အမေရိကန်အမတ် ပြောစကားနဲ့ မြန်မာ့မြေပေါ်က ကျားဖျန့်

41

ဇေဋ္ဌအောင် (NP News) - နိုဝင်ဘာ ၂၃
မကြာမီ မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ တရုတ်-ရုရှားကြိုးကိုင်တဲ့ စစ်အစိုးရ ပေါ်ပေါက်လာ ရေးသာဖြစ်တယ်လို့ အမေရိကန်အောက်လွှတ်တော်အမတ် ယောင်ကင်မ်က ပြောဆိုကြောင်း BBC (မြန်မာပိုင်း- 19th November 2025) ကရေးပါတယ်။ ပြည်ပြေးမီဒီယာတွေနဲ့ NUG, PDF ထောက်ခံတွေကလည်း အဲဒီအတိုင်း သံယောင် လိုက် ပြောဆိုနေကြပါတယ်။
Yuoug Oak-Kim ယောင်အုတ်ကင်မ် (၆၃)ဟာ အင်ချွန်းမြို့မှာမွေးဖွားတဲ့ တောင်ကိုရီးယား နွယ်ဖွား အသေးစား စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေး သမားတစ်ဦးဖြစ်ပါတယ်။ (၂၀၁၄)ခုနှစ်မှစပြီး ကွန်ဂရက်လွှတ်တော်ကိုရောက်ရှိလာတဲ့ ကယ်လီဖိုးနီးယား ခရိုင်ကိုယ်စားပြု ရီပတ်ဘလစ်ကန်ပါတီဝင်ဖြစ်ပြီး လက်ရှိ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ သဘောထားတင်းမာသူဖြစ်ပြီး အမေရိကန်နဲ့တရုတ်ဟာ မဟာဗျူဟာမြောက် ပြိုင်ဆိုင်လျက်ရှိကြောင်း၊ ထိုင်ဝမ်-အမေရိ ကန်ကာကွယ်ရေးဟာ အရေးကြီးပြီး အရှေ့တောင်အာရှဒေသအတွက် တရုတ်ကွန်မြူနစ် ပါတီဟာ အလွန်အန္တရာယ်ကြီး ကြောင်း ယုံကြည် ဟောပြောသူဖြစ်ပါတယ်။
လွန်ခဲ့တဲ့ (၂၀၁၉)ခုနှစ်တုန်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ဖျားပိုင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းထည့် သွင်းသင့်ကြောင်း အမေရိကန် အောက်လွှတ်တော်အမတ် ဘရက်ဒ်ရှာမန်ကပြောခဲ့ ဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ် အခြာပိုင်နယ်မြေကို ကလေးကစားသလိုပြောဆိုမှုမှာ မြန်မာသာမက အဲဒီအချိန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာ စီနာကပါ ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ အမရိကန်ကွန် ဂရက်အမတ်တစ်ဦးရဲ့ အလွတ် သဘောအမြင်အဖြစ် ဘယ်သူမှ အတည်မယူခဲ့ကြသလို အခု ယောင်ကင်မ်ရဲ့ အခြေအမြစ်မရှိပြောဆိုချက်မှာလည်း လေထဲလာ ပြီး လေထဲပျောက်မယ့်စကားများအဖြစ်မှတ်ယူရပါလိမ့်မယ်။
တစ်နည်းအားဖြင့် ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတရာထူးလက်ခံပြီးနောက် ပြည်ပနိုင်ငံတွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောင်းလဲလာတဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ လမ်းòန်ချက်နဲ့လည်း မကိုက်ညီဘူးလို့ ပြောရပါလိမ့်မယ်။ (၂၀၂၅)ခုနှစ် ဇူလိုင် (၁၇)ရက် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မြန်မာနိုင်ငံအပါအဝင် ပြည်ပ နိုင်ငံအသီးသီးရှိ အမေရိကန်သံရုံးများကို òန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်တွေရဲ့ ရွေးကောက်ပွဲ သန့်ရှင်း စင်ကြယ်မှု၊ တရားမျှတမှုနဲ့ ပတ်သက်ပြီး အမေရိကန် သံတမန်တွေက မှတ်ချက်ပေးခြင်းမပြုဖို့တားမြစ်ခဲ့ ကြောင်း တွေ့ရပါတယ်။ သမ္မတရင့်မာကြီးတစ် ယောက်လုံး လက်နဲ့ရေးသမျှကို အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီဥက္ကဋ္ဌက ခြေနဲ့ဖျက်သလို ရှိတဲ့ အတွက် ကိုယ့်ပြဿနာ ကိုယ်ရှင်းရမယ့် ကိန်းဆိုက်ပါ လိမ့်မယ်။
