ဂျပန်သံရုံးက ဂျပန်ဗီဇာလျှောက်ထားရေးစင်တာဖွင့်လှစ်မည်

71

NP News - နိုဝင်ဘာ ၂၂
ဗီဇာလျှောက်ထားသူများအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများနှင့် အဆင်ပြေချောမွေ့မှုကို မြှင့်တင်ရန်အတွက် ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ (Japan Visa Application Centre : JVAC) ကို ဖွင့်လှစ်၍ ဗီဇာလျှောက်ထားမှု လက်ခံခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်အရ ဗီဇာလျှောက်ထားခြင်းကို ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ VFS Service Myanmar ရုံးခွဲသို့ လုပ်ငန်းလွှဲအပ်၍ လာမည့် ဒီဇင်ဘာလ ၁၁ ရက်မှ စတင်ဖွင့်လှစ်ကာ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုလက်ရှိဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ ဗီဇာလျှေက်ထားမှု လက်ခံဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၁ဝ ရက်တွင် ပြီးဆုံးမည်ဖြစ် ကြောင်း သိရသည်။
ထိုကြောင့်ဗီဇာလျှောက်ထားလိုသူများအနေဖြင့် ဂျပန်ဗီဇာလျှောက်ထားရေးစင်တာတွင်သာ ဆက်လက်လျှောက်ထားရမှာဖြစ်ပြီး စင်တာအနေဖြင့် လက်ခံကောင်တာဖွင့်ချိန်ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ လျှောက်လွှာများ လက်ခံခြင်းကို နံနက် ၈ နာရီခွဲမှ နေ့လယ် ၁၂ နာရီခွဲ နှင့် နေ့လယ် ၁ နာရီခွဲ မှ ညနေ ၄ နာရီ အထိ သတ်မှတ်ထားပြီး ဗီဇာထုတ်ပေးခြင်းကို နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ သတ်မှတ်ထားကြောင်း သိရသည်။
စင်တာပိတ်ရက်များအနေဖြင့် စနေ၊ တနင်္ဂနွေ၊ အစိုးရရုံးပိတ်ရက်များနှင့် ဂျပန်သံရုံးပိတ်ရက်များတွင် စင်တာ ပိတ်မည်ဖြစ်ပြီး လျှောက်ထားပုံနည်းလမ်းအသေးစိတ်ကိုလည်း ဂျပန်သံရုံး၏ ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း နှင့် သတိပြုရန်အချက်အနေဖြင့် ဒီဇင်ဘာလ ၁ဝ ရက်မတိုင်မီလျှောက်ထားပါက နိုင်ငံကူးလက်မှတ်စာအုပ်များကို ဂျပန်သံရုံး ဗီဇာကောင်တာတွင်သာ ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကိစ္စရပ်များ စသည်တို့နှင့်ပတ်သက်၍ ဂျပန်သံရုံး ကောင်စစ်ရေးရာဌာနတွင် စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် စင်တာမှာ ဗီဇာလျှောက်ထားရာတွင် သံရုံးသို့ပေးဆောင်ရမယ့် ဗီဇာကြေးနှင့် စင်တာအသုံးပြုဖို့ ဝန်ဆောင်ခတို့ ကျသင့်မှာဖြစ်ပြီး ဗီဇာလျှောက်ထားချိန်မှာ ပေးချေရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Zawgyi Version:
ဂ်ပန္သံ႐ုံးက ဂ်ပန္ဗီဇာေလွ်ာက္ထားေရးစင္တာဖြင့္လွစ္မည္
