ဂျပန်က PAC-3 ဒုံးကျည်များကို အမေရိကန်သို့ လွှဲပြောင်း

151

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၂
ဂျပန်နိုင်ငံအနေဖြင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်အမျိုးအစားဖြစ်သော PAC-3 ဒုံးကျည်ကို အမေရိကန်နိုင်ငံသို့ အလုံးစုံလွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း၊ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ကီရာဟာက ထုတ်ဖော်ပြောဆိုလိုက် သည်။
အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ယူကရိန်းနိုင်ငံကို ကူညီပံ့ပိုးနိုင်ရန်အတွက် PAC-3 အမျိုး အစားဒုံးကျည်များ ဝယ်ယူရန်အတွက် ဂျပန်နိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရသည်။ ဂျပန်နိုင်ငံသည် ဒုံးကျည်များကို အမေရိကန် နိုင်ငံသို့ပေးပို့ခြင်းများကြောင့် ယူကရိန်းနိုင်ငံကိုသွယ် ဝိုက်ပြီး ကူညီပေးခြင်းဖြစ်ကြောင်းသိရသည်။
ဂျပန်အစိုးရသည် PAC-3 အမျိုးအစား ဒုံးကျည်များကို အမေရိကန်နိုင်ငံထံ အရေအတွက်မည်မျှပေးပို့ခဲ့သည် ဆိုသောအချက်ကို အတိအကျ သတင်းထုတ်ပြန်ခြင်းမရှိကြောင်းသိရသည်။ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ကီရာ ဟာက ‘ဒုံးကျည်တွေ လွှဲပြောင်းပေးပို့မှုက ဂျပန်နဲ့အမေရိကန်ကြား မဟာမိတ်ဖြစ်မှုကို ပိုမိုအားကောင်းအောင် အထောက်အကူဖြစ်စေမယ်။ အင်ဒို-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်း ရေးနဲ့တည်ငြိမ်ရေး ပိုမိုအားကောင်းအောင် အ ထောက်အပံ့ဖြစ်စေမယ်’ဟုပြောသည်။ အမေရိကန်နိုင်ငံသို့ PAC-3 အမျိုးအစား ဒုံးကျည်များလွှဲပြောင်း ပေးမှုသည် ဂျပန်နိုင်ငံအတွက် ပြည်တွင်းတွင် ပြည်ပလိုင်စင်ဖြင့်ထုတ်လုပ်သောဒုံးကျည်ကို အခြားပြည်ပနိုင်ငံသို့ ပထမဆုံး အကြိမ် လွှဲပြောင်းပေးအပ်မှုလည်းဖြစ်သည်။ အမေရိကန်နိုင်ငံသို့ ဒုံးကျည်လွှဲပြောင်းပေမှုသည် အမေရိကန်၏ ဒုံးကျည်သို လှောင်ရုံများတွင် လိုအပ်လျက်ရှိနေသည့်ဒုံးကျည်များ ပြန်လည်ဖြည့် တင်းပေးရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးကပြောသည်။ ဂျပန်နိုင်ငံမှထုတ်လုပ်သော အဆိုပါဒုံးကျည်ကို ကမ္ဘာတစ်ဝန်းတွင်ဖြစ် ပွားခဲ့ သော စစ်ပွဲအများအပြားတွင်အသုံးပြုခဲ့ဖူးပြီး အကွာအဝေး အနည်းဆုံး(၂၀)ကီလိုမီတာကို ပစ်ခတ် နိုင်စွမ်းရှိကြောင်း သိရသည်။
ဂျပန်အစိုးရကတော့ PAC-3 အမျိုးအစားဒုံးကျည်များကို အမေရိကန်နိုင်ငံသို့ပို့ဆောင်ရာတွင် အခြားတစ်နိုင်ငံ သို့ ကူညီလွှဲပြောင်းပေးခြင်းများ ခွင့်ပြုခြင်းမျိုးမရှိကြောင်း ပြောသည်။

