ရုပ်ရှင်ရွာစီမံကိန်းတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်နည်းနေ

61

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်ရွာစီမံကိန်းတွင်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်တွေကို စိတ်ဝင်စားမှုဖော်ပြလွှာ Expression of Interest (EOI) ဖိတ်ခေါ်ထားသော်လည်း စိတ်ဝင်စား သည့်လုပ်ငန်းရှင်နည်းနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးမှ ရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဦးချမ်းသာ ကြည်စိုးက NP News သို့ ပြောသည်။
ရုပ်ရှင်ရွာစီမံကိန်းအတွက် စိတ်ဝင်စားမှုဖော်ပြလွှာ Expression of Interest (EOI)ကို စိတ်ဝင်စားသည့် လုပ်ငန်းရှင် များအနေဖြင့် နိုဝင်ဘာလ ၂၁ ရက် နောက်ဆုံးထား ပြန်လည်တင်သွင်းကြဖို့ ဖိတ်ခေါ်ထားခဲ့သော်လည်း စိတ်ဝင်စား သည့်အဖွဲ့ (၂) ဖွဲ့သာ လာရောက်ဆက်သွယ်ခဲ့ကြောင်း သိရသည်။
“ရုပ်ရှင်ရွာအတွက် EOI ကို နိုဝင်ဘာ ၂၁ရက်မှာ နောက်ဆုံးထားတင်ဖို့ပြောခဲ့ပါတယ်။ တင်ထားတဲ့အဖွဲ့ကတော့ (၂) ဖွဲ့ရှိတာပေါ့။ အဲဒီ (၂) ဖွဲ့ကိုတော့ သူ့ကို တင်ထားတဲ့အချက်တွေနဲ့လုပ်ပါဆိုပြီး ပြန်ပြောပေးရမှာပေါ့။ ပြီးတဲ့အခါမှ တင်ဒါပြန်ခေါ်မှာပေါ့။ ဘယ်သူက ဘယ်လောက် လုပ်ပေးနိုင်မလဲ။ စိတ်ဝင်စားတဲ့လူက ဒီ(၂)ဖွဲ့ပဲ ရှိသေးတယ်” ဟု ဦးချမ်သာကြည်စိုးက ပြောသည်။
အဆိုပါစီမံကိန်းအကောင်အထည်ဖော်မည်ကို စီးပွားရေးလုပ်ငန်းရှင်များသိထားသော်လည်း လုပ်ငန်းရှင်များ၏ သုံးသပ်ချက်များအရ အကျိုးအမြတ်မရှိနိုင်သဖြင့် လက်တွန့်နေခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“စိတ်ဝင်စားတဲ့လူနည်းတယ်။ နည်းတယ်ဆိုတာက အဲဒီဟာနဲ့ပတ်သက်ပြီး သတင်းစာထဲမှာ ကြေညာတယ်။ ကျွန်တော်တို့ Page ကလည်း ကြေညာတယ်။ စီးပွားရေးလုပ်ငန်းရှင် တွေဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောတာ။ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း ကလည်း ဒီကိစ္စကိုလုပ်မယ်ဆိုတာ သိထားတာ။ အဲဒီတာ့ အဲဒီထဲမှာပါတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဒီကိစ္စကို ကျွန်တော်တို့အကောင်အထည်ဖို့ လုပ်နေတယ်ဆိုတာလည်း သိထား တယ်။ ဒါပေမဲ့ သူတို့ဆီမှာလေ့လာထားတဲ့ သုံးသပ်ချက်တွေအရဆိုရင် သူတို့အတွက်က စီးပွားရေး အကျိုးအမြတ် မရှိနိုင်ဘူးဆိုရင် လုပ်တာမရှိဘူးပေါ့။ အဲဒီလိုမျိုးဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၆၆-A)၊ နဘဲကန်မြောက်ကွင်းရှိ မြေဧရိယာ (၁၀ ဒသမ ၁၆) ဧကမှာအကောင်အထည်ဖော်မည် ဖြစ်ပြီး ရုပ်ရှင်စတူဒီယို၊ Outdoor Setting များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
႐ုပ္ရွင္႐ြာစီမံကိန္းတြင္ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ရန္ စိတ္ဝင္စားသည့္ လုပ္ငန္းရွင္နည္းေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၂