NP News - ႏိုဝင္ဘာ ၂၂
ဗီဇာေလွ်ာက္ထားသူမ်ားအတြက္ ပိုမိုေကာင္းမြန္ေသာဝန္ေဆာင္မႈမ်ားႏွင့္ အဆင္ေျပေခ်ာေမြ႕မႈကို ျမႇင့္တင္ရန္အတြက္ ဂ်ပန္ဗီဇာေလွ်ာက္ထားေရးစင္တာ (Japan Visa Application Centre : JVAC) ကို ဖြင့္လွစ္၍ ဗီဇာေလွ်ာက္ထားမႈ လက္ခံျခင္းႏွင့္ ျပန္လည္ထုတ္ေပးျခင္းကို ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။
အဆိုပါထုတ္ျပန္ခ်က္အရ ဗီဇာေလွ်ာက္ထားျခင္းကို ဂ်ပန္ဗီဇာေလွ်ာက္ထားေရးစင္တာ VFS Service Myanmar ႐ုံးခြဲသို႔ လုပ္ငန္းလႊဲအပ္၍ လာမည့္ ဒီဇင္ဘာလ ၁၁ ရက္မွ စတင္ဖြင့္လွစ္ကာ လုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ယခုလက္ရွိေဆာင္႐ြက္လ်က္ရွိသည့္ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးမွာ ဗီဇာေလွ်က္ထားမႈ လက္ခံေဆာင္႐ြက္ျခင္းကို ဒီဇင္ဘာလ ၁ဝ ရက္တြင္ ၿပီးဆုံးမည္ျဖစ္ ေၾကာင္း သိရသည္။
ထိုေၾကာင့္ဗီဇာေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ဂ်ပန္ဗီဇာေလွ်ာက္ထားေရးစင္တာတြင္သာ ဆက္လက္ေလွ်ာက္ထားရမွာျဖစ္ၿပီး စင္တာအေနျဖင့္ လက္ခံေကာင္တာဖြင့္ခ်ိန္ကို အပတ္စဥ္ တနလၤာေန႔မွ ေသာၾကာေန႔အထိ ေန႔စဥ္ နံနက္ ၈ နာရီခြဲမွ ညေန ၅ နာရီခြဲအထိ ဖြင့္လွစ္သြားမွာျဖစ္ေၾကာင္း၊ ေလွ်ာက္လႊာမ်ား လက္ခံျခင္းကို နံနက္ ၈ နာရီခြဲမွ ေန႔လယ္ ၁၂ နာရီခြဲ ႏွင့္ ေန႔လယ္ ၁ နာရီခြဲ မွ ညေန ၄ နာရီ အထိ သတ္မွတ္ထားၿပီး ဗီဇာထုတ္ေပးျခင္းကို နံနက္ ၉ နာရီမွ ညေန ၅ နာရီ အထိ သတ္မွတ္ထားေၾကာင္း သိရသည္။
စင္တာပိတ္ရက္မ်ားအေနျဖင့္ စေန၊ တနဂၤေႏြ၊ အစိုးရ႐ုံးပိတ္ရက္မ်ားႏွင့္ ဂ်ပန္သံ႐ုံးပိတ္ရက္မ်ားတြင္ စင္တာ ပိတ္မည္ျဖစ္ၿပီး ေလွ်ာက္ထားပုံနည္းလမ္းအေသးစိတ္ကိုလည္း ဂ်ပန္သံ႐ုံး၏ ဝက္ဘ္ဆိုဒ္မွာ ဝင္ေရာက္ေလ့လာၾကည့္ရႈႏိုင္ေၾကာင္း ႏွင့္ သတိျပဳရန္အခ်က္အေနျဖင့္ ဒီဇင္ဘာလ ၁ဝ ရက္မတိုင္မီေလွ်ာက္ထားပါက ႏိုင္ငံကူးလက္မွတ္စာအုပ္မ်ားကို ဂ်ပန္သံ႐ုံး ဗီဇာေကာင္တာတြင္သာ ျပန္လည္ထုတ္ယူရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
သံတမန္ႏွင့္ အထူးႏိုင္ငံကူးလက္မွတ္ဆိုင္ရာကိစၥရပ္မ်ား၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အေရးေပၚကိစၥရပ္မ်ား စသည္တို႔ႏွင့္ပတ္သက္၍ ဂ်ပန္သံ႐ုံး ေကာင္စစ္ေရးရာဌာနတြင္ စုံစမ္းေမးျမန္းႏိုင္ေၾကာင္းႏွင့္ စင္တာမွာ ဗီဇာေလွ်ာက္ထားရာတြင္ သံ႐ုံးသို႔ေပးေဆာင္ရမယ့္ ဗီဇာေၾကးႏွင့္ စင္တာအသုံးျပဳဖို႔ ဝန္ေဆာင္ခတို႔ က်သင့္မွာျဖစ္ၿပီး ဗီဇာေလွ်ာက္ထားခ်ိန္မွာ ေပးေခ်ရမည္ဟု ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။