ယခုလကုန်တွင် မိုးကုတ်မြို့အရေး အဖြေထွက်နိုင်ပြီး TNLA နှင့် PDF တို့အကြား တင်းမာသယောင်ဖြစ်နေ

299

သုတကျော် (NP News) - နိုဝင်ဘာ ၂၃
နိုဝင်ဘာလကုန်တွင် မိုးကုတ်မြို့အရေး အဖြေထွက်နိုင်ပြီး လက်ရှိတွင် TNLA နှင့် PDF တို့အကြား တင်းမာ သယောင်ဖြစ်နေကြောင်း မိုးကုတ်မြို့အခြေအနေနှင့်ပတ်သက်၍ NP News က မေးမြန်းထားသော အချက်အလက်များ အရ သိရသည်။
မိုးကုတ်မြို့ကို TNLA က PDF အကူအညီဖြင့် ထိန်းချုပ်ပြီးနောက် PDF များကို ချောင်ထိုးခဲ့သည့်အပြင် မိုးကုတ်မှ ထွက်ရှိသော ပတ္တမြားတို့ကို အတိုင်းအဆမရှိ တူးဖော်ခြင်းများရှိခဲ့သည်။ ထို့နောက် တပ်မတော်နှင့် အပစ်ရပ်ကာ မိုးကုတ်မြို့ နှင့် မိုးမိတ်မြို့တို့မှ ဆုတ်ခွာမည်ဖြစ်ကြောင်း TNLA တို့ သဘောတူခဲ့သည့်အတွက် MDY - PDF အပါ အဝင် PDF တို့က မိုးကုတ်မြို့ကို ပြန်မပေးရေး အတွက်ခုခံရန် ပြင်ဆင်နေသည်ဟု ပြည်ပရောက်မီဒီယာများတွင် ဖြေကြား ထားသည်။
သို့သော် TNLA တို့က နိုဝင်ဘာလ (၃၀) ရက်တွင် မိုးကုတ်မြို့မှဆုတ်ခွာမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ် နေသည်သာမက တပ်မတော်သို့ လက်ရောက်အပ်မည်ဆိုသောကြောင့် PDF များ နှင့် အခြေအနေတင်းမာနေကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
“တွေ့ဆုံပွဲတွေကတော့ နေ့တိုင်းရှိတယ်လို့ သိရတယ်။ PDF နဲ့ TNLA က ဆွေးနွေးတယ်ပေါ့။ ပြီးတော့ အခုဆို မိုးကုတ်မြို့ကနေ ပြည်သူတွေက လည်းစစ်ဘေးရှောင်နေကြတယ်” ဟု မိုးကုတ်မြို့ခံ တစ်ဦးကဆိုသည်။ လက်ရှိ မြေပြင်အနေအထားအရ TNLA နှင့် PDF တို့အကြား တစ်စုံတစ်ရာ ဆုံးဖြတ် ချက်ချထားခြင်းမရှိသောကြောင့် တပ်မ တော်နှင့် တိုက်ပွဲဖြစ်မည်ဟုယူဆကာ မြို့မှပြည်သူများ ရှောင်တိမ်းနေခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“အခုက မိုးကုတ်က စစ်ဘေးရှောင်က နေ့တိုင်း ထွက်နေတယ်လေ။ သူတို့ရဲ့ အနေအထားတွေ ကိုကြည့်ပြီး တပ်ကအေးအေးဆေးဆေး ပြန်ဝင်လာမယ်။ ပလောင်ကလည်း ထွက်မယ်ဆိုရင် ကြောက်စရာမလိုဘူးလေ။ ထွက်ကြတယ် ရှောင်ကြတယ်ဆို တည်းကိုက သေချာရေရာတာ မထွက်လို့ပေါ့” ဟု မိုးကုတ်မြို့အကြောင်း သိရှိသူ တစ်ဦးကဆိုသည်။
