အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဗျူရိုကရက်များ ပတ်သက်မှုရှိနေပြီး ဖြိုခွင်းရန် ပျက်ကွက်နေကြောင်း ACT ဖွင့်ဟ

292

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃
ထိုင်း အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက် ရေးအဖွဲ့ (ACT) က ထိုင်းနိုင်ငံရေးသမားများနှင့် ဗျူရိုကရက်အရာရှိ များကြောင့် ထိုင်းနိုင်ငံသည် အွန်လိုင်းမှလိမ်လည်နေသည့်ဂိုဏ်းများနှင့် grey busi- nesses စီးပွားရေးလုပ်ငန်းရှင်များ ကိုဖြိုခွင်းရန် ပျက်ကွက်လျက်ရှိနေကြောင်း သတိပေးပြောဆိုလိုက် သည်။
ထိုင်းနိုင်ငံရေးသမားများနှင့် ဗျူရိုကရက် အရာရှိများသည် အွန်လိုင်းမှလိမ်လည်နေသည့်ဂိုဏ်းများနှင့် grey businesses စီးပွားရေးလုပ်ငန်းရှင်များကို ကာကွယ်ပေးနေလျက်ရှိနေကြောင်း (ACT) အဖွဲ့ကပြောသည်။ (ဗဃွှ)အဖွဲ့ ဥက္ကဋ္ဌက ထိုင်းနိုင်ငံရှိ လူသိများထင်ရှားပြီး ဩဇာရှိသောလူပုဂ္ဂိုလ်များသည် ပြစ်မှုကျူးလွန်လျက်ရှိနေသည့် ရာဇဝတ် ဂိုဏ်းများထံမှ လာဘ်ငွေများရယူပြီး ရာဇဝတ်ဂိုဏ်းများကို ကာကွယ်ပေးနေခြင်းကြောင့် ထိုင်းနိုင်ငံသည် ငွေကြေးခဝါချ သည့်ဂိုဏ်းများ၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားဂိုဏ်းများ၊ grey businesses စီးပွားရေးလုပ်ငန်းရှင်များ ကိုဖမ်း ဆီးနိုင်ရန် ပျက်ကွက်လျက် ရှိနေကြောင်းပြောသည်။
အဆိုပါ ရာဇဝတ်ဂိုဏ်းများနောက်ကွယ်တွင် လူသိများထင်ရှားပြီး ဩဇာရှိသောပုဂ္ဂိုလ်များရှိ နေသည့်ထိုင်း အစိုးရအဖွဲ့သည် အသေးစားဂိုဏ်းငယ်များကိုဖမ်းဆီးခြင်းဖြင့်သာ အဆုံးသတ်နေရကြောင်း (ACT) အဖွဲ့ကပြောသည်။ (ACT) အဖွဲ့ဥက္ကဋ္ဌမာနက ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရဲချုပ်ဟောင်းများနှင့် ထိုင်းရဲ အရာရှိပေါင်း (၂၀ဝ)ကျော်နှင့်ဆက်နွှယ်နေသည့် ရာဇာဝတ်ဂိုဏ်း အရေအတွက် ပိုမိုများပြားလာနေကြောင်း၊ ထိုင်းရဲ တပ်ဖွဲ့ ဒုတိယအကြီးဖြစ်သလို ရဲချုပ်ဟောင်းက ကြို တင်သတင်းပေးခြင်းများလည်းရှိခဲ့ဖူးကြောင်းပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် အွန်လိုင်းမှလိမ်လည် နေသည့်ဂိုဏ်းများကြောင့် တစ်နှစ်အတွင်း ဘတ် (၁၀ဝ)ဘီလျံ ဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ အွန်လိုင်းမှ လိမ်လည်နေသည့်ဂိုဏ်းများအပါအဝင် ရာဇာဝတ်ဂိုဏ်းများကို အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့် ဩဇာရှိသူများက ကာကွယ်ပေးနေခြင်းများကြောင့် သဲလွန်စ ခြေရာခံဖမ်းဆီးရန်ခက်ခဲခြင်း များရှိနေ ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
(ACT) ကအဖွဲ့ဥက္ကဋ္ဌမာနက ‘အကျင့် ပျက်လာဘ်စားမှုကိုရပ်တန့်ရမယ်။ အကျင့်ပျက် လာဘ်စားသူတွေကို ကာကွယ်ပေးနတာတွေလည်း ရပ်တန့်ရမယ်။ အွန်လိုင်းကတစ်ဆင့်လိမ်လည်နေတဲ့ ဂိုဏ်းတွေကိုလည်းရပ်တန့်ရမယ်။ ပြည်သူတွေရဲ့ယုံ ကြည်မှုကို ပြန်လည်ရရှိအောင် ငွေကြေးခဝါချမှုတိုက် ဖျက်ရေးအဖွဲ့ဟာ နိုင်ငံရေးအရ ဩဇာရှိသူတွေ စွက် ဖက်မှုကနေ လွတ်လပ်စွာ လုပ်ငန်းလုပ်ကိုင်ခွင့်ရှိရမယ်’ ဟု ပြောသည်။