တကယ်တော့ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့ ကမ္ဘာ့လူဦးရေအများဆုံး တိုင်းပြည်ကြီးနှစ်ခုကြားရှိ ‘မြန်မာ’ တို့ဟာ တရုတ်နဲ့ရော-အိန္ဒိယနဲ့ပါ ရုပ်ရည်၊ ယဉ်ကျေးမှုမတူညီတဲ့ သီးသန့်အမျိုးသားရေး လက္ခဏာပိုင်ရှင်များဖြစ်ကြပါ တယ်။ (၁၄)ရာစု တရုတ်ပြည်ကို မွန်ဂိုတို့ စိုးမိုးစဉ် ပုဂံအင်ပါယာပြိုကွဲ ခဲ့ဖူးတယ်။ ဒါပေမဲ့ (၁၈)ရာစု ချင်မင်းဆက် တရုတ် တို့က ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံကို ကျူးကျော် တိုက်ခိုက်ရာမှာတော့ တရုတ်စစ်သား (၇၀,ဝဝဝ)နဲ့ တရုတ် စစ်သူကြီး (၄)ဦးတို့ အသက်ဆုံး ရှုံးခြင်းသာ အဖတ်တင်ပြီး မအောင်မြင်ပါ။ အဲဒီအချိန် မြန်မာဘုရင်မှာ အမြဲတမ်းစစ် တပ်မရှိပါ၊ အလောင်း ဘုရားဘုရင် မွေးမြူခဲ့တဲ့ စစ်သူကြီးများက ဦးစီးပြီး လယ်သမား ချောင်းသမား ဗမာတို့နဲ့ တိုင်းရင်းသား မျိုးနွယ်စုများရဲ့ ‘ စစ်ဗီဇအရည်အသွေး ’ ကို ကောင်းကောင်းကြီး ပြသနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာတို့ဟာ ကိုးကွယ်ယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းများမှာ အိန္ဒိယနဲ့ နီးစပ်ပြီး စီးပွားရေး ကုန်သွယ် ရေးမှာ တရုတ်နဲ့ အများကြီး နီးစပ်ပါတယ်။ မိုင်ထောင်ချီဝေးတဲ့ ရုရှားကိုတော့ လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက်တည်းက ချစ်ကြည်ရေး အစဉ်အလာကောင်းများ ရှိခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲပြင်းထန်လာတဲ့အခါ အမေရိကန်ရဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဟာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ကုန်သွယ်ရေး စီးပွားရေး အပေါ် အများကြီး ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ အနောက်အုပ်စုနဲ့ အစေးမကပ်တဲ့ တိုင်းပြည်များ /နေတိုးစစ်အုပ်စု တစ်ခုလုံး စစ်ပွဲမှာ ယူကရိန်းဘက်က ဝင်ပါသည့်တိုင် ရုရှား မရှုံးနိုင်ဘူးလို့ တွက်ဆမိတဲ့ နိုင်ငံများဟာ မော်စကိုနဲ့ ပိုမိုနီးစပ်သွားပါတယ်။ (၂၀၁၄)ခုနှစ် ခရိုင်မီးယားစစ်ပွဲစတင်စဉ် ရုရှားရဲ့ GDP(PPP) ဟာ ကန်ဒေါ်လာ (၃.၉၆)ထရီလျံ ( ကမ္ဘာ့အဆင့် ၁၀)ရှိခဲ့ပြီး (၂၀၂၃)ခုနှစ်မှာ ဒေါ်လာ (၄.၉)ထရီလျံ ရှိပါတယ်။ ယူကရိန်းစစ်ပွဲ စရိတ်စကများအပြင် အနောက်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့သည့်တိုင် ရုရှားအနေနဲ့ ခံနိုင်ရည်ရှိရုံမက ပိုပြီးတိုးတက်သွားခြင်းက (ရုရှားဘက် ယိမ်းသင့်ကြောင်း တွက်ဆချက်) မှန်-မမှန် သက်သေပြနေပါတယ်။
လက်ရှိမြန်မာနိုင်ငံဟာ အမျိုးသားလုံခြုံ ရေး ပြန်လည်စိုးမိုးရန် ကြိုးစားနေပါတယ်။ အထူး သဖြင့် ကိုဗစ်အလွန် ရေကြီးရေလျှံ-ငလျင်လှုပ်- လက်နက်ကိုင်ပဋိပက္ခများနဲ့ ချည့်နဲ့သွားတဲ့ မြန်မာ့စီးပွားရေးကို ပြန်လည်ရုန်းထရန် အားထုတ်နေပါတယ်။ လုံခြုံရေးကို စစ်ရေးအသာစီးရမှုနဲ့ ဖြေရှင်းနိုင်မှာ သေချာသည့်တိုင် စီးပွားရေးပြန်လည်ထူထောင် ဖို့မှာတော့ အခက်အခဲပေါင်းစုံနဲ့ တုံ့ဆိုင်းနေပါတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေးဟာ အခက်အခဲ များကြားမှာ မျောပါနေပြီး ဒီအရေးက နေလွန်မြောက်ဖို့အတွက် ‘အရွေ့’ တစ်ခုလိုအပ် နေပါတယ်။ အရပ်သား အများစုပါဝင်တဲ့ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲဟာ အဲဒီအရွေ့ကို ဖန်တီးပေးပါလိမ့်မယ်။ ခုထိတော့ လာမယ့်ရွေး ကောက်ပွဲဟာ ဥပဒေပြဋ္ဌာန်းချက်များနဲ့ လွတ်လပ် စည်းကမ်းတကျရှိကြောင်း မြင်နေရပါတယ်။
