ရှမ်းပြည်နယ်တွင် ကျပ်သိန်းပေါင်း (၁၅) ဘီလျံကျော်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

241

သုတကျော် (NP News) - နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ် တွင် ကျပ်သိန်းပေါင်း ၁၅ ဘီလျံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း NP News သတင်းဌာနက စုံစမ်းမေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၆ ရက်က လွိုင်လင်မြို့တွင် ရှာဖွေ၊ စစ်ဆေးနေစဉ် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မောင်းလာသော မော်တော်ယာဉ်ကို စစ်ဆေးရာ မော်တော်ယာဉ် နောက် သယ်ဆောင်လာသော သံတို၊ သံစ များ၏ အောက်တွင် ဝှက်သယ်လာသော ICE ထည့်ထားသည်ဟု ယူဆရသည့် တရုတ်စာတမ်းပါ လက်ဖက်ခြောက်အိတ်များကို တွေ့ရှိရခြင်းဖြစ်သည်။
ယင်းနောက် အဆိုပါ ယာဉ် နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့အား ခေါ်ယူစစ်ဆေးရာ အဆိုပါ အထုပ်များ အတွင်းမှ ICE ဟုယူဆရသော စုစုပေါင်းအလေးချိန် ကီလိုဂရမ် ထောင့်တစ်ရာကျော် အဖြူရောင် ပုံဆောင် ခဲ/အမှုန့်များကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် စစ်မေးချက်အရ မူးယစ်ဆေးဝါး ICEများအား လားရှိုးမြို့ နှင့် မိုင်းယော်မြို့တို့တွင် နေထိုင်သူ၏ စေခိုင်းချက်ဖြင့် မိုင်းရယ်မှ ရန်ကုန်သို့ ဦးတည်သယ်ဆောင်လာခြင်းဖြစ်ပြီး ဖမ်းမိသော ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် ၂ ဦးအပြင် အခြား အမျိုးသားတစ်ဦး ပါဝင်ကြောင်း စစ်ဆေး ဖော်ထုတ်ရမိခဲ့သည်။
အဆိုပါ အမျိုးသားသည် ရန်ကုန်မြို့ရှိ မူးယစ်ဆေးများ ပို့ဆောင်မည့် နေရာသို့ သွားရောက် စောင့်ဆိုင်နေမည်ဖြစ်ကြောင်း စသည်ဖြင့် ပို့ဆောင်သည့်လုပ်ငန်းစဉ်ကို ဖော်ထုတ်သိရှိရပြီး ပို့ဆောင်သူများ အနေဖြင့် ပို့ခအဖြစ် တစ်ဦးလျှင် ငွေကျပ် သိန်း (၉၀) စီ ရရှိမည်ဟု ထွက်ဆိုကြကြောင်းလည်း သိရသည်။
လက်ရှိတွင် လွတ်မြောက်နေသူများကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
ရွမ္းျပည္နယ္တြင္ က်ပ္သိန္းေပါင္း (၁၅) ဘီလ်ံေက်ာ္ခန႔္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းမိ
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၂
ရွမ္းျပည္နယ္ တြင္ က်ပ္သိန္းေပါင္း ၁၅ ဘီလ်ံခန႔္ တန္ဖိုးရွိ ICE မူးယစ္ေဆးဝါးမ်ား ဖမ္းဆီး ရမိခဲ့ေၾကာင္း NP News သတင္းဌာနက စုံစမ္းေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၁၆ ရက္က လြိဳင္လင္ၿမိဳ႕တြင္ ရွာေဖြ၊ စစ္ေဆးေနစဥ္ လြိဳင္လင္ဘက္မွ ေတာင္ႀကီးဘက္သို႔ ေမာင္းလာေသာ ေမာ္ေတာ္ယာဥ္ကို စစ္ေဆးရာ ေမာ္ေတာ္ယာဥ္ ေနာက္ သယ္ေဆာင္လာေသာ သံတို၊ သံစ မ်ား၏ ေအာက္တြင္ ဝွက္သယ္လာေသာ ICE ထည့္ထားသည္ဟု ယူဆရသည့္ တ႐ုတ္စာတမ္းပါ လက္ဖက္ေျခာက္အိတ္မ်ားကို ေတြ႕ရွိရျခင္းျဖစ္သည္။
ယင္းေနာက္ အဆိုပါ ယာဥ္ ႏွင့္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္တို႔အား ေခၚယူစစ္ေဆးရာ အဆိုပါ အထုပ္မ်ား အတြင္းမွ ICE ဟုယူဆရေသာ စုစုေပါင္းအေလးခ်ိန္ ကီလိုဂရမ္ ေထာင့္တစ္ရာေက်ာ္ အျဖဴေရာင္ ပုံေဆာင္ ခဲ/အမႈန႔္မ်ားကို ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ စစ္ေမးခ်က္အရ မူးယစ္ေဆးဝါး ICEမ်ားအား လားရႈိးၿမိဳ႕ ႏွင့္ မိုင္းေယာ္ၿမိဳ႕တို႔တြင္ ေနထိုင္သူ၏ ေစခိုင္းခ်က္ျဖင့္ မိုင္းရယ္မွ ရန္ကုန္သို႔ ဦးတည္သယ္ေဆာင္လာျခင္းျဖစ္ၿပီး ဖမ္းမိေသာ ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္ ၂ ဦးအျပင္ အျခား အမ်ိဳးသားတစ္ဦး ပါဝင္ေၾကာင္း စစ္ေဆး ေဖာ္ထုတ္ရမိခဲ့သည္။
အဆိုပါ အမ်ိဳးသားသည္ ရန္ကုန္ၿမိဳ႕ရွိ မူးယစ္ေဆးမ်ား ပို႔ေဆာင္မည့္ ေနရာသို႔ သြားေရာက္ ေစာင့္ဆိုင္ေနမည္ျဖစ္ေၾကာင္း စသည္ျဖင့္ ပို႔ေဆာင္သည့္လုပ္ငန္းစဥ္ကို ေဖာ္ထုတ္သိရွိရၿပီး ပို႔ေဆာင္သူမ်ား အေနျဖင့္ ပို႔ခအျဖစ္ တစ္ဦးလွ်င္ ေငြက်ပ္ သိန္း (၉၀) စီ ရရွိမည္ဟု ထြက္ဆိုၾကေၾကာင္းလည္း သိရသည္။
လက္ရွိတြင္ လြတ္ေျမာက္ေနသူမ်ားကိုလည္း ဖမ္းဆီးရမိေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။