Zawgyi Version:
ဂ်ပန္က PAC-3 ဒုံးက်ည္မ်ားကို အေမရိကန္သို႔ လႊဲေျပာင္း
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၂
ဂ်ပန္ႏိုင္ငံအေနျဖင့္ ေျမျပင္မွေဝဟင္ပစ္ ဒုံးက်ည္အမ်ိဳးအစားျဖစ္ေသာ PAC-3 ဒုံးက်ည္ကို အေမရိကန္ႏိုင္ငံသို႔ အလုံးစုံလႊဲေျပာင္းေပးလိုက္ၿပီ ျဖစ္ေၾကာင္း၊ ဂ်ပန္အစိုးရအဖြဲ႕ အတြင္းေရးမႉး ကီရာဟာက ထုတ္ေဖာ္ေျပာဆိုလိုက္ သည္။
အေမရိကန္ႏိုင္ငံသည္ ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္လအတြင္း ယူကရိန္းႏိုင္ငံကို ကူညီပံ့ပိုးႏိုင္ရန္အတြက္ PAC-3 အမ်ိဳး အစားဒုံးက်ည္မ်ား ဝယ္ယူရန္အတြက္ ဂ်ပန္ႏိုင္ငံႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္းသိရသည္။ ဂ်ပန္ႏိုင္ငံသည္ ဒုံးက်ည္မ်ားကို အေမရိကန္ ႏိုင္ငံသို႔ေပးပို႔ျခင္းမ်ားေၾကာင့္ ယူကရိန္းႏိုင္ငံကိုသြယ္ ဝိုက္ၿပီး ကူညီေပးျခင္းျဖစ္ေၾကာင္းသိရသည္။
ဂ်ပန္အစိုးရသည္ PAC-3 အမ်ိဳးအစား ဒုံးက်ည္မ်ားကို အေမရိကန္ႏိုင္ငံထံ အေရအတြက္မည္မွ်ေပးပို႔ခဲ့သည္ ဆိုေသာအခ်က္ကို အတိအက် သတင္းထုတ္ျပန္ျခင္းမရွိေၾကာင္းသိရသည္။ ဂ်ပန္အစိုးရအဖြဲ႕ အတြင္းေရးမႉး ကီရာ ဟာက ‘ဒုံးက်ည္ေတြ လႊဲေျပာင္းေပးပို႔မႈက ဂ်ပန္နဲ႔အေမရိကန္ၾကား မဟာမိတ္ျဖစ္မႈကို ပိုမိုအားေကာင္းေအာင္ အေထာက္အကူျဖစ္ေစမယ္။ အင္ဒို-ပစိဖိတ္ေဒသအတြင္း ၿငိမ္းခ်မ္း ေရးနဲ႔တည္ၿငိမ္ေရး ပိုမိုအားေကာင္းေအာင္ အ ေထာက္အပံ့ျဖစ္ေစမယ္’ဟုေျပာသည္။ အေမရိကန္ႏိုင္ငံသို႔ PAC-3 အမ်ိဳးအစား ဒုံးက်ည္မ်ားလႊဲေျပာင္း ေပးမႈသည္ ဂ်ပန္ႏိုင္ငံအတြက္ ျပည္တြင္းတြင္ ျပည္ပလိုင္စင္ျဖင့္ထုတ္လုပ္ေသာဒုံးက်ည္ကို အျခားျပည္ပႏိုင္ငံသို႔ ပထမဆုံး အႀကိမ္ လႊဲေျပာင္းေပးအပ္မႈလည္းျဖစ္သည္။ အေမရိကန္ႏိုင္ငံသို႔ ဒုံးက်ည္လႊဲေျပာင္းေပမႈသည္ အေမရိကန္၏ ဒုံးက်ည္သို ေလွာင္႐ုံမ်ားတြင္ လိုအပ္လ်က္ရွိေနသည့္ဒုံးက်ည္မ်ား ျပန္လည္ျဖည့္ တင္းေပးရန္ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ဂ်ပန္ အစိုးရအဖြဲ႕ အတြင္းေရးမႉးကေျပာသည္။ ဂ်ပန္ႏိုင္ငံမွထုတ္လုပ္ေသာ အဆိုပါဒုံးက်ည္ကို ကမာၻတစ္ဝန္းတြင္ျဖစ္ ပြားခဲ့ ေသာ စစ္ပြဲအမ်ားအျပားတြင္အသုံးျပဳခဲ့ဖူးၿပီး အကြာအေဝး အနည္းဆုံး(၂၀)ကီလိုမီတာကို ပစ္ခတ္ ႏိုင္စြမ္းရွိေၾကာင္း သိရသည္။
ဂ်ပန္အစိုးရကေတာ့ PAC-3 အမ်ိဳးအစားဒုံးက်ည္မ်ားကို အေမရိကန္ႏိုင္ငံသို႔ပို႔ေဆာင္ရာတြင္ အျခားတစ္ႏိုင္ငံ သို႔ ကူညီလႊဲေျပာင္းေပးျခင္းမ်ား ခြင့္ျပဳျခင္းမ်ိဳးမရွိေၾကာင္း ေျပာသည္။