ဒေါ်နယ်ထရမ့်လက်ထက် American First “အမေရိကန် ဦးစားပေး” အိမ်ဖြူတော်ဟာ တဆိတ်ရှိ စစ်ပွဲနဲ့ ဖြေရှင်းခြင်းကို လက်လျှော့ပြီး ဈေးကွက်- စီးပွားရေးကွက်များမှာ ပိုမိုအားထည့်လာကြောင်း သိသာပါတယ်။ အကုန်အကျများတဲ့ ‘စစ်နိုင်ငံရေး’ကို ဇောင်းမပေးဘဲ ကုန်သည်ပွဲစားချဉ်း ကပ်ပုံမျိုး ‘စီးပွားနိုင်ငံရေး’ ကို ကျင့်သုံးလာ ပါတယ်။ အသိသာဆုံးက တရုတ်ဩဇာလွှမ်းမိုးမှု တုံ့ပြန်ရေးနဲ့ လက်ရှိတစ်ကမ္ဘာလုံး အုတ်အော် သောင်းတင်းဖြစ် နေတဲ့ ‘ကျားဖျန့်’ ကိစ္စမှာပါ။
(၄၇)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ အမေရိကန်- အာဆီယံနဲ့ ဆွေးနွေးပွဲတက် ရောက်သူ အခြား တိုင်းပြည်ခေါင်းဆောင်များအကြား ကျားဖျန့်တိုက်ဖျက်ရေး သဘောတူညီကြလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြတယ်။ ကွာလာလမ်ပူရောက် ဒေါ် နယ်ထရမ့်ဟာ ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး အသိသက်သေအဖြစ် လူလုံးပြရုံမှတစ်ပါး ကျားဖျန့် အကြောင်း တစ်ခွန်းမှမဟပါ။ အာဆီယံအစည်းအ ဝေးကြီးလည်း ပြီးဆုံးသာသွားတယ် ကျားဖျန့်နဲ့ ပတ် သက်လို့ ဘာကြေညာချက်မှ မထုတ်ပြန်နိုင်ပါ။ ပေကျင်းကို ဆက်သွားတဲ့ ဒေါ်နယ်ထရမ့်ဟာ ရှီ ကျင့်ဖျင်နဲ့ တွေ့ဆုံရာမှာ ကျားဖျန့်အကြောင်း ဆွေးနွေးတယ်လို့ သတင်းမတွေ့ရ၊ ဝါရှင်တန်ကို ထရမ့် ပြန်မရောက်သေး(ကျားဖျန့် ဗဟိုချက်ဖြစ် နေပြီလို့ ကုလသမဂ္ဂက စွပ်စွဲခြင်းခံရတဲ့ တရုတ်လူ) ကမ္ဘောဒီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ ကျင့်ပါတယ်။
KK Park ကို တပ်မတော်ကစီးနင်းပြီး အဆောက်အအုံများကို ဖျက်ဆီးခြင်းဟာ ယခင် ကျားဖျန့်များနဲ့ ပတ်သက်ခဲ့ခြင်းကို လက်စဖျောက်ခြင်း ဖြစ်တယ်လို့ စွပ်စွဲနေကြတယ်။ အမှန်တော့ (၂၀၂၁)ခုနှစ်ဖေဖော်ဝါရီ နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှာ ဖရီးဘားမား ရိန်းဂျား အမေရိကန် ကြေးစားစစ်သားများ၊ တော်လှန်ရေး ထောက်ခံ နာမည်အမျိုးမျိုးနဲ့ PDF များ အင်အားကောင်းလာခဲ့ပါတယ်။ (၂၀၂၃)နှစ်ကုန်ပိုင်းမှာ နယ်စပ်တစ်လျှောက် ကယားပြည် နယ်-ကရင်ပြည်နယ်အတွင်းရှိ မြန်မာ့တပ်မတော် ကင်းစခန်းများ- ခြေလျင်တပ်ရင်း- ဗျူဟာကုန်း များအထိ ယာယီ ဆုတ်ခွာပေးခဲ့ရပါတယ်။ (၂၀၂၄) ခုနှစ် ဧပြီလခန့်မှာ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ် စတင်ပုံရပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးလို့ လူပြောများပါတယ်။
ကော့ကရိတ်-သင်္ကန်းညီ နောင်-မြဝတီနဲ့ အာရှလမ်းမကြီးကို တပ်မတော်က ပြန်လည်ထိန်း ချုပ်နိုင်တာ ယခု (၂၀၂၅)ခုနှစ် စက်တင်ဘာ ဒုတိယ ပတ်မှာပါ၊ ကျားဖျန့်နှိမ်နင်းရေး တရုတ်-ထိုင်း-မြန်မာ ပူးဆောင်းဆောင်ရွက် တယ်ဆိုတာ အဲဒီတုန်း ကတည်းကပါ။ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တရုတ်-မြန်မာ-လာအို-ထိုင်း-ကမ္ဘောဒီးယား-ဗီယက်နမ်ပါ လန်ချန်း-မဲခေါင်နိုင်ငံများက ကျားဖျန့် နှိမ်နင်းရေး သဘောတူလက်မှတ်ရေးထိုးတာ နိုဝင်ဘာ (၁၄)ရက် ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အရှေ့တောင်အာရှ အွန်လိုင်းလိမ်လည်မှုစင်တာများ တိုက်ဖျက်ရေးတပ် ဖွဲ့စည်းကြောင်း ဝါရှင်တန်က သတင်းထုတ်ပြန်တာ နိုဝင်ဘာ(၁၂)ရက်နေ့စွဲနဲ့ဖြစ်ပေမယ့် မဲခေါင်-လန်ချန်းနိုင်ငံများ သဘောတူညီ သတင်းထက် (၁) ရက်နောက်ကျပြီးမှ မီဒီယာတွေသိကြပါတယ်။ အမေရိကန် ပင်လယ်ရပ်ခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာန OFAC ၊ နိုင်ငံခြားရေးဌာန၊ တရားရေးဌာန၊ ဘဏ္ဍာရေးဌာန FBI, CIA တို့ပါဝင်တယ်ဆိုပေမယ့် အခြားပြည်ပနိုင်ငံများ ပါဝင်ကြောင်း ဖော်ပြထားခြင်း မတွေ့ရပါ။ တရုတ်ဒုစရိုက်ဂိုဏ်းများရဲ့ KK Park တို့လို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ လူကုန်ကူးမှု၊ ကျားဖျန့်နဲ့ ခရက်ပ်တိုငွေကြေး ခဝါချမှုများကို တိုက်ဖျက်ဖို့ တော်ဝင်ရဲတပ်ဖွဲ့ တာဝန်ဆောင် ရွက်ရေးတပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာလားဆိုတာကိုတော့ ရှင်းလင်းစွာ ဖော်ပြခြင်း မရှိပါ။ KK Park နဲ့ ထိုင်း -မြန်မာနယ်စပ်ဆိုတာ တောင်ကျော်ရွှေ့ပြောင်း အလုပ် သမားများ-တရားဝင်/တရားမဝင် ကုန် သည်များနဲ့ ခြေချင်းလိမ်နေတဲ့ နယ်မြေဖြစ်ပါတယ်။ သူတို့ ပြောတာမှန်ခဲ့ရင် တစ်ယောက်ယောက်က ဗီဒီယိုရိုက်တင်လို့ အွန်လိုင်းပေါ်ရောက်နေမှာ သေချာပေမယ့် ခုထိမတွေ့ရသေးပါ။
ဟူနန်ပြည်နယ်ဇာတိ တရုတ်လူမျိုး၊ ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင် အသက် (၄၃)နှစ်ခန့်အရွယ် ‘ရှီကျီ ကျန်း’ ဟာ ‘ရွှေကုက္ကို’ မြို့ သစ်ကို တည်ထောင်သူဖြစ်ပြီး၊ အရှေ့တောင်အာရှ ပွင့်လင်းမြင်သာမှုမရှိတဲ့ စက်မှုဇုန်များမှာ ရင်းနှီး မြှုပ်နှံသူဖြစ်ပါတယ်။ အွန်လိုင်းလိမ်လည်မှုများမှာလည်း ပါဝင်ပတ်သက်သူဖြစ်ခြင်းကြောင့် (၂၀၂၂)ခုနှစ်မှာ ထိုင်းအစိုးရက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒုစရိုက်လုပ်ငန်းကို လည်ပတ်ရာမှာ ပြည်မကြီးနဲ့ဒေသတွင်း အာဏာ ပိုင်များကို လာဘ်ထိုး ခဲ့ရတယ်ဆိုတဲ့ တရုတ်ဇာတိ ရှီကျီကျန်းကို အမေရိ ကန်လက်ထဲ ရောက်ရှိသွားရင် အတော်ကြည့် ကောင်းတဲ့ စပိုင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမှာပါ။ ဒါပေမဲ့ ထိုင်း အစိုးရက ရှီကျီကျန်းကို နိုဝင်ဘာ (၁၀) ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပေးရုံမက အနောက်အုပ်စုနဲ့ အလွန်ရင်းနှီးတဲ့ ထိုင်းဘုရင်ကလည်း ချစ်ကြည်ရေးခရီးအဖြစ် နောက်တစ်နေ့မှာ ပေကျင်းမြို့ကို ရောက်ရှိသွားပါတယ်။
ယခုထက်တိုင် ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖျန့်စင်တာ (၃၀)ခန့် ကျန်ရှိနေသေးတယ်လို့ ပြည်ပ မီဒီယာတချို့က ရေးပါတယ်။ အဲဒီနေရာအတွက် စားနပ်ရိက္ခာ-အင်တာနက်-လျှပ်စစ်ဓာတ်အားကို ဘယ်က ရရှိနေပါ သလဲ၊ ထိုင်း-မြန်မာနယ်စပ် ကျားဖျန့်စင်တာများမှ ဖမ်းဆီးရမိသူများကို မြန်မာနိုင်ငံက သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ခဲ့ရာ ယခုထိ ထောင်သောင်းချီရှိခဲ့ပါတယ်။ အားလုံးဟာ (ကျားဖျန့် မှာ အသတ်ခံရတယ်ဆိုတဲ့ ဘီလာရုဇ်မော်ဒယ် မိန်းကလေး တစ်ဦးမှတစ်ပါး) ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် တစ်ကမ္ဘာလုံး အပုပ်နံ့ထောင်းထောင်းထနေတဲ့ ကျားဖျန့်ဟာ ယခင် NLD အစိုးရလက်ထက်တည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ် ထောက်လှမ်းရေးတို့လက် ချက်ဖြစ်ကြောင်း ပြောကြပေမယ့် အထောက်အထား မရှိပါ။ အလားတူ မြန်မာ့တပ်မ တော်ပါဝင်ကြောင်းလည်း အထောက်အထားမရှိပါ။ ဒါပေမဲ့ တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF များနဲ့ တပ်မတော်လိုလားတဲ့ တိုင်းရင်းသား လက်နက်ကိုင်များပါဝင်ပတ်သက်ကြောင်း ထင်ရှားပါတယ်။ ဒုစရိုက်သမားများနဲ့ အာဏာပိုင်-နိုင်ငံ ရေးသမား-ဒေသခံလက်နက်ကိုင်များ ပေါင်းပြီး လုပ်ချင်သလို လုပ်ခဲ့ကြတာ မှန်ပေမယ့် နစ်နာတာနဲ့ နာမည်ပျက်ရတာက တစ်တိုင်းပြည်လုံး ဖြစ်နေကြောင်းပါ။

