ဒုံးကျည်ကာကွယ်ရေးနဲ့ နျူကလီးယားကိစ္စရပ်တွေမှာ တရုတ်နဲ့ နက်နက်ရှိုင်းရှိုင်းဆွေးနွေးနေတယ်လို့ ရုရှားအစိုးရပြော

83

Pika (NP News) - နိုဝင်ဘာ ၂၂
ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ဒုံးကျည်ကာကွယ်ရေးနဲ့ မဟာဗျူဟာမြောက်တည်ငြိမ်မှုဆိုင်ရာ ဆွေးနွေးမှုတွေကိုလုပ်ဆောင်ခဲ့ပြီး အဲဒီနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာအောင်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နျူကလီးယားလက်နက်စမ်းသပ်မှုတွေကို ချက်ချင်းပြန်လည်စတင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တာနဲ့ပတ်သက်ပြီး ရုရှားနဲ့တရုတ်တို့မှာ စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာပဲ ယခုလိုဆွေးနွေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက "တရုတ်နဲ့လုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲအတွင်း ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသဆိုင်ရာလုံခြုံရေးအတွက် မဟာဗျူဟာမြောက်အန္တရာယ်တွေကိုဖြစ်ပေါ်စေတဲ့ မတည်မငြိမ်ဖြစ်စေတဲ့အချက်တွေကို ပူးတွဲခွဲခြမ်းစိတ်ဖြာတာတွေအပြင် အဲဒါတွေကို ဘယ်လိုတွေလျှော့ချရမလဲဆိုတဲ့ နည်းလမ်းတွေအပေါ် အမြင်တွေဖလှယ်တာ အပါအဝင် နက်ရှိုင်းတဲ့ဆွေးနွေးမှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ နှစ်ဘက်စလုံးက ဒီနယ်ပယ်တွေမှာ အပြန်အလှန်ဆက်ဆံမှုတွေရဲ့အဆင့်နဲ့ အရည်အသွေးအပေါ် အပြန်အလှန်ကျေနပ်မှုတွေကို ဖော်ပြခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဒုံးက်ည္ကာကြယ္ေရးနဲ႔ န်ဴကလီးယားကိစၥရပ္ေတြမွာ တ႐ုတ္နဲ႔ နက္နက္ရႈိင္းရႈိင္းေဆြးေႏြးေနတယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၂
႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ဒုံးက်ည္ကာကြယ္ေရးနဲ႔ မဟာဗ်ဴဟာေျမာက္တည္ၿငိမ္မႈဆိုင္ရာ ေဆြးေႏြးမႈေတြကိုလုပ္ေဆာင္ခဲ့ၿပီး အဲဒီနယ္ပယ္ေတြမွာ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမိုအားေကာင္းလာေအာင္လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြကို ခ်က္ခ်င္းျပန္လည္စတင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့တာနဲ႔ပတ္သက္ၿပီး ႐ုရွားနဲ႔တ႐ုတ္တို႔မွာ စိုးရိမ္ပူပန္မႈေတြရွိေနခ်ိန္မွာပဲ ယခုလိုေဆြးေႏြးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ေဆြးေႏြးပြဲနဲ႔ပတ္သက္တဲ့ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက "တ႐ုတ္နဲ႔လုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲအတြင္း ကမာၻလုံးဆိုင္ရာနဲ႔ ေဒသဆိုင္ရာလုံၿခဳံေရးအတြက္ မဟာဗ်ဴဟာေျမာက္အႏၲရာယ္ေတြကိုျဖစ္ေပၚေစတဲ့ မတည္မၿငိမ္ျဖစ္ေစတဲ့အခ်က္ေတြကို ပူးတြဲခြဲျခမ္းစိတ္ျဖာတာေတြအျပင္ အဲဒါေတြကို ဘယ္လိုေတြေလွ်ာ့ခ်ရမလဲဆိုတဲ့ နည္းလမ္းေတြအေပၚ အျမင္ေတြဖလွယ္တာ အပါအဝင္ နက္ရႈိင္းတဲ့ေဆြးေႏြးမႈတစ္ခုကို လုပ္ေဆာင္ခဲ့ပါတယ္။ ၿပီးေတာ့ ႏွစ္ဘက္စလုံးက ဒီနယ္ပယ္ေတြမွာ အျပန္အလွန္ဆက္ဆံမႈေတြရဲ႕အဆင့္နဲ႔ အရည္အေသြးအေပၚ အျပန္အလွန္ေက်နပ္မႈေတြကို ေဖာ္ျပခဲ့ၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။