ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် သေဆုံးသူဦးရေ(၄၁)ဦးအထိရှိလာ

107

Pika (NP News) - နိုဝင်ဘာ ၂၂
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ (၄၁)ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် လူ(၉)ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် နေအိမ်(၅၂၀၀၀)ကျော် ရေနစ်မြုပ်သွားခဲ့ပြီး အိမ်ထောင်စု(၅)သိန်းနဲ့ စီးပွားရေးလုပ်ငန်းအများအပြားဟာ လျှပ်စစ်မီးပြတ်တောက်မှုတွေကို တွေ့ကြုံခဲ့ရတယ်လို့လည်း သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဒေသအတော်များများမှာ ရေကြီးမှုတွေဟာ (၅)ပေကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ဒေသတွေဟာ ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ Hoi An နဲ့ Nha Trang မြို့တွေဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ဗီယက်နမ်နိုင်ငံဟာ ပြင်းထန်တဲ့ရာသီဥတုဒဏ်ကို ကြုံတွေ့ခဲ့ရပြီး တိုင်ဖွန်းမုန်တိုင်းနှစ်ခုဖြစ်တဲ့ Kalmaegi နဲ့ Bualoi တို့ကြောင့် လူသေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုအများအပြားဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဗီယက္နမ္ႏိုင္ငံအလယ္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ ေသဆုံးသူဦးေရ(၄၁)ဦးအထိရွိလာ
Pika (NP News) - ႏိုဝင္ဘာ ၂၂
ဗီယက္နမ္ႏိုင္ငံ အလယ္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၄၁)ဦးအထိ ရွိလာၿပီျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ လူ(၉)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။
မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ ေနအိမ္(၅၂၀၀၀)ေက်ာ္ ေရနစ္ျမဳပ္သြားခဲ့ၿပီး အိမ္ေထာင္စု(၅)သိန္းနဲ႔ စီးပြားေရးလုပ္ငန္းအမ်ားအျပားဟာ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြကို ေတြ႕ႀကဳံခဲ့ရတယ္လို႔လည္း သိရပါတယ္။
မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ ေဒသအေတာ္မ်ားမ်ားမွာ ေရႀကီးမႈေတြဟာ (၅)ေပေက်ာ္အထိရွိခဲ့တယ္လို႔ သိရပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ အဆိုး႐ြားဆုံးထိခိုက္ခဲ့တဲ့ေဒသေတြဟာ ကမ္း႐ိုးတန္းၿမိဳ႕ေတြျဖစ္တဲ့ Hoi An နဲ႔ Nha Trang ၿမိဳ႕ေတြျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့လေတြအတြင္း ဗီယက္နမ္ႏိုင္ငံဟာ ျပင္းထန္တဲ့ရာသီဥတုဒဏ္ကို ႀကဳံေတြ႕ခဲ့ရၿပီး တိုင္ဖြန္းမုန္တိုင္းႏွစ္ခုျဖစ္တဲ့ Kalmaegi နဲ႔ Bualoi တို႔ေၾကာင့္ လူေသဆုံးမႈေတြနဲ႔ ပ်က္စီးဆုံးရႈံးမႈအမ်ားအျပားျဖစ္ေပၚခဲ့တယ္လို႔လည္း သိရပါတယ္။