ပရဟိတအသင်းများအနေဖြင့် မီးလောင်ပြင်ဝင်ရောက် မီးငြှိမ်းသတ်ခြင်းများကြောင့် မလိုလားအပ်သည့်ပြဿနာများဖြစ်လာနိုင်

231

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂
ပရဟိတအသင်းများအနေဖြင့် မီးလောင်ပြင်ဝင်ရောက် မီးငြှိမ်းသတ်ခြင်းများကြောင့် မလိုလားအပ်သည့် ပြဿနာ များဖြစ်လာနိုင်ကြောင်း အရံမီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းများထံ NP News ရဲ့ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်အတွင်းရှိ အရန်မီးသတ် ခေါင်းဆောင်များနှင့် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးတို့ တွေ့ဆုံပွဲတွင် လူမှူကူညီရေးအသင်းများ မီးလောင်ပြင်တွင် ကိုယ်တိုင်ပိုက်ဆွဲ၍ ငြှိမ်းသတ်မှုများကိုမပြုကြစေရေး အထူးဆောက်ရွက်ကြရန်နှင့်တွေ့ရှိရပါ က ချက်ချင်းတားဆီးရန်၊ မိမိတို့၏တာဝန်ဆောင်ရွက်မှုများကို ဝင်ရောက်စွက်ဖက်မှုမှ တားဆီးရန် ညွှန်ကြားရေး မှူး က ထည့်သွင်းပြောကြားခဲ့သည်။
ပရဟိတအသင်းများအတွက် မီးလောင်ပြင်တွင် လူနာကူညီရန်သာဖြစ်ပြီး မီးငြှိမ်းသတ်ရန်မဟုတ်ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌမရွှေလဲ့က ဆိုသည်။
“ဒါကဖြစ်သင့်ပါတယ်။ အစတည်းက ဖြစ်သင့်တာပါ။ ဘာဖြစ်လို့လည်းဆိုတော့မီသတ်တွေမီးငြှိမ်းသတ်တဲ့အခါမှာ ကျွန်မတို့အလုပ်သည် လူနာကူညီဖို့လေ။ ပရဟိတသမားတွေအလုပ်က လူနာကူညီဖို့ Ambulance နဲ့သွားတယ် ဆိုကတည်းက လူနာပဲ။ မီးငြှိမ်းသတ်တဲ့အခါမှာ ဖြစ်စဉ်မှာရှိနိုင်တဲ့နေရာမှာ လူနာရှိနိုင်လား။ မီးသတ်တပ်ဖွဲ့ ဝင်တွေရော ထိခိုက်မှုရှိနိုင်လားဆိုပြီး လူနာကူညီဖို့သွားကြတာလေ။ ပရဟိသမားတွေက မီးသတ်ဖို့သွားတာ မဟုတ်ဘူး။ တချို့တွေက လွဲနေတယ်ပေါ့နော်။ မီးငြှိမ်းသတ်ရေးပညာကို စနစ်တကျမလေ့ လာထားဘူး မသင်ယူထားဘူးဆိုရင် ကိုယ်မကျွမ်းတဲ့အလုပ်ကို ဝင်မရှုပ်တာအကောင်းဆုံးပဲ။ မလိုလားအပ်တဲ့ပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်” ဟု မရွှေလဲ့က ပြောသည်။
