တရုတ်-ဂျပန် ဆက်ဆံရေးတင်းမာလာရခြင်းနဲ့ အတိတ်-ပစ္စုပ္ပန်-အနာဂတ် (သုံးသပ်ဆောင်းပါး)

 114

HtayOung #OungMarine(NP News)-နိုဝင်ဘာ၂၃
ယခုတစ်လော နိုင်ငံတကာသတင်းများမှာ ခေါင်းစဉ်ဖြစ်နေတဲ့အတိုင်း ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီရဲ့ ထိုင်ဝမ်အ ရေး ပြောဆိုမှုနဲ့ ပတ်သက်ပြီး ဒေသတွင်းနဲ့ကမ္ဘာ့နိုင်ငံများမှာ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း မီဒီယာများရဲ့ မေးမြန်းချက်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေဆိုကြောင်းလည်း တွေ့ရပါတယ်။

တရုတ်တစ်နိုင်ငံတည်း အယူအဆကို လက်ခံတဲ့ နိုင်ငံများမှာ အမေရိကန်လည်းပါဝင်ပါတယ်။ ဒါပေမယ့် ထိုင် ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည်မကြီးအစိုးရသာလျင် တရုတ်နိုင်ငံကို ကိုယ်စားပြုတယ် ဆိုခြင်းကို လက်မခံပါ။ ဒီအတွက် တရုတ်နိုင်ငံပြန်လည်ပူးပေါင်းရေးမှာ အင်အားသုံးခြင်း မှန်သမျှ ထိုင်ဝမ် ဘက်က ကူညီမယ်လို ဆိုနေပါတယ်။ တရုတ်-ဂျပန် ဆက်ဆံရေးတင်းမာရခြင်းမှာ ယခု တာကိုင်ချီ ဝန်ကြီးချုပ် ဖြစ်မှ မဟုတ်၊ ယခင်ကလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပြီး အလွန်ဆိုးရွားတဲ့ အခြေအနေထိ ရောက်ခဲ့ကြဖူးတယ်။

တင်းမာရခြင်း အကြောင်းရင်းများမှာ (၁) စစ်မက်ကာလ အတိတ်သမိုင်းအရဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မ တိုင်မီနဲ့ ကမ္ဘာစစ်ကာလ ဂျပန်စစ်တပ်ဟာ ကိုရီးယား-ဂျပန်နဲ့ အရှေ့ တောင် အာရှမှာ ရက်စက်ကြမ်း ကြုတ် မှုများကို ကျူလွန်မိခဲ့ပါတယ်။ တရုတ်နန်ကင်းမြို့ အစုအပုံလိုက် လူဿတ်ပွဲ၊ သိမ်းပိုက်ခံ ကိုရီးယားကျွန်း ဆွယ်မှ မိန်းမပျိုလေးများကို ဂျပန်စစ်တပ်အတွင်း ဇိမ်မယ်အဖြစ် ခိုင်းစေခြင်း၊ မြန်မာအပါအဝင် အာရှနိုင်ငံများ မှာ သီဟတင်စိုး တော်လှန်ရေးဇာတ်ကားတွေထဲမှာပါတဲ့ အပြုအမူမျိုးတို့ဖြစ်ပါတယ်။ ဒီအကြောင်းကို အာရှ နိုင်ငံများရဲ့ စာသင်ကျောင်း-သမိုင်းဖတ်စာများမှာ အတိအလင်း သင်ကြား ဖော်ပြနေကြပေမယ့် ဂျပန်စာသင် ကျောင်းတွေမှာတော့ ဆင်ဝှေ့ရန်ရှောင် ရေးသားထားတယ်လို့ ဝေဖန်မှုများရှိနေပါတယ်။

