ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ် (၆) ဦးက သေဒဏ်ပေးနိုင်သည့်ပုန်ကန်မှုမျိုး လုပ်ဆောင်ခဲ့ဟု အမေရိကန်သမ္မတ စွပ်စွဲဝေဖန်

 104

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၂

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆီးနိတ်ဒီမိုကရက်တစ်ပါတီလွှတ်တော်ကိုယ်စားလှယ် (၆)ဦးသည် သေဒဏ်ပေးနိုင်သည့်ပြစ်မှုဖြစ်သည့် ပုန်ကန်သောလုပ်ရပ်များကိုလုပ်ဆောင်လျက်ရှိနေကြောင်း စွပ်စွဲပြစ်တင်လိုက် သည်။ ဒီမိုကရက်တစ်ပါတီက အမေရိကန်တပ်ဖွဲ့ဝင်များသည် ဥပဒေဖြင့် မညီသောအမိန့်များကို ငြင်းဆန်ရမည် ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် တောင်းဆိုခဲ့ပြီးနောက် သမ္မတထရမ့်က ယင်းကဲ့သို့ စွပ်စွဲပြစ်တင်လိုက်ခြင်းဖြစ် သည်။
အမေရိကန်သမ္မတက ‘ဒီမိုကရက်တစ်ပါ တီအမတ်တွေရဲ့လုပ်ရပ်က အမှန်ကို ဆိုးရွားလွန်းတယ်။ နိုင်ငံအတွက် အန္တရာယ်ရှိစေတယ်။ ဒီမိုကရက် တစ်ပါတီကိုယ်စားလှယ်တွေရဲ့ပြောဆိုချက်တွေက နိုင်ငံကို သစ္စာဖောက်ပုန်ကန်တဲ့ ပြောဆိုမှုမျိုးဖြစ် တယ်။ အဲဒီပြောဆိုချက်မျိုးကို ခွင့်မပြုနိုင်ဘူး’ ဟု ပြောသည်။
ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ် ခြောက်ဦးသည် အမေရိကန်စစ်တပ်နှင့်ထောက်လှမ်း ရေးအဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ် ပြီးပြီးခဲ့သောရက်ပိုင်းတွင် ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များကို ပြန်လည်တုံ့ပြန်ခဲ့ ကြောင်းသိရသည်။
ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက အမေရိကန်သမ္မတ၏ပြောဆိုချက်များက ရွေး ကောက်ခံကိုယ်စားလှယ်များကို ခြိမ်းခြောက်မှုများဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ‘ကျွန်တော်တို့ရဲ့ပြောဆိုချက်တွေက ခြိမ်းခြောက် မှုမရှိပါဘူး၊ ကျွန်တော်နိုင်ငံရဲ့ဥပဒေတွေက ရှင်းလင်းပါတယ်။ တရားမဝင်အမိန့်တွေကို ငြင်းဆန်ပိုင်ခွင့်ရှိတယ်။ ဘယ်သူ မှ ဥပဒေကိုချိုးဖောက်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်တာမျိုးလုပ်လို့မရဘူး။ ကျွန်တော်တို့ အမေရိကန်နိုင်ငံသားအားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမှာဖြစ်တယ်။ လက်ရှိအချိန်မှာ အမေရိကန် နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ပနိုင်ငံတွေက ခြိမ်းခြောက်တာမျိုးမရှိဘဲ ပြည်တွင်းက ခြိမ်းခြောက်နေတယ်။ လက်ရှိ အမေရိကန်အစိုးရဟာ ကျွန်တော်တို့ရဲ့ယူနီဖောင်းဝတ်ထားတဲ့စစ်တပ်နဲ့ ထောက်လှမ်းရေးအသိုင်းအဝိုင်းက ပညာရှင်တွေနဲ့ အမေရိကန်နိုင်ငံသားတွေကိုအနိုင်ကျင့်ဖို့ လုပ်ဆောင်နေတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံတွင် ရီပတ်ဘလီကန်ပါတီမှ ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီကြား အငြင်းပွားမှုများ၊ အပြန်အလှန်ပြစ်တင်ဝေဖန်မှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဒီမိုကရက္တစ္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ (၆) ဦးက ေသဒဏ္ေပးႏိုင္သည့္ပုန္ကန္မႈမ်ိဳး လုပ္ေဆာင္ခဲ့ဟု အေမရိကန္သမၼတ စြပ္စြဲေဝဖန္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၂