ထို့နောက် မီးလောင်ပြင်သို့လာရောက်သော အရဟိတအသင်းများသည် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ရာ တွင် အတိမ်းအစောင်းများဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့သို့ပြည်သူများ အထင်အမြင်လွှဲမှားခြင်းများနှင့်ကြုံတွေ့ ရနိုင်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ဥက္ကဋ္ဌ ကိုထင်လင်းအောင်က ဆိုသည်။
“တချို့အရပ်ဘက်အဖွဲ့တွေက ဘာဖြစ်လာလည်းဆိုတော့ တချို့ပရဟိတအဖွဲ့တွေက မီးလောင်ပြင်မှာ မီးသတ် သမားတွေဝတ်တဲ့မီးကာ အင်္ကျီတွေဝတ်လာတယ်။ ကျောမှာ လက်ရှိသူတို့ပရဟိတရဲ့နာမည်တွေတပ်လာ တယ်။ ကယ်ဆယ်ရေးဝတ်စုံတွေမှာဆိုရင်လည်း ဒီအတိုင်းပေါ့။ အဲဒီတော့ ဒီ Mission တစ်ခုကို ကျွန်တော်တို့ဆောင်ရွက် တဲ့အချိန်မှာ အုတ်ရောရောကျောက်ရောရောတွေ ဖြစ်ကုန်တာပေါ့။ မလိုလားအပ်တဲ့ ပြဿနာတွေလည်းဖြစ်လာ တာပေါ့” ဟု ၎င်းက ပြောသည်။
ထို့ပြင် မီးလောင်ပြင်ထွက်ခွါလာသော သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့များအတွက် မီးသတ်ကားဝင်ရာတွင် ပရဟိတ အသင်းကားများ၏ လမ်းပိတ်ဆို့မှုများ၊ မီးလောင်ပြင်ဝင်ရောက်စွက်ဖက်မှုများနှင့် လိုအပ်သည့်အကူအညီထက် ထင်ပေါ်ကျော်ကြားလိုသောစိတ်ဖြင့်လာရောက်သည့် ပရဟိတအသင်းများလည်း ရှိနေကြောင်း သိရသည်။

Zawgyi Version:
ပရဟိတအသင္းမ်ားအေနျဖင့္ မီးေလာင္ျပင္ဝင္ေရာက္ မီးျငႇိမ္းသတ္ျခင္းမ်ားေၾကာင့္ မလိုလားအပ္သည့္ျပႆနာ မ်ားျဖစ္လာႏိုင္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၂
ပရဟိတအသင္းမ်ားအေနျဖင့္ မီးေလာင္ျပင္ဝင္ေရာက္ မီးျငႇိမ္းသတ္ျခင္းမ်ားေၾကာင့္ မလိုလားအပ္သည့္ ျပႆနာ မ်ားျဖစ္လာႏိုင္ေၾကာင္း အရံမီးသတ္တပ္ဖြဲ႕ႏွင့္ ပရဟိတအသင္းမ်ားထံ NP News ရဲ႕ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၇ ရက္က မႏၲေလးတိုင္းေဒသႀကီး မႏၲေလးခ႐ိုင္အတြင္းရွိ အရန္မီးသတ္ ေခါင္းေဆာင္မ်ားႏွင့္ တိုင္းေဒသႀကီးမီးသတ္ဦးစီးမႉး ၫႊန္ၾကားေရးမႉးတို႔ ေတြ႕ဆုံပြဲတြင္ လူမႉကူညီေရးအသင္းမ်ား မီးေလာင္ျပင္တြင္ ကိုယ္တိုင္ပိုက္ဆြဲ၍ ျငႇိမ္းသတ္မႈမ်ားကိုမျပဳၾကေစေရး အထူးေဆာက္႐ြက္ၾကရန္ႏွင့္ေတြ႕ရွိရပါ က ခ်က္ခ်င္းတားဆီးရန္၊ မိမိတို႔၏တာဝန္ေဆာင္႐ြက္မႈမ်ားကို ဝင္ေရာက္စြက္ဖက္မႈမွ တားဆီးရန္ ၫႊန္ၾကားေရး မႉး က ထည့္သြင္းေျပာၾကားခဲ့သည္။