ထို့ပြင် လက်ရှိ အနေအထားအရ ပလောင် အနေဖြင့် မိုးကုတ်မြို့ကို ပြန်မပေးလိုပါက PDF ယူနီဖောင်းကို ပြောင်းလဲ ဝတ်ဆင်ကာ တိုက်ခိုက်ခြင်းမျိုးလည်း ရှိလာနိုင်ကြောင်း ၎င်းက ဆိုသည်။ “တပ်ဘက် ကလည်း တစ်ကွက်တော့ ကြိုတွေးထားဖို့တော့ လိုတယ်။ စကားလေး တစ်ခုရှိတယ်။ မယုံတဲ့သူကတော့ အလိမ်မခံရဘူး။ အဲဒီကျတော့ ယုံကြည်စိတ်ချစရာ လည်းမရှိဘူးပေါ့။ နေ့တိုင်းဆွေးနွေးနေတယ်။ ဒါပေမဲ့ ဟန်ပြဆွေးနွေး နေတယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။
အခြား မိုးကုတ်မြို့အကြောင်း သိရှိသော သတင်းရင်းမြစ်တစ်ဦးကမူ TNLA တို့အနေဖြင့် PDF များနှင့် တင်းမာနေသည်ဆိုခြင်းကို လက်ခံပြီး PDF များဘက်တွင် မကျေနပ်ခြင်းများ ရှိနေသည်ဟု ဆိုသည်။
ထို့ပြင် နိုဝင်ဘာလ (၂၁) ရက်တွင် MDY – PDF က ၎င်းတို့၏ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးကို စည်းကမ်း ဖောက်ဖျက်သည့်အတွက် ရာထူးမှ ထုတ်ပယ်ကြောင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ရာ အကြမ်းဖက်အားပေး ဖေ့စ်ဘွတ်ခ်ဆယ်လီ ဇင်သော်နိုင်က TNLA တို့နှင့်အဆင်ပြေသူ(၂) ဦး ကို အရေးယူခဲ့ခြင်းဖြစ်သည်ဆိုသော အဓိပ္ပာယ်ရ သညံ်စာကိုရေးကာ အဆိုပါပို့စ်ကိုပြန်လည်မျှဝေခဲ့ ပြီးနောက် ယင်းမျှဝေမှုကို ပြန်ဖျက်သွားခဲ့ကြောင်း တွေ့မြင်ရသည်။
“သေချာတာကတော့ နိုဝင်ဘာလ (၃၀) ရက်ကျရင် အဖြေထွက်မယ်ပေါ့။ ဒါမှမဟုတ် ရက် နောက်ဆုတ်သွား တာလည်း ဖြစ်နိုင်တာပဲ။ အခု ထွက် နေတဲ့ သတင်းတွေအရရော နောက်ထပ်မြေပြင် အခြေအနေအရရောက PDF တွေနဲ့ TNLA ကြား မှာ ငြိနေတာတော့ အမှန်ပဲ။ ဘာလို့လဲဆိုတော့ မိုးကုတ်ကို TNLA က လောဘတကြီး တူးထား တာကိုး။ တူးတော့ PDF တွေက ပလောင်တွေ လုပ်တာကို ကြည့်မရဖြစ်နေတာလည်း အရင်တည်းကရှိတယ်။ အစိုင်အခဲဖြစ်နေ တာပေါ့။ အခုမြို့ ကို ပေးမယ်၊ တပ်ဆီ လက်ရောက်အပ်မယ် ဆိုတော့ မကျေနပ်မှုက ပိုကြီးသွားတယ်လို့ဆိုနိုင်တယ်။ ဒါပေမဲ့ PDF တွေက အောင့်သက်သက်နဲ့လက်ခံ မယ်ဆိုတဲ့ တွေးဆချက်လည်းရှိတယ်။ ဆိုတော့ သူတို့ကြားမှာ သေနတ်ပေါက်၊ မပေါက်က ဖြစ်လာနိုင် စရာလည်း ရှိတယ်။ အခုက မိုးကုတ်မြို့ကိစ္စမှာ သတိထားရမယ့်အနေအထားပဲ” ဟု မိုးကုတ်မြို့ အရေး လေ့လာသူတစ်ဦးက ဆိုသည်။