Zawgyi Version:
အေမရိကန္အမတ္ ေျပာစကားနဲ႔ ျမန္မာ့ေျမေပၚက က်ားဖ်န႔္
ေဇ႒ေအာင္ (NP News) - ႏိုဝင္ဘာ ၂၃
မၾကာမီ ျမန္မာႏိုင္ငံမွာက်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ တ႐ုတ္-႐ုရွားႀကိဳးကိုင္တဲ့ စစ္အစိုးရ ေပၚေပါက္လာ ေရးသာျဖစ္တယ္လို႔ အေမရိကန္ေအာက္လႊတ္ေတာ္အမတ္ ေယာင္ကင္မ္က ေျပာဆိုေၾကာင္း BBC (ျမန္မာပိုင္း- 19th November 2025) ကေရးပါတယ္။ ျပည္ေျပးမီဒီယာေတြနဲ႔ NUG, PDF ေထာက္ခံေတြကလည္း အဲဒီအတိုင္း သံေယာင္ လိုက္ ေျပာဆိုေနၾကပါတယ္။
Yuoug Oak-Kim ေယာင္အုတ္ကင္မ္ (၆၃)ဟာ အင္ခြၽန္းၿမိဳ႕မွာေမြးဖြားတဲ့ ေတာင္ကိုရီးယား ႏြယ္ဖြား အေသးစား စီးပြားေရးလုပ္ငန္းရွင္၊ ႏိုင္ငံေရး သမားတစ္ဦးျဖစ္ပါတယ္။ (၂၀၁၄)ခုႏွစ္မွစၿပီး ကြန္ဂရက္လႊတ္ေတာ္ကိုေရာက္ရွိလာတဲ့ ကယ္လီဖိုးနီးယား ခ႐ိုင္ကိုယ္စားျပဳ ရီပတ္ဘလစ္ကန္ပါတီဝင္ျဖစ္ၿပီး လက္ရွိ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ ေကာ္မတီ အေရွ႕အာရွနဲ႔ ပစိဖိတ္ဆိုင္ရာ ဆပ္ေကာ္မတီရဲ႕ ဥကၠ႒ျဖစ္ပါတယ္။ သူဟာ တ႐ုတ္ႏိုင္ငံနဲ႔ပတ္သက္လို႔ သေဘာထားတင္းမာသူျဖစ္ၿပီး အေမရိကန္နဲ႔တ႐ုတ္ဟာ မဟာဗ်ဴဟာေျမာက္ ၿပိဳင္ဆိုင္လ်က္ရွိေၾကာင္း၊ ထိုင္ဝမ္-အေမရိ ကန္ကာကြယ္ေရးဟာ အေရးႀကီးၿပီး အေရွ႕ေတာင္အာရွေဒသအတြက္ တ႐ုတ္ကြန္ျမဴနစ္ ပါတီဟာ အလြန္အႏၲရာယ္ႀကီး ေၾကာင္း ယုံၾကည္ ေဟာေျပာသူျဖစ္ပါတယ္။
လြန္ခဲ့တဲ့ (၂၀၁၉)ခုႏွစ္တုန္းက ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ေျမာက္ဖ်ားပိုင္းကို ဘဂၤလားေဒ့ရွ္ႏိုင္ငံ အတြင္းထည့္ သြင္းသင့္ေၾကာင္း အေမရိကန္ ေအာက္လႊတ္ေတာ္အမတ္ ဘရက္ဒ္ရွာမန္ကေျပာခဲ့ ဖူးပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အခ်ဳပ္ အျခာပိုင္နယ္ေျမကို ကေလးကစားသလိုေျပာဆိုမႈမွာ ျမန္မာသာမက အဲဒီအခ်ိန္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာ စီနာကပါ ျပင္းျပင္းထန္ထန္ရႈတ္ခ်ခဲ့ပါတယ္။ အမရိကန္ကြန္ ဂရက္အမတ္တစ္ဦးရဲ႕ အလြတ္ သေဘာအျမင္အျဖစ္ ဘယ္သူမွ အတည္မယူခဲ့ၾကသလို အခု ေယာင္ကင္မ္ရဲ႕ အေျခအျမစ္မရွိေျပာဆိုခ်က္မွာလည္း ေလထဲလာ ၿပီး ေလထဲေပ်ာက္မယ့္စကားမ်ားအျဖစ္မွတ္ယူရပါလိမ့္မယ္။
တစ္နည္းအားျဖင့္ ေဒၚနယ္ထရမ့္ ဒုတိယအႀကိမ္ သမၼတရာထူးလက္ခံၿပီးေနာက္ ျပည္ပႏိုင္ငံေတြရဲ႕ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ေျပာင္းလဲလာတဲ့ အေမရိကန္ႏိုင္ငံျခားေရးမူဝါဒ လမ္းòန္ခ်က္နဲ႔လည္း မကိုက္ညီဘူးလို႔ ေျပာရပါလိမ့္မယ္။ (၂၀၂၅)ခုႏွစ္ ဇူလိုင္ (၁၇)ရက္ ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုက ျမန္မာႏိုင္ငံအပါအဝင္ ျပည္ပ ႏိုင္ငံအသီးသီးရွိ အေမရိကန္သံ႐ုံးမ်ားကို òန္ၾကားခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ႏိုင္ငံရပ္ျခားတိုင္းျပည္ေတြရဲ႕ ေ႐ြးေကာက္ပြဲ သန႔္ရွင္း စင္ၾကယ္မႈ၊ တရားမွ်တမႈနဲ႔ ပတ္သက္ၿပီး အေမရိကန္ သံတမန္ေတြက မွတ္ခ်က္ေပးျခင္းမျပဳဖို႔တားျမစ္ခဲ့ ေၾကာင္း ေတြ႕ရပါတယ္။ သမၼတရင့္မာႀကီးတစ္ ေယာက္လုံး လက္နဲ႔ေရးသမွ်ကို ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရး ေကာ္မတီဥကၠ႒က ေျခနဲ႔ဖ်က္သလို ရွိတဲ့ အတြက္ ကိုယ့္ျပႆနာ ကိုယ္ရွင္းရမယ့္ ကိန္းဆိုက္ပါ လိမ့္မယ္။
