Gummy သကြားလုံးက အမျှင်ဓာတ်ကြွယ်ဝသည်ဟု မှားယွင်းစွာကြော်ငြာခဲ့သည့် ဗီယက်နမ်အလှမယ်ဟောင်း ထောင်ဒဏ် (၂)နှစ်ချမှတ်

180

Pika (NP News) - နိုဝင်ဘာ ၂၃
Gummy သကြားလုံးများကို အမျှင်ဓာတ် ကြွယ်ဝသည်ဟု မှားယွင်းစွာကြော်ငြာခဲ့သည့် အလှမယ်ဟောင်း တစ်ဦး ကို ဗီယက်နမ်တရားရုံးက ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ကြောင်းသိရသည်။ အလှမယ်ဟောင်း Nguyen Thuc Thuy Tien သည် Gummy သကြားလုံးများတွင် အမျှင်ဓာတ်ပါဝင်မှု (ဝ ဒသမ ၉၃၅)ရာခိုင်နှုန်းသာရှိကြောင်း သိရှိထားပြီး အမျှင်ဓာတ်ကြွယ်ဝသည်ဟု ဖောက်သည်များကိုလှည့် စားမှုဖြင့်အပြစ်ရှိကြောင်း တရားသူကြီးများက ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် Miss Grand International အလှမယ်ပြိုင်ပွဲတွင် အနိုင်ရခဲ့ဖူးသူ Nguyen Thuc Thuy Tien သည် ဗီယက်နမ်ဝန် ကြီးချုပ်ထံမှ ဂုဏ်ပြုလက်မှတ်ရရှိထားသူတစ်ဦးလည်းဖြစ်သည်။ Nguyen Thuc Thuy Tien သည် ဆိုရှယ်မီဒီယာနာမည်ကြီးများဖြစ်သည့် Pham Quang Lih, Hang Du Muc တို့နှင့်အတူ Kera Supergreens Gummies သကြားလုံးများကိုကြော်ငြာခဲ့ပြီး ၎င်းတို့သုံးဦးစလုံး ထောင်ဒဏ် နှစ်နှစ်ချမှတ် ခံခဲ့ရခြင်းဖြစ်ကြောင်းသိရ သည်။
တရားရုံးက “ Nguyen Thuc Thuy Tien, Pham Quang Linh နှင့် Hang Du Muc တို့ဟာ ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး တရားမဝင်အမြတ်အစွန်းများစွာကိုရရှိခဲ့တာကြောင့် ပြင်းထန်တဲ့ပြစ်ဒဏ်ပေးခံရဖို့ ထိုက် တန်ပါတယ်” ဟု ပြောဆိုခဲ့သည်။
ထို့ပြင် Kera Supergreens Gum- mies သကြားလုံးသည် Nguyen Thuc Thuy Tien နှင့် အခြား ဆိုရှယ် မီဒီယာနာမည်ကြီးနှစ်ဦးဖြစ်သည့် Pham Quang Linh နှင့် Hang Du Muc တို့တည်ထောင်ထားသည့် ကုမ္ပဏီတို့ကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး Nguyen Thuc Thuy Tien က ရှယ်ယာ (၃၀) ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း တရားရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် Nguyen Thuc Thuy Tien သည် Pham Quang Linh, Hang Du Muc တို့နှင့် အတူ Gummy သကြားလုံး တစ်ခုလျှင် ဟင်းသီးဟင်းရွက်တစ်ပန်းကန်နှင့်ညီမျှသော ကျန်းမာရေးနှင့်ညီညွတ်သည့် သကြားလုံးတစ်ခုအဖြစ် ထုတ်ကုန်ကိုမြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Gummyo ကြားလုံးများတွင် အချိုဓာတ် (၃၀)ရာခိုင်နှုန်းကျော်ပါဝင်ပြီး ဝမ်းနုတ်ဆေးအာနိသင်ရှိသည့် အတုအပအချိုဓာတ်များနှင့်အတူ ဖော်ပြ ထားခြင်းမျိုး မရှိသော ဖြည့်စွက်ပစ္စည်းများပါဝင် ကြောင်း စုံစမ်းစစ်ဆေးသူများကပြောကြားခဲ့သည်။
ထို့ပြင် ၎င်းတို့သည် Gummy သကြား လုံးအထုပ်ပေါင်း (၁၂၉၀ဝဝ)ကျော်ကို ဖောက်သည် (၅၆၀ဝဝ)ကျော်ထံ အမေရိကန်ဒေါ်လာ (၆၅၀ဝဝဝ)ကျော်ဖြင့်ရောင်းချခဲ့ပြီး အမြတ်အစွန်းအဖြစ် အမေရိ ကန်ဒေါ်လာ (၄၇၃၀ဝဝ)ရရှိခဲ့ ကြောင်း တရားရုံးက ပြောကြားခဲ့သည်။

