ပေါ်ဆန်းဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် အိမ်အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ရပ်ကွက်များသို့လှည့်လည်၍လည်းကောင်း ရောင်းချပေးမည်

229

Pearl (NP News) - နိုဝင်ဘာ ၂၂
ပေါ်ဆန်းဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် အိမ်အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ရပ်ကွက်များသို့ လှည့်လည်၍လည်းကောင်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် နိုဝင်ဘာလ(၂၆) ရက်မှစတင်ပြီး စားသုံးသူ အိမ်ထောင်စုများထံသို့ အိတ်အကြီး (၁၀၈ ပေါင် - ၂၄ ပြည်) အား အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် လည်းကောင်း၊ အိတ်အသေး (10 Kg, 5 Kg) များအား ရပ်ကွက်များ၊ ဈေးများသို့ လှည့်လည်ရောင်းချမှုကို လည်းကောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း ပေါ်ဆန်းဆန် (ရွှေဘိုပေါ်ဆန်း/ ဧရာဝတီပေါ်ဆန်း) သိုလှောင်ဖြန့်ဖြူးရောင်းချနေသူများ/ လက်လီဆိုင်များ အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်တို့နှင့်ဆက်သွယ်ပြီး ဤအစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မိမိတို့ လက်ဝယ်သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၄-၁၀-၂၀၂၄) ရက်စွဲပါ အမိန့်အမှတ် (၈၂/ ၂၀၂၄) အရ စီးပွားရေးအလို့ငှာ ဆန်စပါးသိုလှောင်မှုကို မြန်မာ ဆန်စပါးအွန်လိုင်း (MyRO) တွင် မှတ်ပုံတင်ရမည်ဖြစ်၍ သိုလှောင်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများအနေဖြင့် MyRO စနစ်တွင် မှတ်ပုံတင်ရန်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁) ရက်မှ (၇) ရက်အတွင်း MyRO တွင် စာရင်းထည့်သွင်းရန်တို့အား မပျက်မကွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်မံ၍ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ေပၚဆန္းဆန္ေဈးႏႈန္းမ်ား တည္ၿငိမ္မွန္ကန္ေစေရးအတြက္ အိမ္အေရာက္ပို႔စနစ္ျဖင့္လည္းေကာင္း၊ ရပ္ကြက္မ်ားသို႔လွည့္လည္၍လည္းေကာင္း ေရာင္းခ်ေပးမည္
Pearl (NP News) - ႏိုဝင္ဘာ ၂၂
ေပၚဆန္းဆန္ေဈးႏႈန္းမ်ား တည္ၿငိမ္မွန္ကန္ေစေရးအတြက္ အိမ္အေရာက္ပို႔စနစ္ျဖင့္လည္းေကာင္း၊ ရပ္ကြက္မ်ားသို႔ လွည့္လည္၍လည္းေကာင္း ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေပၚဆန္းဆန္ေဈးႏႈန္းမ်ား တည္ၿငိမ္မွန္ကန္ေစေရးအတြက္ ႏိုဝင္ဘာလ(၂၆) ရက္မွစတင္ၿပီး စားသုံးသူ အိမ္ေထာင္စုမ်ားထံသို႔ အိတ္အႀကီး (၁၀၈ ေပါင္ - ၂၄ ျပည္) အား အိမ္အေရာက္ပို႔စနစ္ (Home Delivery) ျဖင့္ လည္းေကာင္း၊ အိတ္အေသး (10 Kg, 5 Kg) မ်ားအား ရပ္ကြက္မ်ား၊ ေဈးမ်ားသို႔ လွည့္လည္ေရာင္းခ်မႈကို လည္းေကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းတို႔ ပူးေပါင္း၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းအတြင္း ေပၚဆန္းဆန္ (ေ႐ႊဘိုေပၚဆန္း/ ဧရာဝတီေပၚဆန္း) သိုေလွာင္ျဖန႔္ျဖဴးေရာင္းခ်ေနသူမ်ား/ လက္လီဆိုင္မ်ား အေနျဖင့္ ျမန္မာႏိုင္ငံ ဆန္စပါးကုန္သည္မ်ားအသင္း၊ ဝါးတန္းကုန္စည္ဒိုင္တို႔ႏွင့္ဆက္သြယ္ၿပီး ဤအစီအစဥ္တြင္ ပူးေပါင္းပါဝင္ရန္ လိုအပ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ မိမိတို႔ လက္ဝယ္သိုေလွာင္ထားေသာ ေပၚဆန္းဆန္မ်ားအား ပစၥည္းမွန္၊ ေဈးႏႈန္းမွန္၊ အရည္အေသြးမွန္စြာျဖင့္ ေဈးကြက္အတြင္းသို႔ စဥ္ဆက္မျပတ္ ထုတ္ေရာင္းေပးရန္ႏွင့္ သိုေလွာင္ေဈးႏႈန္းျမႇင့္တင္ ေရာင္းခ်ျခင္းမ်ား (လုံးဝ) မျပဳလုပ္ရန္ အသိေပးထားသည္။
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ (၂၄-၁၀-၂၀၂၄) ရက္စြဲပါ အမိန႔္အမွတ္ (၈၂/ ၂၀၂၄) အရ စီးပြားေရးအလို႔ငွာ ဆန္စပါးသိုေလွာင္မႈကို ျမန္မာ ဆန္စပါးအြန္လိုင္း (MyRO) တြင္ မွတ္ပုံတင္ရမည္ျဖစ္၍ သိုေလွာင္ျဖန႔္ျဖဴးေရာင္းခ်သည့္ လုပ္ငန္းမ်ားအေနျဖင့္ MyRO စနစ္တြင္ မွတ္ပုံတင္ရန္၊ ကုန္ရ၊ ကုန္ထုတ္၊ ကုန္လက္က်န္စာရင္းမ်ားကို လစဥ္ လဆန္း (၁) ရက္မွ (၇) ရက္အတြင္း MyRO တြင္ စာရင္းထည့္သြင္းရန္တို႔အား မပ်က္မကြက္ လိုက္နာေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ထပ္မံ၍ အသိေပးထုတ္ျပန္ထားသည္။