အဆိုပြုထားသည့်အမေရိကန်ငြိမ်းချမ်းရေးအစီအစဉ်က ယူကရိန်းအချုပ်အခြာအာဏာကို စွန့်လွှတ်ခိုင်းနေခြင်းမျိုးဖြစ်ကြောင်း သတင်းဌာန အများအပြား ဖော်ပြ

112

Pika (NP News) - နိုဝင်ဘာ ၂၂
ရုရှားနှင့်ပူးတွဲရေးဆွဲထားသော အမေရိကန်အဆိုပြုခဲ့သည့် ရုရှား-ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းရေးအစီအစဉ် တွင် ယူကရိန်းက အဓိကလိုက်လျောမှုများကို လုပ်ဆောင်ရန်လိုအပ်ပြီး ယင်းလိုက်လျောမှုများက ယူကရိန်း၏ အချုပ်အခြာအာဏာကို စွန့်လွှတ်ရာရောက်ကြောင်း Axios နှင့် Financial Times သတင်းစာတို့က ရေးသား ဖော်ပြခဲ့သည်။
သို့သော်လည်း အဆိုပါအဆိုပြုချက်ကို ရုရှားဘက်က အတည်ပြုခဲ့ခြင်းမျိုး မရှိသေးကြောင်း သိရသည်။ အချက်(၂၈)ချက်ပါဝင်သည့် မူဘောင်သဘောတူညီချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်က ယခုသီတင်းပတ်အတွင်း ယူကရိန်းသို့ပေးပို့ပေးခဲ့ကြောင်း အဆိုပါကိစ္စများနှင့်ရင်းနှီးသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး သတင်းရင်းမြစ်အမျိုးမျိုးက ရေးသားဖော်ပြခဲ့သည်။
စတိဗ်ဝစ်အော့ဖ်က မူဘောင်သဘောတူညီချက်တွင်ပါဝင်သည့် စည်းကမ်းချက်များကို ယူကရိန်းသမ္မတ ဇီလန်စကီးအား လက်ခံစေလိုကြောင်း အဆိုပါသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပြုခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်းက ရုရှားနှင့်ပူးပေါင်းသွားခဲ့သည့် နယ်မြေအစိတ်အပိုင်းများကို စွန့်လွှတ်ရန်၊ ယူကရိန်းစစ်တပ်၏ အရွယ်အစားကို ထက်ဝက်လျှော့ချရန်နှင့် အဓိကလက်နက်အမျိုးအစားများကို စွန့်လွှတ်ရန် လိုအပ်ကြောင်း Financial Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အမေရိကန်၏ စစ်ရေးအကူအညီများကို ပြန်လည်ရုတ်သိမ်းခြင်းလည်း အဆိုပါမူဘောင်သဘောတူညီချက် ထဲတွင် ပါဝင်ကြောင်း သိရသည်။ အမေရိကန်က အဆိုပြုခဲ့သည့်စည်းကမ်းချက်များကို လက်ခံခြင်းသည် ယူကရိန်း က ၎င်း၏ အချုပ်အခြာအာဏာကို စွန့်လွှတ်ရာရောက်ကြောင်း သတင်းရင်းမြစ်တစ်ခုက Financial Times သတင်းစာကို ပြောကြားခဲ့သည်။
ယင်းမူဘောင်သဘောတူညီချက်ထဲတွင် ယူကရိန်းနိုင်ငံ၏ တရားဝင်နိုင်ငံတော်ဘာသာစကားကို ရုရှားဘာသာ စကားအဖြစ် အသိအမှတ်ပြုရန်နှင့် နိုင်ငံအတွင်းတွင် အကြီးဆုံးခရစ်ယာန်ဂိုဏ်းဖြစ်သော ယူကရိန်း Orthodox ဘုရားကျောင်းကို တရားဝင်အဆင့်အတန်းနေရာတစ်ခုပေးအပ်ရန်လည်း ပြဌာန်းထားကြောင်း သိရသည်။