Zawgyi Version:
အြန္လိုင္းေငြလိမ္ဂိုဏ္းမ်ားႏွင့္ ဗ်ဴ႐ိုကရက္မ်ား ပတ္သက္မႈရွိေနၿပီး ၿဖိဳခြင္းရန္ ပ်က္ကြက္ေနေၾကာင္း ACT ဖြင့္ဟ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၃
ထိုင္း အက်င့္ပ်က္လာဘ္စားမႈတိုက္ဖ်က္ ေရးအဖြဲ႕ (ACT) က ထိုင္းႏိုင္ငံေရးသမားမ်ားႏွင့္ ဗ်ဴ႐ိုကရက္အရာရွိ မ်ားေၾကာင့္ ထိုင္းႏိုင္ငံသည္ အြန္လိုင္းမွလိမ္လည္ေနသည့္ဂိုဏ္းမ်ားႏွင့္ grey busi- nesses စီးပြားေရးလုပ္ငန္းရွင္မ်ား ကိုၿဖိဳခြင္းရန္ ပ်က္ကြက္လ်က္ရွိေနေၾကာင္း သတိေပးေျပာဆိုလိုက္ သည္။
ထိုင္းႏိုင္ငံေရးသမားမ်ားႏွင့္ ဗ်ဴ႐ိုကရက္ အရာရွိမ်ားသည္ အြန္လိုင္းမွလိမ္လည္ေနသည့္ဂိုဏ္းမ်ားႏွင့္ grey businesses စီးပြားေရးလုပ္ငန္းရွင္မ်ားကို ကာကြယ္ေပးေနလ်က္ရွိေနေၾကာင္း (ACT) အဖြဲ႕ကေျပာသည္။ (ဗဃႊ)အဖြဲ႕ ဥကၠ႒က ထိုင္းႏိုင္ငံရွိ လူသိမ်ားထင္ရွားၿပီး ဩဇာရွိေသာလူပုဂၢိဳလ္မ်ားသည္ ျပစ္မႈက်ဴးလြန္လ်က္ရွိေနသည့္ ရာဇဝတ္ ဂိုဏ္းမ်ားထံမွ လာဘ္ေငြမ်ားရယူၿပီး ရာဇဝတ္ဂိုဏ္းမ်ားကို ကာကြယ္ေပးေနျခင္းေၾကာင့္ ထိုင္းႏိုင္ငံသည္ ေငြေၾကးခဝါခ် သည့္ဂိုဏ္းမ်ား၊ အြန္လိုင္းလိမ္လည္မႈႏွင့္ ေလာင္းကစားဂိုဏ္းမ်ား၊ grey businesses စီးပြားေရးလုပ္ငန္းရွင္မ်ား ကိုဖမ္း ဆီးႏိုင္ရန္ ပ်က္ကြက္လ်က္ ရွိေနေၾကာင္းေျပာသည္။
အဆိုပါ ရာဇဝတ္ဂိုဏ္းမ်ားေနာက္ကြယ္တြင္ လူသိမ်ားထင္ရွားၿပီး ဩဇာရွိေသာပုဂၢိဳလ္မ်ားရွိ ေနသည့္ထိုင္း အစိုးရအဖြဲ႕သည္ အေသးစားဂိုဏ္းငယ္မ်ားကိုဖမ္းဆီးျခင္းျဖင့္သာ အဆုံးသတ္ေနရေၾကာင္း (ACT) အဖြဲ႕ကေျပာသည္။ (ACT) အဖြဲ႕ဥကၠ႒မာနက ထိုင္းအစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ရဲခ်ဳပ္ေဟာင္းမ်ားႏွင့္ ထိုင္းရဲ အရာရွိေပါင္း (၂၀ဝ)ေက်ာ္ႏွင့္ဆက္ႏႊယ္ေနသည့္ ရာဇာဝတ္ဂိုဏ္း အေရအတြက္ ပိုမိုမ်ားျပားလာေနေၾကာင္း၊ ထိုင္းရဲ တပ္ဖြဲ႕ ဒုတိယအႀကီးျဖစ္သလို ရဲခ်ဳပ္ေဟာင္းက ႀကိဳ တင္သတင္းေပးျခင္းမ်ားလည္းရွိခဲ့ဖူးေၾကာင္းေျပာသည္။
ထိုင္းႏိုင္ငံအေနျဖင့္ အြန္လိုင္းမွလိမ္လည္ ေနသည့္ဂိုဏ္းမ်ားေၾကာင့္ တစ္ႏွစ္အတြင္း ဘတ္ (၁၀ဝ)ဘီလ်ံ ဆုံးရႈံးနစ္နာခဲ့ရေၾကာင္း၊ အြန္လိုင္းမွ လိမ္လည္ေနသည့္ဂိုဏ္းမ်ားအပါအဝင္ ရာဇာဝတ္ဂိုဏ္းမ်ားကို အစိုးရအဖြဲ႕ တာဝန္ ရွိသူမ်ားႏွင့္ ဩဇာရွိသူမ်ားက ကာကြယ္ေပးေနျခင္းမ်ားေၾကာင့္ သဲလြန္စ ေျခရာခံဖမ္းဆီးရန္ခက္ခဲျခင္း မ်ားရွိေန ေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့သည္။
(ACT) ကအဖြဲ႕ဥကၠ႒မာနက ‘အက်င့္ ပ်က္လာဘ္စားမႈကိုရပ္တန႔္ရမယ္။ အက်င့္ပ်က္ လာဘ္စားသူေတြကို ကာကြယ္ေပးနတာေတြလည္း ရပ္တန႔္ရမယ္။ အြန္လိုင္းကတစ္ဆင့္လိမ္လည္ေနတဲ့ ဂိုဏ္းေတြကိုလည္းရပ္တန႔္ရမယ္။ ျပည္သူေတြရဲ႕ယုံ ၾကည္မႈကို ျပန္လည္ရရွိေအာင္ ေငြေၾကးခဝါခ်မႈတိုက္ ဖ်က္ေရးအဖြဲ႕ဟာ ႏိုင္ငံေရးအရ ဩဇာရွိသူေတြ စြက္ ဖက္မႈကေန လြတ္လပ္စြာ လုပ္ငန္းလုပ္ကိုင္ခြင့္ရွိရမယ္’ ဟု ေျပာသည္။