တကယ္ေတာ့ ရွည္လ်ားတဲ့ သမိုင္းေၾကာင္းနဲ႔ ကမာၻ႔လူဦးေရအမ်ားဆုံး တိုင္းျပည္ႀကီးႏွစ္ခုၾကားရွိ ‘ျမန္မာ’ တို႔ဟာ တ႐ုတ္နဲ႔ေရာ-အိႏၵိယနဲ႔ပါ ႐ုပ္ရည္၊ ယဥ္ေက်းမႈမတူညီတဲ့ သီးသန႔္အမ်ိဳးသားေရး လကၡဏာပိုင္ရွင္မ်ားျဖစ္ၾကပါ တယ္။ (၁၄)ရာစု တ႐ုတ္ျပည္ကို မြန္ဂိုတို႔ စိုးမိုးစဥ္ ပုဂံအင္ပါယာၿပိဳကြဲ ခဲ့ဖူးတယ္။ ဒါေပမဲ့ (၁၈)ရာစု ခ်င္မင္းဆက္ တ႐ုတ္ တို႔က ကုန္းေဘာင္မင္းဆက္ ျမန္မာႏိုင္ငံကို က်ဴးေက်ာ္ တိုက္ခိုက္ရာမွာေတာ့ တ႐ုတ္စစ္သား (၇၀,ဝဝဝ)နဲ႔ တ႐ုတ္ စစ္သူႀကီး (၄)ဦးတို႔ အသက္ဆုံး ရႈံးျခင္းသာ အဖတ္တင္ၿပီး မေအာင္ျမင္ပါ။ အဲဒီအခ်ိန္ ျမန္မာဘုရင္မွာ အၿမဲတမ္းစစ္ တပ္မရွိပါ၊ အေလာင္း ဘုရားဘုရင္ ေမြးျမဴခဲ့တဲ့ စစ္သူႀကီးမ်ားက ဦးစီးၿပီး လယ္သမား ေခ်ာင္းသမား ဗမာတို႔နဲ႔ တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားရဲ႕ ‘ စစ္ဗီဇအရည္အေသြး ’ ကို ေကာင္းေကာင္းႀကီး ျပသႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ျမန္မာတို႔ဟာ ကိုးကြယ္ယုံၾကည္မႈနဲ႔ ဓေလ့ထုံးတမ္းမ်ားမွာ အိႏၵိယနဲ႔ နီးစပ္ၿပီး စီးပြားေရး ကုန္သြယ္ ေရးမွာ တ႐ုတ္နဲ႔ အမ်ားႀကီး နီးစပ္ပါတယ္။ မိုင္ေထာင္ခ်ီေဝးတဲ့ ႐ုရွားကိုေတာ့ လြတ္လပ္ေရးရၿပီး ဖဆပလ အစိုးရလက္ထက္တည္းက ခ်စ္ၾကည္ေရး အစဥ္အလာေကာင္းမ်ား ရွိခဲ့ပါတယ္။ ယူကရိန္း စစ္ပြဲျပင္းထန္လာတဲ့အခါ အေမရိကန္ရဲ႕ ႐ုရွားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈဟာ ျမန္မာအပါအဝင္ ကမာၻ႔ႏိုင္ငံ အသီးသီးရဲ႕ ကုန္သြယ္ေရး စီးပြားေရး အေပၚ အမ်ားႀကီး ဂယက္႐ိုက္ခတ္ခဲ့ပါတယ္။ အေနာက္အုပ္စုနဲ႔ အေစးမကပ္တဲ့ တိုင္းျပည္မ်ား /ေနတိုးစစ္အုပ္စု တစ္ခုလုံး စစ္ပြဲမွာ ယူကရိန္းဘက္က ဝင္ပါသည့္တိုင္ ႐ုရွား မရႈံးႏိုင္ဘူးလို႔ တြက္ဆမိတဲ့ ႏိုင္ငံမ်ားဟာ ေမာ္စကိုနဲ႔ ပိုမိုနီးစပ္သြားပါတယ္။ (၂၀၁၄)ခုႏွစ္ ခ႐ိုင္မီးယားစစ္ပြဲစတင္စဥ္ ႐ုရွားရဲ႕ GDP(PPP) ဟာ ကန္ေဒၚလာ (၃.၉၆)ထရီလ်ံ ( ကမာၻ႔အဆင့္ ၁၀)ရွိခဲ့ၿပီး (၂၀၂၃)ခုႏွစ္မွာ ေဒၚလာ (၄.၉)ထရီလ်ံ ရွိပါတယ္။ ယူကရိန္းစစ္ပြဲ စရိတ္စကမ်ားအျပင္ အေနာက္အုပ္စုက ဒဏ္ခတ္ပိတ္ဆို႔သည့္တိုင္ ႐ုရွားအေနနဲ႔ ခံႏိုင္ရည္ရွိ႐ုံမက ပိုၿပီးတိုးတက္သြားျခင္းက (႐ုရွားဘက္ ယိမ္းသင့္ေၾကာင္း တြက္ဆခ်က္) မွန္-မမွန္ သက္ေသျပေနပါတယ္။
လက္ရွိျမန္မာႏိုင္ငံဟာ အမ်ိဳးသားလုံၿခဳံ ေရး ျပန္လည္စိုးမိုးရန္ ႀကိဳးစားေနပါတယ္။ အထူး သျဖင့္ ကိုဗစ္အလြန္ ေရႀကီးေရလွ်ံ-ငလ်င္လႈပ္- လက္နက္ကိုင္ပဋိပကၡမ်ားနဲ႔ ခ်ည့္နဲ႔သြားတဲ့ ျမန္မာ့စီးပြားေရးကို ျပန္လည္႐ုန္းထရန္ အားထုတ္ေနပါတယ္။ လုံၿခဳံေရးကို စစ္ေရးအသာစီးရမႈနဲ႔ ေျဖရွင္းႏိုင္မွာ ေသခ်ာသည့္တိုင္ စီးပြားေရးျပန္လည္ထူေထာင္ ဖို႔မွာေတာ့ အခက္အခဲေပါင္းစုံနဲ႔ တုံ႔ဆိုင္းေနပါတယ္။ တနည္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးစီးပြားေရးဟာ အခက္အခဲ မ်ားၾကားမွာ ေမ်ာပါေနၿပီး ဒီအေရးက ေနလြန္ေျမာက္ဖို႔အတြက္ ‘အေ႐ြ႕’ တစ္ခုလိုအပ္ ေနပါတယ္။ အရပ္သား အမ်ားစုပါဝင္တဲ့ ပါတီစုံဒီမို ကေရစီ အေထြေထြေ႐ြးေကာက္ပြဲဟာ အဲဒီအေ႐ြ႕ကို ဖန္တီးေပးပါလိမ့္မယ္။ ခုထိေတာ့ လာမယ့္ေ႐ြး ေကာက္ပြဲဟာ ဥပေဒျပ႒ာန္းခ်က္မ်ားနဲ႔ လြတ္လပ္ စည္းကမ္းတက်ရွိေၾကာင္း ျမင္ေနရပါတယ္။