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဆီးနိတ္ဒီမိုကရက္တစ္ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ (၆)ဦးသည္ ေသဒဏ္ေပးႏိုင္သည့္ျပစ္မႈျဖစ္သည့္ ပုန္ကန္ေသာလုပ္ရပ္မ်ားကိုလုပ္ေဆာင္လ်က္ရွိေနေၾကာင္း စြပ္စြဲျပစ္တင္လိုက္ သည္။ ဒီမိုကရက္တစ္ပါတီက အေမရိကန္တပ္ဖြဲ႕ဝင္မ်ားသည္ ဥပေဒျဖင့္ မညီေသာအမိန႔္မ်ားကို ျငင္းဆန္ရမည္ ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေတာင္းဆိုခဲ့ၿပီးေနာက္ သမၼတထရမ့္က ယင္းကဲ့သို႔ စြပ္စြဲျပစ္တင္လိုက္ျခင္းျဖစ္ သည္။
အေမရိကန္သမၼတက ‘ဒီမိုကရက္တစ္ပါ တီအမတ္ေတြရဲ႕လုပ္ရပ္က အမွန္ကို ဆိုး႐ြားလြန္းတယ္။ ႏိုင္ငံအတြက္ အႏၲရာယ္ရွိေစတယ္။ ဒီမိုကရက္ တစ္ပါတီကိုယ္စားလွယ္ေတြရဲ႕ေျပာဆိုခ်က္ေတြက ႏိုင္ငံကို သစၥာေဖာက္ပုန္ကန္တဲ့ ေျပာဆိုမႈမ်ိဳးျဖစ္ တယ္။ အဲဒီေျပာဆိုခ်က္မ်ိဳးကို ခြင့္မျပဳႏိုင္ဘူး’ ဟု ေျပာသည္။
ဒီမိုကရက္တစ္ပါတီ၏ ကိုယ္စားလွယ္ ေျခာက္ဦးသည္ အေမရိကန္စစ္တပ္ႏွင့္ေထာက္လွမ္း ေရးအဖြဲ႕မ်ားတြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူမ်ားျဖစ္ ၿပီးၿပီးခဲ့ေသာရက္ပိုင္းတြင္ ေဒၚနယ္ထရမ့္၏ ေျပာဆိုခ်က္မ်ားကို ျပန္လည္တုံ႔ျပန္ခဲ့ ေၾကာင္းသိရသည္။
ဒီမိုကရက္တစ္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္(၆)ဦးက အေမရိကန္သမၼတ၏ေျပာဆိုခ်က္မ်ားက ေ႐ြး ေကာက္ခံကိုယ္စားလွယ္မ်ားကို ၿခိမ္းေျခာက္မႈမ်ားျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္။
ဒီမိုကရက္တစ္ပါတီ၏ လႊတ္ေတာ္ကိုယ္စားလွယ္(၆)ဦးက ‘ကြၽန္ေတာ္တို႔ရဲ႕ေျပာဆိုခ်က္ေတြက ၿခိမ္းေျခာက္ မႈမရွိပါဘူး၊ ကြၽန္ေတာ္ႏိုင္ငံရဲ႕ဥပေဒေတြက ရွင္းလင္းပါတယ္။ တရားမဝင္အမိန႔္ေတြကို ျငင္းဆန္ပိုင္ခြင့္ရွိတယ္။ ဘယ္သူ မွ ဥပေဒကိုခ်ိဳးေဖာက္တာ၊ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေက်ာ္လြန္လုပ္ေဆာင္တာမ်ိဳးလုပ္လို႔မရဘူး။ ကြၽန္ေတာ္တို႔ အေမရိကန္ႏိုင္ငံသားအားလုံးဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ရမွာျဖစ္တယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္ ႏိုင္ငံရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပည္ပႏိုင္ငံေတြက ၿခိမ္းေျခာက္တာမ်ိဳးမရွိဘဲ ျပည္တြင္းက ၿခိမ္းေျခာက္ေနတယ္။ လက္ရွိ အေမရိကန္အစိုးရဟာ ကြၽန္ေတာ္တို႔ရဲ႕ယူနီေဖာင္းဝတ္ထားတဲ့စစ္တပ္နဲ႔ ေထာက္လွမ္းေရးအသိုင္းအဝိုင္းက ပညာရွင္ေတြနဲ႔ အေမရိကန္ႏိုင္ငံသားေတြကိုအႏိုင္က်င့္ဖို႔ လုပ္ေဆာင္ေနတယ္” ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံတြင္ ရီပတ္ဘလီကန္ပါတီမွ ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ႏွင့္ ဒီမိုကရက္တစ္ပါတီၾကား အျငင္းပြားမႈမ်ား၊ အျပန္အလွန္ျပစ္တင္ေဝဖန္မႈမ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.