အိန္ဒိယငါးလုပ်ငန်းဌာန(၂၅)ခုအတွက် ခွင့်ပြုချက်များကို ရုရှားအစိုးရ စီမံဆောင်ရွက်နေ

57

Pika (NP News) - နိုဝင်ဘာ ၂၂
ရုရှားနိုင်ငံသည် အိန္ဒိယငါးလုပ်ငန်းဌာန(၂၅)ခုနီးပါး၏ ခွင့်ပြုချက်များကို စီမံဆောင်ရွက်နေကြောင်း PTI သတင်း အေဂျင်စီက ရေးသားဖော်ပြခဲ့သည်။ အဆိုပါခွင့်ပြုချက်များသည် အိန္ဒိယငါးလုပ်ငန်းဌာန(၂၅)ခုကို ရုရှားနိုင်ငံသို့ တင်ပို့မှုများ လုပ်ဆောင်စေနိုင်လိမ့်မည်ဖြစ်ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal က ပြောကြားခဲ့သည်။
လာမည့်လတွင် အိန္ဒိယနိုင်ငံသို့လာရောက်လည်ပတ်မည့် ရုရှားသမ္မတပူတင်၏ ခရီးစဉ်အတွင်း အိန္ဒိယနှင့် ကုန်သွယ်ရေးမညီမျှမှု တိုးပွားလာမှုကိုဖြေရှင်းရန် ရုရှားဘက်က ရည်ရွယ်ထားကြောင်းလည်း သိရသည်။ အိန္ဒိယနိုင်ငံ၏ ရုရှားသို့ ပို့ကုန်များမှာ အမေရိကန်ဒေါ်လာ(၅)ဘီလျံတန်ဖိုးရှိပြီး ရုရှားထံမှတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ(၆၄)ဘီလျံရှိကြောင်း သိရသည်။
ထို့ပြင် ရုရှားနှင့်အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံကြားကုန်သွယ်မှုကို လာမည့်(၂၀၃၀)ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀၀)ဘီလျံအထိ တိုးမြှင့်ရန်ရည်ရွယ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် ဥရောပသမဂ္ဂသည် အိန္ဒိယ မှ ရေထွက်ပစ္စည်းဌာန(၁ဝ၂) ခုကို အတည်ပြုခဲ့ပြီး ဥရောပသမဂ္ဂက စာရင်းပြုစုခဲ့သော အိန္ဒိယ ရေထွက် ပစ္စည်းဌာန စုစုပေါင်း (၆ဝ၄)ခုအထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။အိန္ဒိယနိုင်ငံသည် ၎င်း၏ ပုဇွန် နှင့် ငါးတင်ပို့မှု များကို ပိုပြီးမြှင့်တင်နိုင်ရန်အတွက် ယူအေအီး အပါအဝင် အခြားနိုင်ငံအများအပြားနှင့်ဆွေးနွေးနေကြောင်း Piyush Goyal က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်က (၅၀)ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကို ချမှတ် ခဲ့ပြီးနောက် အိန္ဒိယ၏ ပုဇွန်တင်ပို့မှုများအပေါ် ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အိန္ဒိယသည် အမေရိကန်ဒေါ်လာ(၄ ဒသမ ၈၈) ဘီလျံတန်ဖိုးရှိ ပုဇွန်များကို တင်ပို့ခဲ့ပြီး ၎င်း၏ ပင်လယ်စာတင်ပို့မှု စုစုပေါင်း၏ (၆၆)ရာခိုင်နှုန်းခန့် ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယငါးလုပ္ငန္းဌာန(၂၅)ခုအတြက္ ခြင့္ျပဳခ်က္မ်ားကို ႐ုရွားအစိုးရ စီမံေဆာင္႐ြက္ေန