ပရဟိတအသင္းမ်ားအတြက္ မီးေလာင္ျပင္တြင္ လူနာကူညီရန္သာျဖစ္ၿပီး မီးျငႇိမ္းသတ္ရန္မဟုတ္ေၾကာင္း ေ႐ႊေမတၱာလူမႈကူညီေရးအသင္းဥကၠ႒မေ႐ႊလဲ့က ဆိုသည္။
“ဒါကျဖစ္သင့္ပါတယ္။ အစတည္းက ျဖစ္သင့္တာပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့မီသတ္ေတြမီးျငႇိမ္းသတ္တဲ့အခါမွာ ကြၽန္မတို႔အလုပ္သည္ လူနာကူညီဖို႔ေလ။ ပရဟိတသမားေတြအလုပ္က လူနာကူညီဖို႔ Ambulance နဲ႔သြားတယ္ ဆိုကတည္းက လူနာပဲ။ မီးျငႇိမ္းသတ္တဲ့အခါမွာ ျဖစ္စဥ္မွာရွိႏိုင္တဲ့ေနရာမွာ လူနာရွိႏိုင္လား။ မီးသတ္တပ္ဖြဲ႕ ဝင္ေတြေရာ ထိခိုက္မႈရွိႏိုင္လားဆိုၿပီး လူနာကူညီဖို႔သြားၾကတာေလ။ ပရဟိသမားေတြက မီးသတ္ဖို႔သြားတာ မဟုတ္ဘူး။ တခ်ိဳ႕ေတြက လြဲေနတယ္ေပါ့ေနာ္။ မီးျငႇိမ္းသတ္ေရးပညာကို စနစ္တက်မေလ့ လာထားဘူး မသင္ယူထားဘူးဆိုရင္ ကိုယ္မကြၽမ္းတဲ့အလုပ္ကို ဝင္မရႈပ္တာအေကာင္းဆုံးပဲ။ မလိုလားအပ္တဲ့ျပႆနာေတြ အမ်ားႀကီးျဖစ္လာႏိုင္တယ္” ဟု မေ႐ႊလဲ့က ေျပာသည္။
ထို႔ေနာက္ မီးေလာင္ျပင္သို႔လာေရာက္ေသာ အရဟိတအသင္းမ်ားသည္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးျငႇိမ္းသတ္ရာ တြင္ အတိမ္းအေစာင္းမ်ားျဖစ္ေပၚလာပါက မီးသတ္တပ္ဖြဲ႕သို႔ျပည္သူမ်ား အထင္အျမင္လႊဲမွားျခင္းမ်ားႏွင့္ႀကဳံေတြ႕ ရႏိုင္ေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕ဥကၠ႒ ကိုထင္လင္းေအာင္က ဆိုသည္။
“တခ်ိဳ႕အရပ္ဘက္အဖြဲ႕ေတြက ဘာျဖစ္လာလည္းဆိုေတာ့ တခ်ိဳ႕ပရဟိတအဖြဲ႕ေတြက မီးေလာင္ျပင္မွာ မီးသတ္ သမားေတြဝတ္တဲ့မီးကာ အက်ႌေတြဝတ္လာတယ္။ ေက်ာမွာ လက္ရွိသူတို႔ပရဟိတရဲ႕နာမည္ေတြတပ္လာ တယ္။ ကယ္ဆယ္ေရးဝတ္စုံေတြမွာဆိုရင္လည္း ဒီအတိုင္းေပါ့။ အဲဒီေတာ့ ဒီ Mission တစ္ခုကို ကြၽန္ေတာ္တို႔ေဆာင္႐ြက္ တဲ့အခ်ိန္မွာ အုတ္ေရာေရာေက်ာက္ေရာေရာေတြ ျဖစ္ကုန္တာေပါ့။ မလိုလားအပ္တဲ့ ျပႆနာေတြလည္းျဖစ္လာ တာေပါ့” ဟု ၎က ေျပာသည္။
ထို႔ျပင္ မီးေလာင္ျပင္ထြက္ခြါလာေသာ သက္ဆိုင္ရာမီးသတ္တပ္ဖြဲ႕မ်ားအတြက္ မီးသတ္ကားဝင္ရာတြင္ ပရဟိတ အသင္းကားမ်ား၏ လမ္းပိတ္ဆို႔မႈမ်ား၊ မီးေလာင္ျပင္ဝင္ေရာက္စြက္ဖက္မႈမ်ားႏွင့္ လိုအပ္သည့္အကူအညီထက္ ထင္ေပၚေက်ာ္ၾကားလိုေသာစိတ္ျဖင့္လာေရာက္သည့္ ပရဟိတအသင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။