို႔ကုန္ရေငြမ်ား ျပန္လည္ေပးသြင္းမႈမရွိေသာေၾကာင့္ ၎၏ ကုမၸဏီမ်ားအား ပို႔ကုန္/သြင္းကုန္ လိုင္စင္ပိတ္သိမ္းခံရမႈအေပၚ ေက်နပ္မႈမရွိသျဖင့္ ပဲမ်ိဳးစုံေရာင္းဝယ္သည့္ လုပ္ငန္းလုပ္ကိုင္ရန္အတြက္ ကုန္သည္မ်ား၊ ပြဲစားမ်ား၊ ေတာင္သူမ်ား ခ်ိတ္ဆက္ေဆာင္႐ြက္လ်က္ရွိသည့္ Online Pulses Myanmar Association အမည္ရွိ Viber Group ၌ ျမန္မာႏိုင္ငံပဲမ်ိဳးစုံ၊ ေျပာင္းႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ တာဝန္ရွိသူမ်ားကို ႐ုန႔္ရင္းၾကမ္းတမ္းစြာ ဆဲဆိုျခင္း၊ အသက္အႏၲရာယ္ၿခိမ္းေျခာက္သည့္ စာသားမ်ား ေရးသားေဖာ္ျပျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ျပည္ပသို႔ပို႔ကုန္မ်ားတင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြျပန္လည္ ဝင္ေရာက္ျခင္းမရွိခဲ့သည့္ ကုမၸဏီမ်ားမွ တာဝန္ရွိသူမ်ားျဖစ္သည့္ ဦးရဲမင္းလြင္ (ထြက္ေျပးတိမ္းေရွာင္)၊ ေဒၚကြန္သီ (ထြက္ေျပးတိမ္းေရွာင္) ၊ ေဒၚျဖဴျဖဴဇင္ (ထြက္ေျပးတိမ္းေရွာင္)၊ ေဒၚျမင့္ျမင့္လႈိင္ (ဖမ္းမိ)၊ ေဒၚခင္စန္းသီ (ဖမ္းမိ)၊ ဦးဟင္နရီခင္ေမာင္ (ဖမ္းမိ)၊ ဦးဗိုဗိုသန႔္ (ဖမ္းမိ) ႏွင့္ ဦးေဌးကို (ထြက္ေျပးတိမ္းေရွာင္) တို႔ ရွစ္ဦးႏွင့္ အသင္းမွ တာဝန္ရွိသူမ်ားကို ႐ုန႔္ရင္းၾကမ္းတမ္းစြာ ဆဲဆိုျခင္း၊ အသက္အႏၲရာယ္ၿခိမ္းေျခာက္ျခင္းမ်ား ေဆာင္႐ြက္ခဲ့သူ ဦးရဲမင္းလြင္ (ထြက္ေျပးတိမ္းေရွာင္) တို႔အေပၚ ၎တို႔က်ဴးလြန္ခဲ့သည့္ ျပစ္မႈမ်ားအလိုက္ ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္သို႔ ေပးသြင္းရမည့္ ပို႔ကုန္ရေငြမ်ားကိုေပးသြင္းရန္ ပ်က္ကြက္ခဲ့သည့္အျပင္ ရရွိသည့္ ပို႔ကုန္ရေငြမ်ားအား ေဖ်ာက္ဖ်က္ေဆာင္႐ြက္ထားေၾကာင္း သံသယျဖစ္ဖြယ္ေတြ႕ရွိရ၍  ၎တို႔၏ ပိုင္ဆိုင္မႈမ်ားအေပၚ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရလည္း ထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
ႏိုင္ငံေတာ္၏ စီးပြားေရးႏွင့္ ေငြေၾကးမူဝါဒမ်ား တည္ၿငိမ္ေစေရးအတြက္ ပို႔ကုန္ရေငြ ျပန္လည္ေပးသြင္းရန္ ပ်က္ကြက္သည့္အျခား ကုမၸဏီမ်ားကိုလည္း ဆက္လက္ေဖာ္ထုတ္အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္းသိရသည္။

Picture

Thine Khine Oo

22/11/2025 22:22

တိုင်းရင်းသားတွေမပါဘူးဟ တော်သေး ဒါပေမယ့်မကောင်းပါ

Related news

© 2021. All rights reserved.