KIA၊ PDF ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့နှင့်အနီးတစ်ဝိုက်ကဒေသခံများ စပါးရိတ်ခွင့်မရသဖြင့် လာမည့်နှစ်အတွက် စားနပ်ရိက္ခာ စိတ်ပူနေရ

 46

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် KIA၊ PDF က ဒေသခံများကို စပါးရိတ်ရန်ပင် ပြန်ခွင့်မပြုသဖြင့် လာမည့်နှစ်အတွက် စားနပ်ရိက္ခာစိုးရိမ်နေရကြောင်း ဒေသခံများက NP News သို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သည့် ဗန်းမောက်မြို့နယ်အတွင်းက ထိတွေ့တိုက်ပွဲများ ကြောင့် ကတူးတိုင်းရင်းသား ကျေးရွာများ အပါအဝင် မြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံ (၄၀၀၀)ကျော်သည် အခြားသောဒေသများသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း သိရသည်။
လက်ရှိကာလသည် မိုးစပါးများရိတ်သိမ်းရာသီရောက်ရှိလာသော်လည်း ဗန်းမောက်မြို့နှင့်ဝန်းကျင်ဒေသများကို ပြန်လည်နေထိုင်ခွင့်မရသေးသည့်အတွက် စပါးစိုက်ပျိုးဧကများစွာသည်လည်း ရိတ်သိမ်းချိန်ကျော်လွန်နေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါစပါးများ ရိတ်သိမ်းခွင့်မရပါက လာမည့်နှစ်အတွက် စားနပ်ရိက္ခာအခက်ခဲများဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“စပါးရိတ်ခွင့်မရတော့ နောက်နှစ်စားနပ်ရိက္ခာအတွက်လည်း အဆင်မပြေတော့ဘူးဗျ။ ပြီးတော့ကျွန်တော်တို့ ကတူးရဟန်းတော်အဖွဲ့ ကလည်း တက်နိုင်သလောက် အလှူငွေတွေ ကောက်ခံပြီးလှူထားတယ်။ ကျွန်တော်တို့က လည်း တစ်လစာလောက်ပဲပေါ့။ နောက်ထပ်လည်း လာလှူတဲ့လူကလည်းမရှိတော့ဘူးလေ။ အဲဒီတော့ စားနပ် ရိက္ခာအတွက် တော်တော်ခက်ခဲတယ်ဗျ။ ကျွန်တော်တို့ကတော့ဗျာ ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်နေအိမ်ကို စပါးရိတ်ပြီး တော့ ပြန်နေချင်ပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိဗန်းမောက်မြို့နှင့်အနီးတစ်ဝိုက်က နေရပ်စွန့်ခွာနေသည့်ဒေသခံများကို ကတူးရဟန်းတော်များအဖွဲ့ အပါအဝင် အလှူရှင်များက စားနပ်ရိက္ခာများ၊ စောင်များ နှင့် အခြားလိုအပ်သည်များ လှူဒါန်းထားသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးကြောင်း သိရသည်။
“ဆောင်းရာသီဆိုတော့ အရမ်းအေးတော့ စောင်တွေအလှူခံပြီးတော့ ပေးပို့ထားတာတော့ရှိတာပေါ့။ ဆောင်းရာသီ ဆိုတော့ အရမ်းအေးတော့ အမိုးအကာမလုံတာနဲ့ ရေရှည်ဒဏ်မခံနိုင်ဘူးပေါ့။ စစ်ရေးကလည်း (၂)ဖက် အရမ်းပြင်းထန်နေတဲ့အခါကျတော့ ကျွန်တော်တို့ကတော့ ကိုယ့်အိမ်ကိုပြန်နေချင်ပြီ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်ကလည်း ဗန်းမောက်မြို့နှင့်အနီးတစ်ဝိုက်မှ စစ်ဘေးရှောင်များသည် (၁)လခွဲကျော် စစ်ဘေးရှောင်နေရသည့်အတွက် စားဝတ်နေရေးအခက်ခဲများဖြစ်ပေါ်နေသောကြောင့် ဒေသခံများအား နေရပ် ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ကတူးအရပ်ဖက်အဖွဲ့(၃)ဖွဲ့ဖြစ်သော ကတူးရဟန်းတော်များအဖွဲ့၊ ကတူးစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တကူးအမျိုးသားအဖွဲ့) နှင့် ကတူးလူငယ်များအဖွဲ့ချုပ်က မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ဖူး သည်။
လက်ရှိတွင် KIA၊ PDF ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို တပ်မတော်နှင့် SNA ပူးပေါင်းအဖွဲ့က ပြန်လည် တိုက်ခိုက်နေသည့်အတွက် (၂) ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