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ႐ုပ္ရွင္႐ြာစီမံကိန္းတြင္အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ရန္ စိတ္ဝင္စားသည့္ လုပ္ငန္းရွင္ေတြကို စိတ္ဝင္စားမႈေဖာ္ျပလႊာ Expression of Interest (EOI) ဖိတ္ေခၚထားေသာ္လည္း စိတ္ဝင္စား သည့္လုပ္ငန္းရွင္နည္းေနေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း႐ုံးမွ ႐ုပ္ရွင္အစည္းအ႐ုံးမွ တြဲဖက္အတြင္းေရးမႉး ဦးခ်မ္းသာ ၾကည္စိုးက NP News သို႔ ေျပာသည္။
႐ုပ္ရွင္႐ြာစီမံကိန္းအတြက္ စိတ္ဝင္စားမႈေဖာ္ျပလႊာ Expression of Interest (EOI)ကို စိတ္ဝင္စားသည့္ လုပ္ငန္းရွင္ မ်ားအေနျဖင့္ ႏိုဝင္ဘာလ ၂၁ ရက္ ေနာက္ဆုံးထား ျပန္လည္တင္သြင္းၾကဖို႔ ဖိတ္ေခၚထားခဲ့ေသာ္လည္း စိတ္ဝင္စား သည့္အဖြဲ႕ (၂) ဖြဲ႕သာ လာေရာက္ဆက္သြယ္ခဲ့ေၾကာင္း သိရသည္။
“႐ုပ္ရွင္႐ြာအတြက္ EOI ကို ႏိုဝင္ဘာ ၂၁ရက္မွာ ေနာက္ဆုံးထားတင္ဖို႔ေျပာခဲ့ပါတယ္။ တင္ထားတဲ့အဖြဲ႕ကေတာ့ (၂) ဖြဲ႕ရွိတာေပါ့။ အဲဒီ (၂) ဖြဲ႕ကိုေတာ့ သူ႔ကို တင္ထားတဲ့အခ်က္ေတြနဲ႔လုပ္ပါဆိုၿပီး ျပန္ေျပာေပးရမွာေပါ့။ ၿပီးတဲ့အခါမွ တင္ဒါျပန္ေခၚမွာေပါ့။ ဘယ္သူက ဘယ္ေလာက္ လုပ္ေပးႏိုင္မလဲ။ စိတ္ဝင္စားတဲ့လူက ဒီ(၂)ဖြဲ႕ပဲ ရွိေသးတယ္” ဟု ဦးခ်မ္သာၾကည္စိုးက ေျပာသည္။
အဆိုပါစီမံကိန္းအေကာင္အထည္ေဖာ္မည္ကို စီးပြားေရးလုပ္ငန္းရွင္မ်ားသိထားေသာ္လည္း လုပ္ငန္းရွင္မ်ား၏ သုံးသပ္ခ်က္မ်ားအရ အက်ိဳးအျမတ္မရွိႏိုင္သျဖင့္ လက္တြန႔္ေနျခင္းျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
“စိတ္ဝင္စားတဲ့လူနည္းတယ္။ နည္းတယ္ဆိုတာက အဲဒီဟာနဲ႔ပတ္သက္ၿပီး သတင္းစာထဲမွာ ေၾကညာတယ္။ ကြၽန္ေတာ္တို႔ Page ကလည္း ေၾကညာတယ္။ စီးပြားေရးလုပ္ငန္းရွင္ ေတြဆိုရင္လည္း ပြင့္ပြင့္လင္းလင္းေျပာတာ။ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ မ်ားအသင္း ကလည္း ဒီကိစၥကိုလုပ္မယ္ဆိုတာ သိထားတာ။ အဲဒီတာ့ အဲဒီထဲမွာပါတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြကလည္း ဒီကိစၥကို ကြၽန္ေတာ္တို႔အေကာင္အထည္ဖို႔ လုပ္ေနတယ္ဆိုတာလည္း သိထား တယ္။ ဒါေပမဲ့ သူတို႔ဆီမွာေလ့လာထားတဲ့ သုံးသပ္ခ်က္ေတြအရဆိုရင္ သူတို႔အတြက္က စီးပြားေရး အက်ိဳးအျမတ္ မရွိႏိုင္ဘူးဆိုရင္ လုပ္တာမရွိဘူးေပါ့။ အဲဒီလိုမ်ိဳးျဖစ္ေနတာေပါ့” ဟု ၎က ေျပာသည္။
အဆိုပါ စီမံကိန္းကို ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္၊ သန္လ်င္ၿမိဳ႕နယ္၊ စစ္ပင္ကြင္းေက်း႐ြာအုပ္စု၊ ကြင္းအမွတ္ (၆၆၆-A)၊ နဘဲကန္ေျမာက္ကြင္းရွိ ေျမဧရိယာ (၁၀ ဒသမ ၁၆) ဧကမွာအေကာင္အထည္ေဖာ္မည္ ျဖစ္ၿပီး ႐ုပ္ရွင္စတူဒီယို၊ Outdoor Setting မ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။