Zawgyi Version:
အဆိုျပဳထားသည့္အေမရိကန္ၿငိမ္းခ်မ္းေရးအစီအစဥ္က ယူကရိန္းအခ်ဳပ္အျခာအာဏာကို စြန႔္လႊတ္ခိုင္းေနျခင္းမ်ိဳးျဖစ္ေၾကာင္း သတင္းဌာန အမ်ားအျပား ေဖာ္ျပ
Pika (NP News) - ႏိုဝင္ဘာ ၂၂
႐ုရွားႏွင့္ပူးတြဲေရးဆြဲထားေသာ အေမရိကန္အဆိုျပဳခဲ့သည့္ ႐ုရွား-ယူကရိန္းပဋိပကၡအတြက္ ၿငိမ္းခ်မ္းေရးအစီအစဥ္ တြင္ ယူကရိန္းက အဓိကလိုက္ေလ်ာမႈမ်ားကို လုပ္ေဆာင္ရန္လိုအပ္ၿပီး ယင္းလိုက္ေလ်ာမႈမ်ားက ယူကရိန္း၏ အခ်ဳပ္အျခာအာဏာကို စြန႔္လႊတ္ရာေရာက္ေၾကာင္း Axios ႏွင့္ Financial Times သတင္းစာတို႔က ေရးသား ေဖာ္ျပခဲ့သည္။
သို႔ေသာ္လည္း အဆိုပါအဆိုျပဳခ်က္ကို ႐ုရွားဘက္က အတည္ျပဳခဲ့ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ အခ်က္(၂၈)ခ်က္ပါဝင္သည့္ မူေဘာင္သေဘာတူညီခ်က္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ အထူးသံတမန္ စတိဗ္ဝစ္ေအာ့ဖ္က ယခုသီတင္းပတ္အတြင္း ယူကရိန္းသို႔ေပးပို႔ေပးခဲ့ေၾကာင္း အဆိုပါကိစၥမ်ားႏွင့္ရင္းႏွီးသည့္ သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး သတင္းရင္းျမစ္အမ်ိဳးမ်ိဳးက ေရးသားေဖာ္ျပခဲ့သည္။
စတိဗ္ဝစ္ေအာ့ဖ္က မူေဘာင္သေဘာတူညီခ်က္တြင္ပါဝင္သည့္ စည္းကမ္းခ်က္မ်ားကို ယူကရိန္းသမၼတ ဇီလန္စကီးအား လက္ခံေစလိုေၾကာင္း အဆိုပါသတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။ အဆိုျပဳခဲ့သည့္ ၿငိမ္းခ်မ္းေရးအစီအစဥ္တြင္ ယူကရိန္းက ႐ုရွားႏွင့္ပူးေပါင္းသြားခဲ့သည့္ နယ္ေျမအစိတ္အပိုင္းမ်ားကို စြန႔္လႊတ္ရန္၊ ယူကရိန္းစစ္တပ္၏ အ႐ြယ္အစားကို ထက္ဝက္ေလွ်ာ့ခ်ရန္ႏွင့္ အဓိကလက္နက္အမ်ိဳးအစားမ်ားကို စြန႔္လႊတ္ရန္ လိုအပ္ေၾကာင္း Financial Times သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။
ထို႔ျပင္ အေမရိကန္၏ စစ္ေရးအကူအညီမ်ားကို ျပန္လည္႐ုတ္သိမ္းျခင္းလည္း အဆိုပါမူေဘာင္သေဘာတူညီခ်က္ ထဲတြင္ ပါဝင္ေၾကာင္း သိရသည္။ အေမရိကန္က အဆိုျပဳခဲ့သည့္စည္းကမ္းခ်က္မ်ားကို လက္ခံျခင္းသည္ ယူကရိန္း က ၎၏ အခ်ဳပ္အျခာအာဏာကို စြန႔္လႊတ္ရာေရာက္ေၾကာင္း သတင္းရင္းျမစ္တစ္ခုက Financial Times သတင္းစာကို ေျပာၾကားခဲ့သည္။
ယင္းမူေဘာင္သေဘာတူညီခ်က္ထဲတြင္ ယူကရိန္းႏိုင္ငံ၏ တရားဝင္ႏိုင္ငံေတာ္ဘာသာစကားကို ႐ုရွားဘာသာ စကားအျဖစ္ အသိအမွတ္ျပဳရန္ႏွင့္ ႏိုင္ငံအတြင္းတြင္ အႀကီးဆုံးခရစ္ယာန္ဂိုဏ္းျဖစ္ေသာ ယူကရိန္း Orthodox ဘုရားေက်ာင္းကို တရားဝင္အဆင့္အတန္းေနရာတစ္ခုေပးအပ္ရန္လည္း ျပဌာန္းထားေၾကာင္း သိရသည္။