တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့စစ်သားတွေရဲ့ ရုပ်အလောင်းတွေ အပြန်အလှန်လဲလှယ်မှုကို ရုရှားနဲ့ယူကရိန်းတို့ပြုလုပ်

 74

Pika (NP News) - နိုဝင်ဘာ ၂၂

ရုရှားနဲ့ယူကရိန်းတို့ဟာ တိုက်ပွဲအတွင်းကျဆုံးသွားခဲ့တဲ့ စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်လဲလှယ်မှုတစ်ခုကို ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလဲလှယ်မှုအတွင်း ယူကရိန်းက စစ်သား(၁၀၀၀)ဦးရဲ့ရုပ်အလောင်းတွေကို လက်ခံရရှိခဲ့ကြောင်းနဲ့ ရုရှားက စစ်သား(၃၀)ဦးရဲ့ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းတာဝန်ရှိသူတစ်ဦးက "ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးသူတွေဟာ ပြည်ထဲရေးဝန်ကြီးဌာနက ကျွမ်းကျင်အေဂျင်စီတွေနဲ့အတူ လိုအပ်တဲ့စစ်ဆေးမှုတွေအားလုံးကို မကြာခင်ပြုလုပ်သွားပြီး ပြန်လည်ပေးအပ်ခံရတဲ့ ရုပ်အလောင်းတွေအားလုံးကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်တာမျိုးတွေ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလမှာ ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားနဲ့ယူကရိန်းတို့ဟာ အကျဉ်းသားအပြန်အလှန်လဲလှယ်မှုတွေနဲ့ သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်ပေးအပ်မှုကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ ရပ်တန့်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရုရှားနဲ့ယူကရိန်းတို့ကြား တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေကလည်း သိသာထင်ရှားတဲ့ရလဒ်တွေ ရရှိခဲ့တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
တိုက္ပြဲအတြင္းေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕ ႐ုပ္အေလာင္းေတြ အျပန္အလွန္လဲလွယ္မႈကို ႐ုရွားနဲ႔ယူကရိန္းတို႔ျပဳလုပ္
Pika (NP News) - ႏိုဝင္ဘာ ၂၂
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ တိုက္ပြဲအတြင္းက်ဆုံးသြားခဲ့တဲ့ စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္လဲလွယ္မႈတစ္ခုကို ထပ္မံလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
အဲဒီလဲလွယ္မႈအတြင္း ယူကရိန္းက စစ္သား(၁၀၀၀)ဦးရဲ႕႐ုပ္အေလာင္းေတြကို လက္ခံရရွိခဲ့ေၾကာင္းနဲ႔ ႐ုရွားက စစ္သား(၃၀)ဦးရဲ႕႐ုပ္အေလာင္းေတြကို ျပန္လည္လက္ခံရရွိခဲ့တယ္လို႔ သိရပါတယ္။
ယူကရိန္းတာဝန္ရွိသူတစ္ဦးက "ဥပေဒစိုးမိုးေရးအဖြဲ႕အစည္းေတြက စုံစမ္းစစ္ေဆးသူေတြဟာ ျပည္ထဲေရးဝန္ႀကီးဌာနက ကြၽမ္းက်င္ေအဂ်င္စီေတြနဲ႔အတူ လိုအပ္တဲ့စစ္ေဆးမႈေတြအားလုံးကို မၾကာခင္ျပဳလုပ္သြားၿပီး ျပန္လည္ေပးအပ္ခံရတဲ့ ႐ုပ္အေလာင္းေတြအားလုံးကို ဘယ္သူဘယ္ဝါဆိုတာ ေဖာ္ထုတ္တာမ်ိဳးေတြ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
(၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ပဋိပကၡစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈေတြနဲ႔ ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္ေပးအပ္မႈကို ဆက္တိုက္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကေတာ့ ရပ္တန႔္ေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ႐ုရွားနဲ႔ယူကရိန္းတို႔ၾကား တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲေတြကလည္း သိသာထင္ရွားတဲ့ရလဒ္ေတြ ရရွိခဲ့တာမ်ိဳးေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.