Zawgyi Version:
KIA၊ PDF ထိန္းခ်ဳပ္ထားသည့္ ဗန္းေမာက္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ကေဒသခံမ်ား စပါးရိတ္ခြင့္မရသျဖင့္ လာမည့္ႏွစ္အတြက္ စားနပ္ရိကၡာ စိတ္ပူေနရ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၂
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕နယ္တြင္ KIA၊ PDF က ေဒသခံမ်ားကို စပါးရိတ္ရန္ပင္ ျပန္ခြင့္မျပဳသျဖင့္ လာမည့္ႏွစ္အတြက္ စားနပ္ရိကၡာစိုးရိမ္ေနရေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၁၅ ရက္ေန႔မွစတင္ျဖစ္ပြားခဲ့သည့္ ဗန္းေမာက္ၿမိဳ႕နယ္အတြင္းက ထိေတြ႕တိုက္ပြဲမ်ား ေၾကာင့္ ကတူးတိုင္းရင္းသား ေက်း႐ြာမ်ား အပါအဝင္ ၿမိဳ႕ေပၚရပ္ကြက္ႏွင့္ အနီးဝန္းက်င္ေက်း႐ြာမ်ားရွိ ေဒသခံ (၄၀၀၀)ေက်ာ္သည္ အျခားေသာေဒသမ်ားသို႔ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနၾကရေၾကာင္း သိရသည္။
လက္ရွိကာလသည္ မိုးစပါးမ်ားရိတ္သိမ္းရာသီေရာက္ရွိလာေသာ္လည္း ဗန္းေမာက္ၿမိဳ႕ႏွင့္ဝန္းက်င္ေဒသမ်ားကို ျပန္လည္ေနထိုင္ခြင့္မရေသးသည့္အတြက္ စပါးစိုက္ပ်ိဳးဧကမ်ားစြာသည္လည္း ရိတ္သိမ္းခ်ိန္ေက်ာ္လြန္ေနၿပီျဖစ္ ေၾကာင္း သိရသည္။
အဆိုပါစပါးမ်ား ရိတ္သိမ္းခြင့္မရပါက လာမည့္ႏွစ္အတြက္ စားနပ္ရိကၡာအခက္ခဲမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။
“စပါးရိတ္ခြင့္မရေတာ့ ေနာက္ႏွစ္စားနပ္ရိကၡာအတြက္လည္း အဆင္မေျပေတာ့ဘူးဗ်။ ၿပီးေတာ့ကြၽန္ေတာ္တို႔ ကတူးရဟန္းေတာ္အဖြဲ႕ ကလည္း တက္ႏိုင္သေလာက္ အလႉေငြေတြ ေကာက္ခံၿပီးလႉထားတယ္။ ကြၽန္ေတာ္တို႔က လည္း တစ္လစာေလာက္ပဲေပါ့။ ေနာက္ထပ္လည္း လာလႉတဲ့လူကလည္းမရွိေတာ့ဘူးေလ။ အဲဒီေတာ့ စားနပ္ ရိကၡာအတြက္ ေတာ္ေတာ္ခက္ခဲတယ္ဗ်။ ကြၽန္ေတာ္တို႔ကေတာ့ဗ်ာ ကိုယ့္ရပ္ကိုယ့္႐ြာကိုယ့္ေနအိမ္ကို စပါးရိတ္ၿပီး ေတာ့ ျပန္ေနခ်င္ၿပီ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။
လက္ရွိဗန္းေမာက္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္က ေနရပ္စြန႔္ခြာေနသည့္ေဒသခံမ်ားကို ကတူးရဟန္းေတာ္မ်ားအဖြဲ႕ အပါအဝင္ အလႉရွင္မ်ားက စားနပ္ရိကၡာမ်ား၊ ေစာင္မ်ား ႏွင့္ အျခားလိုအပ္သည္မ်ား လႉဒါန္းထားေသာ္လည္း လိုအပ္ခ်က္မ်ားစြာ ရွိေနေသးေၾကာင္း သိရသည္။
“ေဆာင္းရာသီဆိုေတာ့ အရမ္းေအးေတာ့ ေစာင္ေတြအလႉခံၿပီးေတာ့ ေပးပို႔ထားတာေတာ့ရွိတာေပါ့။ ေဆာင္းရာသီ ဆိုေတာ့ အရမ္းေအးေတာ့ အမိုးအကာမလုံတာနဲ႔ ေရရွည္ဒဏ္မခံႏိုင္ဘူးေပါ့။ စစ္ေရးကလည္း (၂)ဖက္ အရမ္းျပင္းထန္ေနတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ကိုယ့္အိမ္ကိုျပန္ေနခ်င္ၿပီ” ဟု ၎က ေျပာသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁ ရက္ကလည္း ဗန္းေမာက္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္မွ စစ္ေဘးေရွာင္မ်ားသည္ (၁)လခြဲေက်ာ္ စစ္ေဘးေရွာင္ေနရသည့္အတြက္ စားဝတ္ေနေရးအခက္ခဲမ်ားျဖစ္ေပၚေနေသာေၾကာင့္ ေဒသခံမ်ားအား ေနရပ္ ျပန္လည္ဝင္ေရာက္ခြင့္ျပဳရန္ ကတူးအရပ္ဖက္အဖြဲ႕(၃)ဖြဲ႕ျဖစ္ေသာ ကတူးရဟန္းေတာ္မ်ားအဖြဲ႕၊ ကတူးစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ (တကူးအမ်ိဳးသားအဖြဲ႕) ႏွင့္ ကတူးလူငယ္မ်ားအဖြဲ႕ခ်ဳပ္က ေမတၱာရပ္ခံစာ ထုတ္ျပန္ခဲ့ဖူး သည္။
လက္ရွိတြင္ KIA၊ PDF ထိန္းခ်ဳပ္ထားသည့္ ဗန္းေမာက္ၿမိဳ႕ကို တပ္မေတာ္ႏွင့္ SNA ပူးေပါင္းအဖြဲ႕က ျပန္လည္ တိုက္ခိုက္ေနသည့္အတြက္ (၂) ဖက္တိုက္ပြဲမ်ား ျပင္းထန္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.