Zawgyi Version:
ယခုလကုန္တြင္ မိုးကုတ္ၿမိဳ႕အေရး အေျဖထြက္ႏိုင္ၿပီး TNLA ႏွင့္ PDF တို႔အၾကား တင္းမာသေယာင္ျဖစ္ေန
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၃
ႏိုဝင္ဘာလကုန္တြင္ မိုးကုတ္ၿမိဳ႕အေရး အေျဖထြက္ႏိုင္ၿပီး လက္ရွိတြင္ TNLA ႏွင့္ PDF တို႔အၾကား တင္းမာ သေယာင္ျဖစ္ေနေၾကာင္း မိုးကုတ္ၿမိဳ႕အေျခအေနႏွင့္ပတ္သက္၍ NP News က ေမးျမန္းထားေသာ အခ်က္အလက္မ်ား အရ သိရသည္။
မိုးကုတ္ၿမိဳ႕ကို TNLA က PDF အကူအညီျဖင့္ ထိန္းခ်ဳပ္ၿပီးေနာက္ PDF မ်ားကို ေခ်ာင္ထိုးခဲ့သည့္အျပင္ မိုးကုတ္မွ ထြက္ရွိေသာ ပတၱျမားတို႔ကို အတိုင္းအဆမရွိ တူးေဖာ္ျခင္းမ်ားရွိခဲ့သည္။ ထို႔ေနာက္ တပ္မေတာ္ႏွင့္ အပစ္ရပ္ကာ မိုးကုတ္ၿမိဳ႕ ႏွင့္ မိုးမိတ္ၿမိဳ႕တို႔မွ ဆုတ္ခြာမည္ျဖစ္ေၾကာင္း TNLA တို႔ သေဘာတူခဲ့သည့္အတြက္ MDY - PDF အပါ အဝင္ PDF တို႔က မိုးကုတ္ၿမိဳ႕ကို ျပန္မေပးေရး အတြက္ခုခံရန္ ျပင္ဆင္ေနသည္ဟု ျပည္ပေရာက္မီဒီယာမ်ားတြင္ ေျဖၾကား ထားသည္။
သို႔ေသာ္ TNLA တို႔က ႏိုဝင္ဘာလ (၃၀) ရက္တြင္ မိုးကုတ္ၿမိဳ႕မွဆုတ္ခြာမည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚ ေနသည္သာမက တပ္မေတာ္သို႔ လက္ေရာက္အပ္မည္ဆိုေသာေၾကာင့္ PDF မ်ား ႏွင့္ အေျခအေနတင္းမာေနေၾကာင္း ေဒသတြင္း သတင္းမ်ားတြင္ ေဖာ္ျပထားသည္။
“ေတြ႕ဆုံပြဲေတြကေတာ့ ေန႔တိုင္းရွိတယ္လို႔ သိရတယ္။ PDF နဲ႔ TNLA က ေဆြးေႏြးတယ္ေပါ့။ ၿပီးေတာ့ အခုဆို မိုးကုတ္ၿမိဳ႕ကေန ျပည္သူေတြက လည္းစစ္ေဘးေရွာင္ေနၾကတယ္” ဟု မိုးကုတ္ၿမိဳ႕ခံ တစ္ဦးကဆိုသည္။ လက္ရွိ ေျမျပင္အေနအထားအရ TNLA ႏွင့္ PDF တို႔အၾကား တစ္စုံတစ္ရာ ဆုံးျဖတ္ ခ်က္ခ်ထားျခင္းမရွိေသာေၾကာင့္ တပ္မ ေတာ္ႏွင့္ တိုက္ပြဲျဖစ္မည္ဟုယူဆကာ ၿမိဳ႕မွျပည္သူမ်ား ေရွာင္တိမ္းေနျခင္းျဖစ္ႏိုင္ေၾကာင္း ၎က သုံးသပ္သည္။
“အခုက မိုးကုတ္က စစ္ေဘးေရွာင္က ေန႔တိုင္း ထြက္ေနတယ္ေလ။ သူတို႔ရဲ႕ အေနအထားေတြ ကိုၾကည့္ၿပီး တပ္ကေအးေအးေဆးေဆး ျပန္ဝင္လာမယ္။ ပေလာင္ကလည္း ထြက္မယ္ဆိုရင္ ေၾကာက္စရာမလိုဘူးေလ။ ထြက္ၾကတယ္ ေရွာင္ၾကတယ္ဆို တည္းကိုက ေသခ်ာေရရာတာ မထြက္လို႔ေပါ့” ဟု မိုးကုတ္ၿမိဳ႕အေၾကာင္း သိရွိသူ တစ္ဦးကဆိုသည္။