Pika (NP News) - ႏိုဝင္ဘာ ၂၂
႐ုရွားႏိုင္ငံသည္ အိႏၵိယငါးလုပ္ငန္းဌာန(၂၅)ခုနီးပါး၏ ခြင့္ျပဳခ်က္မ်ားကို စီမံေဆာင္႐ြက္ေနေၾကာင္း PTI သတင္း ေအဂ်င္စီက ေရးသားေဖာ္ျပခဲ့သည္။ အဆိုပါခြင့္ျပဳခ်က္မ်ားသည္ အိႏၵိယငါးလုပ္ငန္းဌာန(၂၅)ခုကို ႐ုရွားႏိုင္ငံသို႔ တင္ပို႔မႈမ်ား လုပ္ေဆာင္ေစႏိုင္လိမ့္မည္ျဖစ္ေၾကာင္း အိႏၵိယကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး Piyush Goyal က ေျပာၾကားခဲ့သည္။
လာမည့္လတြင္ အိႏၵိယႏိုင္ငံသို႔လာေရာက္လည္ပတ္မည့္ ႐ုရွားသမၼတပူတင္၏ ခရီးစဥ္အတြင္း အိႏၵိယႏွင့္ ကုန္သြယ္ေရးမညီမွ်မႈ တိုးပြားလာမႈကိုေျဖရွင္းရန္ ႐ုရွားဘက္က ရည္႐ြယ္ထားေၾကာင္းလည္း သိရသည္။ အိႏၵိယႏိုင္ငံ၏ ႐ုရွားသို႔ ပို႔ကုန္မ်ားမွာ အေမရိကန္ေဒၚလာ(၅)ဘီလ်ံတန္ဖိုးရွိၿပီး ႐ုရွားထံမွတင္သြင္းမႈမွာ အေမရိကန္ေဒၚလာ(၆၄)ဘီလ်ံရွိေၾကာင္း သိရသည္။
ထို႔ျပင္ ႐ုရွားႏွင့္အိႏၵိယႏိုင္ငံတို႔သည္ ႏွစ္ႏိုင္ငံၾကားကုန္သြယ္မႈကို လာမည့္(၂၀၃၀)ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၁၀၀)ဘီလ်ံအထိ တိုးျမႇင့္ရန္ရည္႐ြယ္ထားေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ စက္တင္ဘာလတြင္ ဥေရာပသမဂၢသည္ အိႏၵိယ မွ ေရထြက္ပစၥည္းဌာန(၁ဝ၂) ခုကို အတည္ျပဳခဲ့ၿပီး ဥေရာပသမဂၢက စာရင္းျပဳစုခဲ့ေသာ အိႏၵိယ ေရထြက္ ပစၥည္းဌာန စုစုေပါင္း (၆ဝ၄)ခုအထိ ရွိလာၿပီျဖစ္ေၾကာင္းသိရသည္။အိႏၵိယႏိုင္ငံသည္ ၎၏ ပုဇြန္ ႏွင့္ ငါးတင္ပို႔မႈ မ်ားကို ပိုၿပီးျမႇင့္တင္ႏိုင္ရန္အတြက္ ယူေအအီး အပါအဝင္ အျခားႏိုင္ငံအမ်ားအျပားႏွင့္ေဆြးေႏြးေနေၾကာင္း Piyush Goyal က ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္လမ်ားအတြင္း အေမရိကန္က (၅၀)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈကို ခ်မွတ္ ခဲ့ၿပီးေနာက္ အိႏၵိယ၏ ပုဇြန္တင္ပို႔မႈမ်ားအေပၚ ျပင္းျပင္းထန္ထန္ အက်ိဳးသက္ေရာက္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ ၂၀၂၄-၂၀၂၅ ခုႏွစ္တြင္ အိႏၵိယသည္ အေမရိကန္ေဒၚလာ(၄ ဒသမ ၈၈) ဘီလ်ံတန္ဖိုးရွိ ပုဇြန္မ်ားကို တင္ပို႔ခဲ့ၿပီး ၎၏ ပင္လယ္စာတင္ပို႔မႈ စုစုေပါင္း၏ (၆၆)ရာခိုင္ႏႈန္းခန႔္ ရွိခဲ့ေၾကာင္း သိရသည္။