တရုတ်(တိုင်ပေ)ကျွန်း မှတ်ချက်နှင့်ပတ်သက်ပြီး ဂျပန်အပေါ် နောက်ထပ်အရေးယူမှုများလုပ်ဆောင်သွားမည်ဟု တရုတ်ခြိမ်းခြောက်

233

Pika (NP News) - နိုဝင်ဘာ ၂၂
တရုတ်(တိုင်ပေ)ကျွန်းနှင့်ပတ်သက်သည့်မှတ်ချက်များကို ဂျပန်ကပြန်လည်ရုတ်သိမ်းပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံများကိုကာကွယ်ရန် ခိုင်မာသောလုပ်ရပ်များကို မလုပ်ဆောင်ပါက ဂျပန်အပေါ် နောက်ထပ်အရေးယူမှုများ လုပ်ဆောင်ရန်မှလွဲပြီး အခြားရွေးချယ်စရာများမရှိကြောင်း တရုတ်အစိုးရက သတိပေးပြောဆိုခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဆာနဲတာကာချီ၏ တရုတ်(တိုင်ပေ)နှင့်ပတ်သက်သည့် မှတ်ချက်များသည် တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ပျက်စီးစေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ထုတ်ပြန်ပြောကြားခဲ့သည်။
မာအိုနင်က “ဂျပန်က တရုတ်(တိုင်ပေ)နဲ့ပတ်သက်တဲ့မှတ်ချက်တွေကို ပြန်လည်ရုတ်သိမ်းဖို့ ငြင်းဆန်ပြီး အမှားတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် တရုတ်က ပြင်းထန်ပြီးပြတ်သားတဲ့ တန်ပြန်အစီအစဉ်တွေကို လုပ်ဆောင်သွားမှာပါ။ ဒီလိုမျိုးမှတ်ချက်ပေးတာနဲ့ပတ်သက်တဲ့အကျိုးဆက်တွေကို ဂျပန်က ရင်ဆိုင်ရပါလိမ့်မယ်” ဟု သတိပေးပြောဆိုခဲ့သည်။
တရုတ်က တရုတ်(တိုင်ပေ)ကျွန်းကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့မည်ဆိုပါက ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဖြင့် ဂျပန်က တုံ့ပြန်မှုများလုပ်ဆောင်သွားနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနဲတာကာချီက ယခုလအစောပိုင်းတွင် အကြံပြုပြောဆိုခဲ့ပြီးနောက် မာအိုနင်၏ သတိပေးပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကျွန်းကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်း ရန်အတွက် လိုအပ်ပါက အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ် ကတိပြုပြောခဲ့သည်။ သို့သော်လည်း တရုတ်(တိုင်ပေ)အစိုးရက တရုတ်၏ ပြောဆိုချက်များကို ငြင်းဆန်ပယ်ချ ထားပြီး တရုတ်(တိုင်ပေ)ပြည်သူများကသာ ၎င်းတို့၏ ကိုယ်ပိုင်အနာဂါတ်ကို ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ကြၽန္း မွတ္ခ်က္ႏွင့္ပတ္သက္ၿပီး ဂ်ပန္အေပၚ ေနာက္ထပ္အေရးယူမႈမ်ားလုပ္ေဆာင္သြားမည္ဟု တ႐ုတ္ၿခိမ္းေျခာက္
Pika (NP News) - ႏိုဝင္ဘာ ၂၂
တ႐ုတ္(တိုင္ေပ)ကြၽန္းႏွင့္ပတ္သက္သည့္မွတ္ခ်က္မ်ားကို ဂ်ပန္ကျပန္လည္႐ုတ္သိမ္းၿပီး ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး၏ ႏိုင္ငံေရးအေျခခံမ်ားကိုကာကြယ္ရန္ ခိုင္မာေသာလုပ္ရပ္မ်ားကို မလုပ္ေဆာင္ပါက ဂ်ပန္အေပၚ ေနာက္ထပ္အေရးယူမႈမ်ား လုပ္ေဆာင္ရန္မွလြဲၿပီး အျခားေ႐ြးခ်ယ္စရာမ်ားမရွိေၾကာင္း တ႐ုတ္အစိုးရက သတိေပးေျပာဆိုခဲ့သည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆာနဲတာကာခ်ီ၏ တ႐ုတ္(တိုင္ေပ)ႏွင့္ပတ္သက္သည့္ မွတ္ခ်က္မ်ားသည္ တ႐ုတ္-ဂ်ပန္ ဆက္ဆံေရး၏ ႏိုင္ငံေရးအေျခခံကို ပ်က္စီးေစခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က ထုတ္ျပန္ေျပာၾကားခဲ့သည္။
မာအိုနင္က “ဂ်ပန္က တ႐ုတ္(တိုင္ေပ)နဲ႔ပတ္သက္တဲ့မွတ္ခ်က္ေတြကို ျပန္လည္႐ုတ္သိမ္းဖို႔ ျငင္းဆန္ၿပီး အမွားေတြ ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ တ႐ုတ္က ျပင္းထန္ၿပီးျပတ္သားတဲ့ တန္ျပန္အစီအစဥ္ေတြကို လုပ္ေဆာင္သြားမွာပါ။ ဒီလိုမ်ိဳးမွတ္ခ်က္ေပးတာနဲ႔ပတ္သက္တဲ့အက်ိဳးဆက္ေတြကို ဂ်ပန္က ရင္ဆိုင္ရပါလိမ့္မယ္” ဟု သတိေပးေျပာဆိုခဲ့သည္။
တ႐ုတ္က တ႐ုတ္(တိုင္ေပ)ကြၽန္းကို တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့မည္ဆိုပါက ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ျဖင့္ ဂ်ပန္က တုံ႔ျပန္မႈမ်ားလုပ္ေဆာင္သြားႏိုင္ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆာနဲတာကာခ်ီက ယခုလအေစာပိုင္းတြင္ အႀကံျပဳေျပာဆိုခဲ့ၿပီးေနာက္ မာအိုနင္၏ သတိေပးေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ တ႐ုတ္အစိုးရက တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎၏ ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္း ရန္အတြက္ လိုအပ္ပါက အင္အားသုံးေျဖရွင္းသြားမည္ျဖစ္ေၾကာင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ ကတိျပဳေျပာခဲ့သည္။ သို႔ေသာ္လည္း တ႐ုတ္(တိုင္ေပ)အစိုးရက တ႐ုတ္၏ ေျပာဆိုခ်က္မ်ားကို ျငင္းဆန္ပယ္ခ် ထားၿပီး တ႐ုတ္(တိုင္ေပ)ျပည္သူမ်ားကသာ ၎တို႔၏ ကိုယ္ပိုင္အနာဂါတ္ကို ဆုံးျဖတ္ႏိုင္စြမ္းရွိေၾကာင္း ျပန္လည္တုံ႔ျပန္ခဲ့သည္။