ဆွေးနွေးပွဲတွေ ချက်ချင်းလုပ်ဆောင်မလား ဒါမှမဟုတ် နောက်ထပ်နယ်မြေတွေအဆုံးရှုံးခံမလားလို့ ယူကရိန်းသမ္မတကို ရုရှားအစိုးရ သတိပေး

 75

Pika (NP News) - နိုဝင်ဘာ ၂၃
ယူကရိန်းသမ္မတဇီလန်စကီးအနေနဲ့ဆွေးနွေးပွဲများ လုပ်ဆောင်မလား ဒါမှမဟုတ် နောက်ထပ်နယ်မြေတွေကို အဆုံးရှုံးခံသွားမလားဆိုတဲ့သတိပေးချက်တစ်ခုကို ရုရှားအစိုးရက ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားရဲ့တောင်းဆိုချက်များစွာကို လိုက်နာထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အမေရိကန်က ယူကရိန်းကို ပေးပို့ ခဲ့ပြီးနောက် ရုရှားအစိုးရရဲ့သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က “ရုရှားတပ်ဖွဲ့တွေရဲ့ထိရောက်တဲ့တိုက်ခိုက်မှုတွေကို ဇီလန်စကီးက သတိထားမိမယ်လို့ ထင်ပါတယ်။နောက်မှမဟုတ်ဘဲ အခုချက်ချင်းပဲ ဆွေးနွေးမှုတွေလုပ်ဆောင်တာ က ယူကရိန်းအတွက် ပိုကောင်းပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုရှားစစ်တပ်ရဲ့ထိုးစစ်ဆင်မှုတွေအတွင်း ယူကရိန်းကနယ်မြေတွေဆုံးရှုံးခဲ့ရမှုနဲ့အတူ ဇီလန်စကီးအတွက် ဆုံးဖြတ်ချက်ချခွင့်က တစ်ဖြည်းဖြည်း ကျဉ်းမြောင်းလာနေတယ်လို့လည်း ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါ တယ်။ ဒါပေမယ့်လည်း အမေရိကန် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ရုရှားက တရားဝင်လက်ခံရရှိခဲ့ တာမျိုး မရှိဘူးလို့လည်း ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်က အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို လက်ခံရမယ်ဆိုတာကို အမေရိကန်က ယူကရိန်းကို အချက်ပြခဲ့ပြီးနောက် တစ်ရက်အကြာမှာ ရုရှားဘက်က ယခုလိုပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်က အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို လက်ခံလိုက်တာ ဟာ ယူကရိန်းက ၎င်းရဲ့အချုပ်အခြာအာဏာကို စွန့်လွှတ်ရာရောက်တယ်လို့လည်း သတင်းဌာနအချို့က ရေးသား ဖော်ပြခဲ့ပါတယ်။

Zawgyi Version:
ေဆြးေႏြးပြဲေတြ ခ်က္ခ်င္းလုပ္ေဆာင္မလား ဒါမွမဟုတ္ ေနာက္ထပ္နယ္ေျမေတြအဆုံးရႈံးခံမလားလို႔ ယူကရိန္း သမၼတကို ႐ုရွားအစိုးရ သတိေပး
Pika (NP News) - ႏိုဝင္ဘာ ၂၃
ယူကရိန္းသမၼတဇီလန္စကီးအေနနဲ႔ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္မလား ဒါမွမဟုတ္ ေနာက္ထပ္နယ္ေျမေတြကို အဆုံးရႈံးခံသြားမလားဆိုတဲ့သတိေပးခ်က္တစ္ခုကို ႐ုရွားအစိုးရက ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားရဲ႕ေတာင္းဆိုခ်က္မ်ားစြာကို လိုက္နာထားတဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ကို အေမရိကန္က ယူကရိန္းကို ေပးပို႔ ခဲ့ၿပီးေနာက္ ႐ုရွားအစိုးရရဲ႕သတိေပးခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က “႐ုရွားတပ္ဖြဲ႕ေတြရဲ႕ထိေရာက္တဲ့တိုက္ခိုက္မႈေတြကို ဇီလန္စကီးက သတိထားမိမယ္လို႔ ထင္ပါတယ္။ေနာက္မွမဟုတ္ဘဲ အခုခ်က္ခ်င္းပဲ ေဆြးေႏြးမႈေတြလုပ္ေဆာင္တာ က ယူကရိန္းအတြက္ ပိုေကာင္းပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားစစ္တပ္ရဲ႕ထိုးစစ္ဆင္မႈေတြအတြင္း ယူကရိန္းကနယ္ေျမေတြဆုံးရႈံးခဲ့ရမႈနဲ႔အတူ ဇီလန္စကီးအတြက္ ဆုံးျဖတ္ခ်က္ခ်ခြင့္က တစ္ျဖည္းျဖည္း က်ဥ္းေျမာင္းလာေနတယ္လို႔လည္း ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါ တယ္။ ဒါေပမယ့္လည္း အေမရိကန္ အဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ကို ႐ုရွားက တရားဝင္လက္ခံရရွိခဲ့ တာမ်ိဳး မရွိဘူးလို႔လည္း ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အေမရိကန္က အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္ခံရမယ္ဆိုတာကို အေမရိကန္က ယူကရိန္းကို အခ်က္ျပခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ႐ုရွားဘက္က ယခုလိုေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္က အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္ခံလိုက္တာ ဟာ ယူကရိန္းက ၎ရဲ႕အခ်ဳပ္အျခာအာဏာကို စြန႔္လႊတ္ရာေရာက္တယ္လို႔လည္း သတင္းဌာနအခ်ိဳ႕က ေရးသား ေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.