ထို႔ျပင္ လက္ရွိ အေနအထားအရ ပေလာင္ အေနျဖင့္ မိုးကုတ္ၿမိဳ႕ကို ျပန္မေပးလိုပါက PDF ယူနီေဖာင္းကို ေျပာင္းလဲ ဝတ္ဆင္ကာ တိုက္ခိုက္ျခင္းမ်ိဳးလည္း ရွိလာႏိုင္ေၾကာင္း ၎က ဆိုသည္။ “တပ္ဘက္ ကလည္း တစ္ကြက္ေတာ့ ႀကိဳေတြးထားဖို႔ေတာ့ လိုတယ္။ စကားေလး တစ္ခုရွိတယ္။ မယုံတဲ့သူကေတာ့ အလိမ္မခံရဘူး။ အဲဒီက်ေတာ့ ယုံၾကည္စိတ္ခ်စရာ လည္းမရွိဘူးေပါ့။ ေန႔တိုင္းေဆြးေႏြးေနတယ္။ ဒါေပမဲ့ ဟန္ျပေဆြးေႏြး ေနတယ္လို႔ထင္တယ္” ဟု ၎က ေျပာသည္။
အျခား မိုးကုတ္ၿမိဳ႕အေၾကာင္း သိရွိေသာ သတင္းရင္းျမစ္တစ္ဦးကမူ TNLA တို႔အေနျဖင့္ PDF မ်ားႏွင့္ တင္းမာေနသည္ဆိုျခင္းကို လက္ခံၿပီး PDF မ်ားဘက္တြင္ မေက်နပ္ျခင္းမ်ား ရွိေနသည္ဟု ဆိုသည္။
ထို႔ျပင္ ႏိုဝင္ဘာလ (၂၁) ရက္တြင္ MDY – PDF က ၎တို႔၏ဗဟိုဦးေဆာင္ေကာ္မတီဝင္ (၂) ဦးကို စည္းကမ္း ေဖာက္ဖ်က္သည့္အတြက္ ရာထူးမွ ထုတ္ပယ္ေၾကာင္း လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္တြင္ တင္ခဲ့ရာ အၾကမ္းဖက္အားေပး ေဖ့စ္ဘြတ္ခ္ဆယ္လီ ဇင္ေသာ္ႏိုင္က TNLA တို႔ႏွင့္အဆင္ေျပသူ(၂) ဦး ကို အေရးယူခဲ့ျခင္းျဖစ္သည္ဆိုေသာ အဓိပၸာယ္ရ သညံ္စာကိုေရးကာ အဆိုပါပို႔စ္ကိုျပန္လည္မွ်ေဝခဲ့ ၿပီးေနာက္ ယင္းမွ်ေဝမႈကို ျပန္ဖ်က္သြားခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။
“ေသခ်ာတာကေတာ့ ႏိုဝင္ဘာလ (၃၀) ရက္က်ရင္ အေျဖထြက္မယ္ေပါ့။ ဒါမွမဟုတ္ ရက္ ေနာက္ဆုတ္သြား တာလည္း ျဖစ္ႏိုင္တာပဲ။ အခု ထြက္ ေနတဲ့ သတင္းေတြအရေရာ ေနာက္ထပ္ေျမျပင္ အေျခအေနအရေရာက PDF ေတြနဲ႔ TNLA ၾကား မွာ ၿငိေနတာေတာ့ အမွန္ပဲ။ ဘာလို႔လဲဆိုေတာ့ မိုးကုတ္ကို TNLA က ေလာဘတႀကီး တူးထား တာကိုး။ တူးေတာ့ PDF ေတြက ပေလာင္ေတြ လုပ္တာကို ၾကည့္မရျဖစ္ေနတာလည္း အရင္တည္းကရွိတယ္။ အစိုင္အခဲျဖစ္ေန တာေပါ့။ အခုၿမိဳ႕ ကို ေပးမယ္၊ တပ္ဆီ လက္ေရာက္အပ္မယ္ ဆိုေတာ့ မေက်နပ္မႈက ပိုႀကီးသြားတယ္လို႔ဆိုႏိုင္တယ္။ ဒါေပမဲ့ PDF ေတြက ေအာင့္သက္သက္နဲ႔လက္ခံ မယ္ဆိုတဲ့ ေတြးဆခ်က္လည္းရွိတယ္။ ဆိုေတာ့ သူတို႔ၾကားမွာ ေသနတ္ေပါက္၊ မေပါက္က ျဖစ္လာႏိုင္ စရာလည္း ရွိတယ္။ အခုက မိုးကုတ္ၿမိဳ႕ကိစၥမွာ သတိထားရမယ့္အေနအထားပဲ” ဟု မိုးကုတ္ၿမိဳ႕ အေရး ေလ့လာသူတစ္ဦးက ဆိုသည္။