နာမည်ကျော်ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်

172
ပီယ (NP News) - နိုဝင်ဘာ ၂၂
တစ်သက်တာ စာပေဆုရှင် ဖြစ်ပြီး အခြား ဆုပေါင်းများစွာကို ရရှိခဲ့သော နာမည်ကျော် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) သည့် ယနေ့ (နိုဝင်ဘာလ ၂၂ ရက်) နံနက်ပိုင်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အမျိုးသားစာပေဆု၊ တစ်သက်တာစာပေဆု၊ တော်ဘုရားလေးစာပေဆု၊ အလင်္ကာကျော်စွာဘွဲ့တို့ကို ရရှိခဲ့သော ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) သည် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆရာကြီးသည် တံတားဦးမြို့ နီးပါးတန်းရပ်နေ (ဦးချွန်)(ဒေါ်မမကြီး)တို့၏ သားကြီး၊ ဆရာမဒေါ်ညွန့်ညွန့်၏ခင်ပွန်းဖြစ်ကြောင်း သိရသည်။
ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို နိုဝင်ဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီ တွင် တံတားဦး သုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကာ ကွယ်လွန်သူအား ရည်စူး၍ ရက်လည်ဆွမ်းကို နိုဝင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မိသားစုက အသိပေးထားသည်။
ဆရာကြီး ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ စာပေ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက အင်တာနက်လူမှုကွန်ယက်စာမျက်နှာများထက်တွင် ဝမ်းနည်းကြောင်းစာများကို ရေးသားထားကြသည်။
Zawgyi Version:
နာမည္ေက်ာ္ကဗ်ာဆရာႀကီး ကိုေလး (အင္းဝဂုဏ္ရည္) အသက္ ၉၁ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္
ပီယ (NP News) - ႏိုဝင္ဘာ ၂၂
တစ္သက္တာ စာေပဆုရွင္ ျဖစ္ၿပီး အျခား ဆုေပါင္းမ်ားစြာကို ရရွိခဲ့ေသာ နာမည္ေက်ာ္ ကဗ်ာဆရာႀကီး ကိုေလး (အင္းဝဂုဏ္ရည္) သည့္ ယေန႔ (ႏိုဝင္ဘာလ ၂၂ ရက္) နံနက္ပိုင္းက ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။
အမ်ိဳးသားစာေပဆု၊ တစ္သက္တာစာေပဆု၊ ေတာ္ဘုရားေလးစာေပဆု၊ အလကၤာေက်ာ္စြာဘြဲ႕တို႔ကို ရရွိခဲ့ေသာ ကဗ်ာဆရာႀကီး ကိုေလး (အင္းဝဂုဏ္ရည္) သည္ အသက္ ၉၁ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဆရာႀကီးသည္ တံတားဦးၿမိဳ႕ နီးပါးတန္းရပ္ေန (ဦးခြၽန္)(ေဒၚမမႀကီး)တို႔၏ သားႀကီး၊ ဆရာမေဒၚၫြန႔္ၫြန႔္၏ခင္ပြန္းျဖစ္ေၾကာင္း သိရသည္။
ႂကြင္းက်န္ရစ္ေသာ႐ုပ္ကလာပ္ကို ႏိုဝင္ဘာလ ၂၃ ရက္ မြန္းလြဲ ၁ နာရီ တြင္ တံတားဦး သုသာန္၌ မီးသၿဂႋဳဟ္မည္ျဖစ္ကာ ကြယ္လြန္သူအား ရည္စူး၍ ရက္လည္ဆြမ္းကို ႏိုဝင္ဘာလ ၂၈ ရက္တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း မိသားစုက အသိေပးထားသည္။
ဆရာႀကီး ကြယ္လြန္ျခင္းႏွင့္ပတ္သက္၍ စာေပ နယ္ပယ္အသီးသီးမွ ပုဂၢိဳလ္မ်ားက အင္တာနက္လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ဝမ္းနည္းေၾကာင္းစာမ်ားကို ေရးသားထားၾကသည္။