ေဒၚနယ္ထရမ့္လက္ထက္ American First “အေမရိကန္ ဦးစားေပး” အိမ္ျဖဴေတာ္ဟာ တဆိတ္ရွိ စစ္ပြဲနဲ႔ ေျဖရွင္းျခင္းကို လက္ေလွ်ာ့ၿပီး ေဈးကြက္- စီးပြားေရးကြက္မ်ားမွာ ပိုမိုအားထည့္လာေၾကာင္း သိသာပါတယ္။ အကုန္အက်မ်ားတဲ့ ‘စစ္ႏိုင္ငံေရး’ကို ေဇာင္းမေပးဘဲ ကုန္သည္ပြဲစားခ်ဥ္း ကပ္ပုံမ်ိဳး ‘စီးပြားႏိုင္ငံေရး’ ကို က်င့္သုံးလာ ပါတယ္။ အသိသာဆုံးက တ႐ုတ္ဩဇာလႊမ္းမိုးမႈ တုံ႔ျပန္ေရးနဲ႔ လက္ရွိတစ္ကမာၻလုံး အုတ္ေအာ္ ေသာင္းတင္းျဖစ္ ေနတဲ့ ‘က်ားဖ်န႔္’ ကိစၥမွာပါ။
(၄၇)ႀကိမ္ေျမာက္ ထိပ္သီးအစည္းအေဝးမွာ အေမရိကန္- အာဆီယံနဲ႔ ေဆြးေႏြးပြဲတက္ ေရာက္သူ အျခား တိုင္းျပည္ေခါင္းေဆာင္မ်ားအၾကား က်ားဖ်န႔္တိုက္ဖ်က္ေရး သေဘာတူညီၾကလိမ့္မယ္လို႔ ထင္ေၾကးေပးခဲ့ၾကတယ္။ ကြာလာလမ္ပူေရာက္ ေဒၚ နယ္ထရမ့္ဟာ ထိုင္း-ကေမာၻဒီးယား ၿငိမ္းခ်မ္းေရး အသိသက္ေသအျဖစ္ လူလုံးျပ႐ုံမွတစ္ပါး က်ားဖ်န႔္ အေၾကာင္း တစ္ခြန္းမွမဟပါ။ အာဆီယံအစည္းအ ေဝးႀကီးလည္း ၿပီးဆုံးသာသြားတယ္ က်ားဖ်န႔္နဲ႔ ပတ္ သက္လို႔ ဘာေၾကညာခ်က္မွ မထုတ္ျပန္ႏိုင္ပါ။ ေပက်င္းကို ဆက္သြားတဲ့ ေဒၚနယ္ထရမ့္ဟာ ရွီ က်င့္ဖ်င္နဲ႔ ေတြ႕ဆုံရာမွာ က်ားဖ်န႔္အေၾကာင္း ေဆြးေႏြးတယ္လို႔ သတင္းမေတြ႕ရ၊ ဝါရွင္တန္ကို ထရမ့္ ျပန္မေရာက္ေသး(က်ားဖ်န႔္ ဗဟိုခ်က္ျဖစ္ ေနၿပီလို႔ ကုလသမဂၢက စြပ္စြဲျခင္းခံရတဲ့ တ႐ုတ္လူ) ကေမာၻဒီးယားနဲ႔ အေမရိကန္တို႔ ပူးတြဲစစ္ေရးေလ့ က်င့္ပါတယ္။
KK Park ကို တပ္မေတာ္ကစီးနင္းၿပီး အေဆာက္အအုံမ်ားကို ဖ်က္ဆီးျခင္းဟာ ယခင္ က်ားဖ်န႔္မ်ားနဲ႔ ပတ္သက္ခဲ့ျခင္းကို လက္စေဖ်ာက္ျခင္း ျဖစ္တယ္လို႔ စြပ္စြဲေနၾကတယ္။ အမွန္ေတာ့ (၂၀၂၁)ခုႏွစ္ေဖေဖာ္ဝါရီ ေနာက္ပိုင္း ထိုင္း-ျမန္မာနယ္စပ္မွာ ဖရီးဘားမား ရိန္းဂ်ား အေမရိကန္ ေၾကးစားစစ္သားမ်ား၊ ေတာ္လွန္ေရး ေထာက္ခံ နာမည္အမ်ိဳးမ်ိဳးနဲ႔ PDF မ်ား အင္အားေကာင္းလာခဲ့ပါတယ္။ (၂၀၂၃)ႏွစ္ကုန္ပိုင္းမွာ နယ္စပ္တစ္ေလွ်ာက္ ကယားျပည္ နယ္-ကရင္ျပည္နယ္အတြင္းရွိ ျမန္မာ့တပ္မေတာ္ ကင္းစခန္းမ်ား- ေျခလ်င္တပ္ရင္း- ဗ်ဴဟာကုန္း မ်ားအထိ ယာယီ ဆုတ္ခြာေပးခဲ့ရပါတယ္။ (၂၀၂၄) ခုႏွစ္ ဧၿပီလခန႔္မွာ တပ္မေတာ္ရဲ႕ တန္ျပန္ထိုးစစ္ စတင္ပုံရၿပီး အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ရဲ႕ ေအာင္ေဇယ်စစ္ဆင္ေရးလို႔ လူေျပာမ်ားပါတယ္။
ေကာ့ကရိတ္-သကၤန္းညီ ေနာင္-ျမဝတီနဲ႔ အာရွလမ္းမႀကီးကို တပ္မေတာ္က ျပန္လည္ထိန္း ခ်ဳပ္ႏိုင္တာ ယခု (၂၀၂၅)ခုႏွစ္ စက္တင္ဘာ ဒုတိယ ပတ္မွာပါ၊ က်ားဖ်န႔္ႏွိမ္နင္းေရး တ႐ုတ္-ထိုင္း-ျမန္မာ ပူးေဆာင္းေဆာင္႐ြက္ တယ္ဆိုတာ အဲဒီတုန္း ကတည္းကပါ။ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕မွာ တ႐ုတ္-ျမန္မာ-လာအို-ထိုင္း-ကေမာၻဒီးယား-ဗီယက္နမ္ပါ လန္ခ်န္း-မဲေခါင္ႏိုင္ငံမ်ားက က်ားဖ်န႔္ ႏွိမ္နင္းေရး သေဘာတူလက္မွတ္ေရးထိုးတာ ႏိုဝင္ဘာ (၁၄)ရက္ ျဖစ္ပါတယ္။