Zawgyi Version:
Gummy သၾကားလုံးက အမွ်င္ဓာတ္ႂကြယ္ဝသည္ဟု မွားယြင္းစြာေၾကာ္ျငာခဲ့သည့္ ဗီယက္နမ္အလွမယ္ေဟာင္း ေထာင္ဒဏ္ (၂)ႏွစ္ခ်မွတ္
Pika (NP News) - ႏိုဝင္ဘာ ၂၃
Gummy သၾကားလုံးမ်ားကို အမွ်င္ဓာတ္ ႂကြယ္ဝသည္ဟု မွားယြင္းစြာေၾကာ္ျငာခဲ့သည့္ အလွမယ္ေဟာင္း တစ္ဦး ကို ဗီယက္နမ္တရား႐ုံးက ေထာင္ဒဏ္ ႏွစ္ႏွစ္ခ်မွတ္ခဲ့ေၾကာင္းသိရသည္။ အလွမယ္ေဟာင္း Nguyen Thuc Thuy Tien သည္ Gummy သၾကားလုံးမ်ားတြင္ အမွ်င္ဓာတ္ပါဝင္မႈ (ဝ ဒသမ ၉၃၅)ရာခိုင္ႏႈန္းသာရွိေၾကာင္း သိရွိထားၿပီး အမွ်င္ဓာတ္ႂကြယ္ဝသည္ဟု ေဖာက္သည္မ်ားကိုလွည့္ စားမႈျဖင့္အျပစ္ရွိေၾကာင္း တရားသူႀကီးမ်ားက ဆုံး ျဖတ္ခဲ့ျခင္း ျဖစ္သည္။
ထိုင္းႏိုင္ငံအေျခစိုက္ Miss Grand International အလွမယ္ၿပိဳင္ပြဲတြင္ အႏိုင္ရခဲ့ဖူးသူ Nguyen Thuc Thuy Tien သည္ ဗီယက္နမ္ဝန္ ႀကီးခ်ဳပ္ထံမွ ဂုဏ္ျပဳလက္မွတ္ရရွိထားသူတစ္ဦးလည္းျဖစ္သည္။ Nguyen Thuc Thuy Tien သည္ ဆိုရွယ္မီဒီယာနာမည္ႀကီးမ်ားျဖစ္သည့္ Pham Quang Lih, Hang Du Muc တို႔ႏွင့္အတူ Kera Supergreens Gummies သၾကားလုံးမ်ားကိုေၾကာ္ျငာခဲ့ၿပီး ၎တို႔သုံးဦးစလုံး ေထာင္ဒဏ္ ႏွစ္ႏွစ္ခ်မွတ္ ခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရ သည္။
တရား႐ုံးက “ Nguyen Thuc Thuy Tien, Pham Quang Linh ႏွင့္ Hang Du Muc တို႔ဟာ ရည္႐ြယ္ခ်က္ရွိရွိ ျပစ္မႈက်ဴးလြန္ခဲ့တာျဖစ္ၿပီး တရားမဝင္အျမတ္အစြန္းမ်ားစြာကိုရရွိခဲ့တာေၾကာင့္ ျပင္းထန္တဲ့ျပစ္ဒဏ္ေပးခံရဖို႔ ထိုက္ တန္ပါတယ္” ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ Kera Supergreens Gum- mies သၾကားလုံးသည္ Nguyen Thuc Thuy Tien ႏွင့္ အျခား ဆိုရွယ္ မီဒီယာနာမည္ႀကီးႏွစ္ဦးျဖစ္သည့္ Pham Quang Linh ႏွင့္ Hang Du Muc တို႔တည္ေထာင္ထားသည့္ ကုမၸဏီတို႔ၾကား ဖက္စပ္လုပ္ငန္းတစ္ခုျဖစ္ၿပီး Nguyen Thuc Thuy Tien က ရွယ္ယာ (၃၀) ရာခိုင္ႏႈန္းပိုင္ဆိုင္ေၾကာင္း တရား႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ Nguyen Thuc Thuy Tien သည္ Pham Quang Linh, Hang Du Muc တို႔ႏွင့္ အတူ Gummy သၾကားလုံး တစ္ခုလွ်င္ ဟင္းသီးဟင္း႐ြက္တစ္ပန္းကန္ႏွင့္ညီမွ်ေသာ က်န္းမာေရးႏွင့္ညီၫြတ္သည့္ သၾကားလုံးတစ္ခုအျဖစ္ ထုတ္ကုန္ကိုျမႇင့္တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Gummyo ၾကားလုံးမ်ားတြင္ အခ်ိဳဓာတ္ (၃၀)ရာခိုင္ႏႈန္းေက်ာ္ပါဝင္ၿပီး ဝမ္းႏုတ္ေဆးအာနိသင္ရွိသည့္ အတုအပအခ်ိဳဓာတ္မ်ားႏွင့္အတူ ေဖာ္ျပ ထားျခင္းမ်ိဳး မရွိေသာ ျဖည့္စြက္ပစၥည္းမ်ားပါဝင္ ေၾကာင္း စုံစမ္းစစ္ေဆးသူမ်ားကေျပာၾကားခဲ့သည္။
ထို႔ျပင္ ၎တို႔သည္ Gummy သၾကား လုံးအထုပ္ေပါင္း (၁၂၉၀ဝဝ)ေက်ာ္ကို ေဖာက္သည္ (၅၆၀ဝဝ)ေက်ာ္ထံ အေမရိကန္ေဒၚလာ (၆၅၀ဝဝဝ)ေက်ာ္ျဖင့္ေရာင္းခ်ခဲ့ၿပီး အျမတ္အစြန္းအျဖစ္ အေမရိ ကန္ေဒၚလာ (၄၇၃၀ဝဝ)ရရွိခဲ့ ေၾကာင္း တရား႐ုံးက ေျပာၾကားခဲ့သည္။