ဒူဘိုင်းလေကြောင်းပြပွဲအတွင်း အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျ

 158

Pika (NP News) - နိုဝင်ဘာ ၂၃

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာလုပ်ဆောင်ခဲ့တဲ့ လေကြောင်းပြပွဲတစ်ခုအတွင်း အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က “ဒူဘိုင်းလေကြောင်းပြပွဲမှာ ပါဝင်ပျံသန်းခဲ့ တဲ့ အိန္ဒိယရဲ့ Tejas တိုက်လေယာဉ်တစ်စင်းဟာ ပျံသန်းနေစဉ်အချိန်အတွင်း ပျက်ကျသွားခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ပဲ ပျက်ကျမှုအတွင်း လေယာဉ်မှူးလည်း သေဆုံးသွားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အိန္ဒိယလေတပ်မှာအသုံးပြုတဲ့ တိုက်လေယာဉ် HAL Tejas ဟာ ကြည့်ရှုနေတဲ့ပရိသတ်ကြီးအတွက် သရုပ်ပြ ပျံသန်းမှုကို လုပ်ဆောင်နေစဉ်အချိန်အတွင်း ပျက်ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ တိုက်လေယာဉ် ပျက်ကျပြီးနောက် Dubai World Central ရပ်ကွက်မှာရှိတဲ့ Al Maktoum နိုင်ငံတကာလေဆိပ်အနီးမှာ မီးခိုးလုံးကြီး တွေ မြင့်တက်လာခဲ့ပြီး မီးသတ်ကားတွေနဲ့အရေးပေါ်ယာဉ်တွေက ပျက်ကျရာနေရာကို ချက်ချင်းသွားရောက်ခဲ့တာ ကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ခဲ့ရပါတယ်။
ဒူဘိုင်းမြို့ရဲ့ Al Maktoum နိုင်ငံတကာလေဆိပ်ဟာ (၂)နှစ်တစ်ကြိမ်ကျင်းပတဲ့ ဒူဘိုင်းလေကြောင်းပြပွဲကို လက်ခံ ကျင်းပနေချိန်မှာပဲ ယခုလိုပျက်ကျမှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ Tejas တိုက်လေယာဉ်ဟာ အိန္ဒိယရဲ့ပြည်တွင်းထုတ် တိုက်လေယာဉ်တစ်စင်းဖြစ်ပြီး နိုင်ငံပိုင် Hindustan Aeronautics Limited ကုမ္ပဏီက တည်ဆောက်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဒူဘိုင္းေလေၾကာင္းျပပြဲအတြင္း အိႏၵိယတိုက္ေလယာဥ္တစ္စင္း ပ်က္က်
Pika (NP News) - ႏိုဝင္ဘာ ၂၃
ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ေလေၾကာင္းျပပြဲတစ္ခုအတြင္း အိႏၵိယတိုက္ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး ေလယာဥ္မႉးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕က “ဒူဘိုင္းေလေၾကာင္းျပပြဲမွာ ပါဝင္ပ်ံသန္းခဲ့ တဲ့ အိႏၵိယရဲ႕ Tejas တိုက္ေလယာဥ္တစ္စင္းဟာ ပ်ံသန္းေနစဥ္အခ်ိန္အတြင္း ပ်က္က်သြားခဲ့ပါတယ္။
ကံမေကာင္းစြာနဲ႔ပဲ ပ်က္က်မႈအတြင္း ေလယာဥ္မႉးလည္း ေသဆုံးသြားခဲ့ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။
အိႏၵိယေလတပ္မွာအသုံးျပဳတဲ့ တိုက္ေလယာဥ္ HAL Tejas ဟာ ၾကည့္ရႈေနတဲ့ပရိသတ္ႀကီးအတြက္ သ႐ုပ္ျပ ပ်ံသန္းမႈကို လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ တိုက္ေလယာဥ္ ပ်က္က်ၿပီးေနာက္ Dubai World Central ရပ္ကြက္မွာရွိတဲ့ Al Maktoum ႏိုင္ငံတကာေလဆိပ္အနီးမွာ မီးခိုးလုံးႀကီး ေတြ ျမင့္တက္လာခဲ့ၿပီး မီးသတ္ကားေတြနဲ႔အေရးေပၚယာဥ္ေတြက ပ်က္က်ရာေနရာကို ခ်က္ခ်င္းသြားေရာက္ခဲ့တာ ကိုလည္း ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ဗီဒီယိုဖိုင္ထဲမွာ ေတြ႕ျမင္ခဲ့ရပါတယ္။
ဒူဘိုင္းၿမိဳ႕ရဲ႕ Al Maktoum ႏိုင္ငံတကာေလဆိပ္ဟာ (၂)ႏွစ္တစ္ႀကိမ္က်င္းပတဲ့ ဒူဘိုင္းေလေၾကာင္းျပပြဲကို လက္ခံ က်င္းပေနခ်ိန္မွာပဲ ယခုလိုပ်က္က်မႈေတြျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ Tejas တိုက္ေလယာဥ္ဟာ အိႏၵိယရဲ႕ျပည္တြင္းထုတ္ တိုက္ေလယာဥ္တစ္စင္းျဖစ္ၿပီး ႏိုင္ငံပိုင္ Hindustan Aeronautics Limited ကုမၸဏီက တည္ေဆာက္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.