ရန်ကုန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်း လက်ကျန်နည်းပါးလာ

50

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၂
ရန်ကုန်မြို့တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်ကြသည့် ရေခဲသေတ္တာ၊ အဲကွန်း၊ တီဗွီ အပါအဝင် လျှပ်စစ်ပစ္စည်းများ ဈေးကွက်အတွင်း လက်ကျန်နည်းပါးလာပြီးဈေးများလည်းမြင့်တက်နေကြောင်း လျှပ်စစ်ပစ္စည်း တင်သွင်းရောင်းချ သူများထံမှ သိရသည်။
အဓိကအားဖြင့် တရုတ်နှင့် ထိုင်းနယ်စပ်တို့မှ ကုန်စည်အဝင်ရပ်တန့်နေခဲ့ခြင်းကြောင့် ဈေးကွက်အတွင်း လက်ကျန် ကာ ဈေးများ မြင့်တက်နေခြင်းဖြစ်သည်။
“တရုတ်နယ်စပ် နဲ့ ထိုင်းနယ်စပ်က ကုန်စည်တွေသွင်းလို့မရတာ (၂)နှစ်ကျော်လောက်ရှိလာပြီလေ။ ပြည်တွင်းမှာ ထုတ်နိုင်တဲ့အင်အားလဲမရှိဘူးလေ၊ ဆိုင်တွေမှာ လက်ကျန်တော်တော်နည်းနေပြီ ဒီနှစ်ကုန်နောက် နှစ်ထဲလောက် ဆိုရင် ရောင်းစရာပစ္စည်းမရှိတော့ လောက်ဘူး။ ကုမ္ပဏီအကြီးတွေကတော့ ပင်လယ်ရေကြောင်းကတဆင့် သွင်းနေတာဆိုတော့ အဆင်ပြေတယ်။ သာမာန်ဆိုင်လေးတွေကနယ်စပ်ကိုပဲ အားကိုးနေရတာ အဆင်မပြေတော့ ဘူး” ဟု တောင်ဒဂုံမြို့နယ်မှကျော်လျှပ်စစ်ပစ္စည်းဆိုင်က ပြောသည်။
ဈေးကွက်အတွင်းရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ရေခဲသေတ္တာ၊အဝတ်လျှော်စက်၊တီဗွီ၊ ထမင်းပေါင်းအိုး၊လျှပ်စစ်မီးပူ၊ဒယ်နီနှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့သည် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ နယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်သွင်းရခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများသည် လက်နက်ကိုင် နယ်မြေပဋိပက္ခများကြောင့် ကုန်စည်စီးဆင်းမှု နှစ်ဖက်စလုံးမှရပ်ဆိုင်းနေခြင်းဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုအနည်းငယ်ကိုသာ ကုန်သွယ်နိုင်ကြောင်း သိရသည်။
“ပြည်တွင်းမှာပစ္စည်းလက်ကျန်အရမ်းနည်းလာတော့ ဈေးတွေကလည်း တောက်လျောက်တက်လာတယ်၊ တရုတ် ရေခဲသေတ္တာ အသေးတစ်လုံးကို အခုဆိုဆယ်သိန်းကျော်လောက်ပေါက်ဈေးရှိတယ် နောက်ပိုင်းဆို ပစ္စည်းပြတ် တဲ့အထိဖြစ်လာနိုင်တယ်” ဟု အိမ်သုံးလျှပ်စစ်ပစ္စည်းရောင်းချသူတစ်ဦးက ဆိုသည်။
လတ်တလော ရန်ကုန်ဈေးကွက်အတွင်း အိမ်သုံးလျှပ်စစ်ပစ္စည်းများ တံဆိပ်အသစ်ဝင်ရောက်မှုနည်းပါးပြီး ယခင် တင်သွင်းပြီး လက်ကျန်များကိုသာ ဆက်လက်ရောင်းချနေရကြောင်း သိရသည်။
အိမ်သုံးလျှပ်စစ်ပစ္စည်းများသည် လတ်တလော မီး မကြာခဏပျက်လိုက်၊လာလိုက်ဖြစ်နေသည့် အခြေအနေ ကြောင့် ပျက်စီးမှုများပြားကြောင်း၊ အသစ်ဝယ်ယူမှုထက်အဟောင်းကိုပြင်၍ သုံးစွဲသူများပြားလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Zawgyi Version:
ရန္ကုန္တြင္ အိမ္သုံးလွ်ပ္စစ္ပစၥည္း လက္က်န္နည္းပါးလာ
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၂၂
ရန္ကုန္ၿမိဳ႕တြင္ အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ားျဖစ္ၾကသည့္ ေရခဲေသတၱာ၊ အဲကြန္း၊ တီဗြီ အပါအဝင္ လွ်ပ္စစ္ပစၥည္းမ်ား ေဈးကြက္အတြင္း လက္က်န္နည္းပါးလာၿပီးေဈးမ်ားလည္းျမင့္တက္ေနေၾကာင္း လွ်ပ္စစ္ပစၥည္း တင္သြင္းေရာင္းခ် သူမ်ားထံမွ သိရသည္။
အဓိကအားျဖင့္ တ႐ုတ္ႏွင့္ ထိုင္းနယ္စပ္တို႔မွ ကုန္စည္အဝင္ရပ္တန႔္ေနခဲ့ျခင္းေၾကာင့္ ေဈးကြက္အတြင္း လက္က်န္ ကာ ေဈးမ်ား ျမင့္တက္ေနျခင္းျဖစ္သည္။
“တ႐ုတ္နယ္စပ္ နဲ႔ ထိုင္းနယ္စပ္က ကုန္စည္ေတြသြင္းလို႔မရတာ (၂)ႏွစ္ေက်ာ္ေလာက္ရွိလာၿပီေလ။ ျပည္တြင္းမွာ ထုတ္ႏိုင္တဲ့အင္အားလဲမရွိဘူးေလ၊ ဆိုင္ေတြမွာ လက္က်န္ေတာ္ေတာ္နည္းေနၿပီ ဒီႏွစ္ကုန္ေနာက္ ႏွစ္ထဲေလာက္ ဆိုရင္ ေရာင္းစရာပစၥည္းမရွိေတာ့ ေလာက္ဘူး။ ကုမၸဏီအႀကီးေတြကေတာ့ ပင္လယ္ေရေၾကာင္းကတဆင့္ သြင္းေနတာဆိုေတာ့ အဆင္ေျပတယ္။ သာမာန္ဆိုင္ေလးေတြကနယ္စပ္ကိုပဲ အားကိုးေနရတာ အဆင္မေျပေတာ့ ဘူး” ဟု ေတာင္ဒဂုံၿမိဳ႕နယ္မွေက်ာ္လွ်ပ္စစ္ပစၥည္းဆိုင္က ေျပာသည္။
ေဈးကြက္အတြင္းေရာင္းခ်ေနေသာ အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ားတြင္ ေရခဲေသတၱာ၊အဝတ္ေလွ်ာ္စက္၊တီဗြီ၊ ထမင္းေပါင္းအိုး၊လွ်ပ္စစ္မီးပူ၊ဒယ္နီႏွင့္ လွ်ပ္စစ္ပစၥည္းအမ်ိဳးမ်ိဳးတို႔သည္ တ႐ုတ္ႏိုင္ငံႏွင့္ထိုင္းႏိုင္ငံတို႔မွ နယ္စပ္ ကုန္သြယ္ေရးမွတဆင့္ တင္သြင္းရျခင္းျဖစ္သည္။
နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားသည္ လက္နက္ကိုင္ နယ္ေျမပဋိပကၡမ်ားေၾကာင့္ ကုန္စည္စီးဆင္းမႈ ႏွစ္ဖက္စလုံးမွရပ္ဆိုင္းေနျခင္းျဖစ္ၿပီး တရားမဝင္ကုန္သြယ္မႈအနည္းငယ္ကိုသာ ကုန္သြယ္ႏိုင္ေၾကာင္း သိရသည္။
“ျပည္တြင္းမွာပစၥည္းလက္က်န္အရမ္းနည္းလာေတာ့ ေဈးေတြကလည္း ေတာက္ေလ်ာက္တက္လာတယ္၊ တ႐ုတ္ ေရခဲေသတၱာ အေသးတစ္လုံးကို အခုဆိုဆယ္သိန္းေက်ာ္ေလာက္ေပါက္ေဈးရွိတယ္ ေနာက္ပိုင္းဆို ပစၥည္းျပတ္ တဲ့အထိျဖစ္လာႏိုင္တယ္” ဟု အိမ္သုံးလွ်ပ္စစ္ပစၥည္းေရာင္းခ်သူတစ္ဦးက ဆိုသည္။
လတ္တေလာ ရန္ကုန္ေဈးကြက္အတြင္း အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ား တံဆိပ္အသစ္ဝင္ေရာက္မႈနည္းပါးၿပီး ယခင္ တင္သြင္းၿပီး လက္က်န္မ်ားကိုသာ ဆက္လက္ေရာင္းခ်ေနရေၾကာင္း သိရသည္။
အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ားသည္ လတ္တေလာ မီး မၾကာခဏပ်က္လိုက္၊လာလိုက္ျဖစ္ေနသည့္ အေျခအေန ေၾကာင့္ ပ်က္စီးမႈမ်ားျပားေၾကာင္း၊ အသစ္ဝယ္ယူမႈထက္အေဟာင္းကိုျပင္၍ သုံးစြဲသူမ်ားျပားလာေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။