အေမရိကန္ရဲ႕ အေရွ႕ေတာင္အာရွ အြန္လိုင္းလိမ္လည္မႈစင္တာမ်ား တိုက္ဖ်က္ေရးတပ္ ဖြဲ႕စည္းေၾကာင္း ဝါရွင္တန္က သတင္းထုတ္ျပန္တာ ႏိုဝင္ဘာ(၁၂)ရက္ေန႔စြဲနဲ႔ျဖစ္ေပမယ့္ မဲေခါင္-လန္ခ်န္းႏိုင္ငံမ်ား သေဘာတူညီ သတင္းထက္ (၁) ရက္ေနာက္က်ၿပီးမွ မီဒီယာေတြသိၾကပါတယ္။ အေမရိကန္ ပင္လယ္ရပ္ျခားပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရး ဌာန OFAC ၊ ႏိုင္ငံျခားေရးဌာန၊ တရားေရးဌာန၊ ဘ႑ာေရးဌာန FBI, CIA တို႔ပါဝင္တယ္ဆိုေပမယ့္ အျခားျပည္ပႏိုင္ငံမ်ား ပါဝင္ေၾကာင္း ေဖာ္ျပထားျခင္း မေတြ႕ရပါ။ တ႐ုတ္ဒုစ႐ိုက္ဂိုဏ္းမ်ားရဲ႕ KK Park တို႔လို ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈ၊ လူကုန္ကူးမႈ၊ က်ားဖ်န႔္နဲ႔ ခရက္ပ္တိုေငြေၾကး ခဝါခ်မႈမ်ားကို တိုက္ဖ်က္ဖို႔ ေတာ္ဝင္ရဲတပ္ဖြဲ႕ တာဝန္ေဆာင္ ႐ြက္ေရးတပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္ဆိုပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံအတြင္းမွာလားဆိုတာကိုေတာ့ ရွင္းလင္းစြာ ေဖာ္ျပျခင္း မရွိပါ။ KK Park နဲ႔ ထိုင္း -ျမန္မာနယ္စပ္ဆိုတာ ေတာင္ေက်ာ္ေ႐ႊ႕ေျပာင္း အလုပ္ သမားမ်ား-တရားဝင္/တရားမဝင္ ကုန္ သည္မ်ားနဲ႔ ေျခခ်င္းလိမ္ေနတဲ့ နယ္ေျမျဖစ္ပါတယ္။ သူတို႔ ေျပာတာမွန္ခဲ့ရင္ တစ္ေယာက္ေယာက္က ဗီဒီယို႐ိုက္တင္လို႔ အြန္လိုင္းေပၚေရာက္ေနမွာ ေသခ်ာေပမယ့္ ခုထိမေတြ႕ရေသးပါ။
ဟူနန္ျပည္နယ္ဇာတိ တ႐ုတ္လူမ်ိဳး၊ ကေမာၻဒီးယားစီးပြားေရးလုပ္ငန္းရွင္ အသက္ (၄၃)ႏွစ္ခန႔္အ႐ြယ္ ‘ရွီက်ီ က်န္း’ ဟာ ‘ေ႐ႊကုကၠိဳ’ ၿမိဳ႕ သစ္ကို တည္ေထာင္သူျဖစ္ၿပီး၊ အေရွ႕ေတာင္အာရွ ပြင့္လင္းျမင္သာမႈမရွိတဲ့ စက္မႈဇုန္မ်ားမွာ ရင္းႏွီး ျမႇဳပ္ႏွံသူျဖစ္ပါတယ္။ အြန္လိုင္းလိမ္လည္မႈမ်ားမွာလည္း ပါဝင္ပတ္သက္သူျဖစ္ျခင္းေၾကာင့္ (၂၀၂၂)ခုႏွစ္မွာ ထိုင္းအစိုးရက ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ ဒုစ႐ိုက္လုပ္ငန္းကို လည္ပတ္ရာမွာ ျပည္မႀကီးနဲ႔ေဒသတြင္း အာဏာ ပိုင္မ်ားကို လာဘ္ထိုး ခဲ့ရတယ္ဆိုတဲ့ တ႐ုတ္ဇာတိ ရွီက်ီက်န္းကို အေမရိ ကန္လက္ထဲ ေရာက္ရွိသြားရင္ အေတာ္ၾကည့္ ေကာင္းတဲ့ စပိုင္ဇာတ္လမ္းတစ္ပုဒ္ျဖစ္လာမွာပါ။ ဒါေပမဲ့ ထိုင္း အစိုးရက ရွီက်ီက်န္းကို ႏိုဝင္ဘာ (၁၀) ရက္မွာ တ႐ုတ္အစိုးရထံ လႊဲေျပာင္းေပး႐ုံမက အေနာက္အုပ္စုနဲ႔ အလြန္ရင္းႏွီးတဲ့ ထိုင္းဘုရင္ကလည္း ခ်စ္ၾကည္ေရးခရီးအျဖစ္ ေနာက္တစ္ေန႔မွာ ေပက်င္းၿမိဳ႕ကို ေရာက္ရွိသြားပါတယ္။
ယခုထက္တိုင္ ထိုင္း-ျမန္မာနယ္စပ္မွာ က်ားဖ်န႔္စင္တာ (၃၀)ခန႔္ က်န္ရွိေနေသးတယ္လို႔ ျပည္ပ မီဒီယာတခ်ိဳ႕က ေရးပါတယ္။ အဲဒီေနရာအတြက္ စားနပ္ရိကၡာ-အင္တာနက္-လွ်ပ္စစ္ဓာတ္အားကို ဘယ္က ရရွိေနပါ သလဲ၊ ထိုင္း-ျမန္မာနယ္စပ္ က်ားဖ်န႔္စင္တာမ်ားမွ ဖမ္းဆီးရမိသူမ်ားကို ျမန္မာႏိုင္ငံက သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္ပို႔ခဲ့ရာ ယခုထိ ေထာင္ေသာင္းခ်ီရွိခဲ့ပါတယ္။ အားလုံးဟာ (က်ားဖ်န႔္ မွာ အသတ္ခံရတယ္ဆိုတဲ့ ဘီလာ႐ုဇ္ေမာ္ဒယ္ မိန္းကေလး တစ္ဦးမွတစ္ပါး) ထိုင္းႏိုင္ငံဘက္မွ ဝင္ေရာက္လာျခင္း ျဖစ္ပါတယ္။ အတိုခ်ဳပ္ေျပာရရင္ တစ္ကမာၻလုံး အပုပ္နံ႔ေထာင္းေထာင္းထေနတဲ့ က်ားဖ်န႔္ဟာ ယခင္ NLD အစိုးရလက္ထက္တည္းက စတင္ခဲ့ျခင္းျဖစ္ၿပီး တ႐ုတ္ ေထာက္လွမ္းေရးတို႔လက္ ခ်က္ျဖစ္ေၾကာင္း ေျပာၾကေပမယ့္ အေထာက္အထား မရွိပါ။ အလားတူ ျမန္မာ့တပ္မ ေတာ္ပါဝင္ေၾကာင္းလည္း အေထာက္အထားမရွိပါ။ ဒါေပမဲ့ တပ္မေတာ္လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ BGF မ်ားနဲ႔ တပ္မေတာ္လိုလားတဲ့ တိုင္းရင္းသား လက္နက္ကိုင္မ်ားပါဝင္ပတ္သက္ေၾကာင္း ထင္ရွားပါတယ္။ ဒုစ႐ိုက္သမားမ်ားနဲ႔ အာဏာပိုင္-ႏိုင္ငံ ေရးသမား-ေဒသခံလက္နက္ကိုင္မ်ား ေပါင္းၿပီး လုပ္ခ်င္သလို လုပ္ခဲ့ၾကတာ မွန္ေပမယ့္ နစ္နာတာနဲ႔ နာမည္ပ်က္ရတာက တစ္တိုင္းျပည္လုံး ျဖစ္ေနေၾကာင္းပါ။