(၂) ဒီကိစ္စဟာ တရုတ်-ဂျပန်-တောင်ကိုရီးယားတို့လို စီးပွားရေးအရှိန်အဟုန်ချင်း ပြိုင်ဆိုင်စရာမလိုတဲ့ ကျွန် တော်တို့လို နိုင်ငံတွေအတွက် ဘာမှ ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ပါ။ ဒါပေမယ့် အာရှဒေသ စီးပွားရေးနဲ့ နိုင်ငံ ရေးဩဇာလွှမ်းမိုးမှုမှာ ယှဉ်ပြိုင်နေတဲ့ တရုတ်နဲ့ ဂျပန်အတွက် ပြဿနာရှိပါတယ်။ တရုတ်ရဲ့ အချိန်တို အ တွင်း စီးပွားရေး ကြီးထွားလာမှုဟာ ဂျပန်ရဲ့ ဒေသတွင်း ရှိရင်းစွဲ ဦးဆောင်နေရာကို စိန်ခေါ်နေပါတယ်။

(၃) တရုတ်နဲ့ ဂျပန်ကြားမှာ ဆင်ကာကူ ခေါ် ဒိုင်အေယူကျွန်းပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြပါတယ်။ ထိုင် ဝမ် မြောက်ဘက်မှာ တည်ရှိတဲ့ အဲ့ဒီကျွန်းဟာ ဂျပန်အိုကီနာဝါကျွန်းများတဲ့ သိပ်မဝေးတဲ့အတွက် စစ်ရေးတင်း မာမှုများနဲ့ တကယ့် မီးခဲလို့ ဆိုရပါလိမ့်မယ်

(၄) အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်ဟာ တရုတ်က နယ်ေြ့မကျူးကျော်တိုးချဲ့နေတယ်လို့ ရှုမြင်တဲ့ အင် ဒို-ပစိဖိတ်ဒေသ ပထဝီနိုင်ငံရေး မဟာဗျူဟာမှာ အရေးပါတဲ့ ဖာတ်ကောင်တစ်ဦးဖြစ်ပါတယ်။ ဂျပန်မှာ “နိပွန် ကိုင်ဂျီ ကွန်ရက်” လို့ ခေါ်တဲ့ အစွန်းရောက်အမျိုးသားရေးအဖွဲ့ရှိပါတယ်။ လူမျိုးခြား ဆန့်ကျင်ရေး-ဒုတိယ ကမ္ဘာစစ်မတိုင်မီ ဂျပန်အင်ပါယာစစ်တပ် ပြန်လည်ထူထောင်ရေးနဲ့ လူမျိုးရေးဝါဒီ လက်ယာ အစွန်းရောက် အစိုးရမဟုတ်တဲ့ အစည်းအရုံးဖြစ်ပါတယ်။ ၁၉၉၇-ခုနှစ်မှာ စတင်ထူထောင်ပြီး အသင်းဝင် ၄-သောင်းခန့် ရှိ ပါတယ်။ လက်ရှိ အမျိုးသမီးဝန်ကြီးချုပ် တာကိုင်အို နဲ့ ရှင်ဇိုအာဘေး အပါအဝင် ဝန်ကြီးချုပ်များ-ဝန်ကြီးများ ဟာ အဲ့ဒီအဖွဲ့ဝင် သို့မဟုတ် အားပေးထောက်ခံသူများဖြစ်ကြပါတယ်။ ဂျပန်နိုင်ငံရေး လောကမှာ အလွန်လွှမ်း မိုးပြီး အထူးသဖြင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အတွင်း သြဇာကြီးမားပါတယ်။ လက်ရှိ ဝန်ကြီးချုပ် တာကိုင်အို(၆၄-နှစ်) ဟာ LPD ပါတီဥက္ကဌ ဖြစ်နေပါတယ်.

စစ်အင်အားတည်ဆောက်မှု-စစ်ရေးဖြင့် အဖြေရှာခြင်းကို စွန့်လွှတ်တဲ့ စစ်ပြီးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၉ ကို ပြင်ဆင်ရန် ဂျပန်အစိုးရတို့က ကြိုးစားတိုင်း အတိတ်ကာလအတွေ့အကြုံများအရ တောင်ကိုရီး ယား-တရုတ်တို့မှာ စိတ်မသက်မသာ ဖြစ်လေ့ရှိတယ်။ ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြင့်လာခြင်းနဲံ စစ်အင်အားပြန်လည်ပြင်ဆင်ခြင်းကို စောင့်ကြည့်စိုးရိမ်နေပါတယ်။

ဂျပန်မှာ “ယာဆူကူနီ” ခေါ် အာဇာနည်ဗိမာန်ရှိပါတယ်။ ရုပ်ကြွင်းများကို မြှုပ်နှံထားခြင်း မဟုတ်ပဲ စစ်ပွဲအတွင်း ကျဆုံးခဲ့သူများရဲ့ ဝိညာဉ်တည်ရှိကြောင်း ရှင်တိုဘာသာအယူအဆအရ အမည်များကို ကဗ္ဗည်းထိုးခြင်းဖြစ်ပါ တယ်။ အဲ့ဒီအထဲမှာ ဒုတိယကမ္ဘာစစ်ကာလ ကိုရီးယား-မန်ချူးရီးယား-တရုတ်နဲ့ မြန်မာအပါအဝင် အာရှတိုက် မှာ စစ်ရာဇဝတ်ကောင်များအဖြစ် ကမ္ဘာကသတ်မှတ်ထားခြင်းခံရသူ ၁၄-ဦးလည်းပါဝင်နေတယ်။ ၁၉၇၈-ခုနှစ် လျှို့ဝှက်စွာ ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး မီဒီယာများ ဖွင့်ချမှ ကမ္ဘာက သိရှိခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ယခုထိ ဂျပန်ဝန်ကြီးချုပ် ၃၅-ဦး ရှိလာပေမယ့် အတိတ်ကာလ တရုတ်-ကိုရီးယား နဲ့ အာရှတိုက်မှာ ဂျပန်စစ်တပ်ရဲ့ ကျူးလွန်မှုများအတွက် တရားဝင်တောင်းပန်ခဲ့သူ ဂျပန်ဝန်ကြီး ချုပ် ၃-ဦးခန့် သာ ရှိပါတယ်။ အတော်များများဟာ မတောင်းပန်ယုံမက ယခင်ဖြစ်ရပ်များဖက်မှ ကာကွယ်ထောက်ခံမှုများ ပြု လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ယာဆူကူနီ ဗိမာန်ကို သွားရောက်အလေးပြုသူ ဂျပန်ဝန်ကြီး ချုပ် ၆-ဦးခန့် ရှိပါ တယ်။ ၁၉၈၃-ခုနှစ် ဝန်ကြီးချုပ် “နာကာဆိုနဲ”၂၀၀၁-၂၀၀၆ ခုနှစ် ဂျပန်ဝန်ကြီးချုပ် “ကိုအိဇုမိ” လက်ထက်မှာ ၆-ကြိမ်တိုင်တိုင် သွားရောက်ခဲ့တဲ့အတွက် တောင်ကိုရီးယား-တရုတ်တို့မှာ ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ဖူးတယ်။

ထိုင်ဝမ်ကိစ္စ စစ်ရေးနဲ့ဆောင်ရွက်ရန် ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ ထိပ်တိုက်တွေ့မှု ပြင်းထန်လာကြောင်း၊ ၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများကို ဖော်ပြပြီး နိုင်ငံတကာဥပဒေနဲ့ သံတမန်စံနှုန်းများကို ချိုးဖောက်ရာ ရောက်ရှိတဲ့အတွက် တရုတ်အနေနဲ့ ခုခံ ကာကွယ်ရန် သံဓိဌာန်ချမှတ်ထားကြောင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ကုလသမဂ္ဂအ ထွေထွေအတွင်း ရေးမှူးချုပ်ထံ စာရေးသားပေးပို့လိုက်တယ်လို့ “ရိုက်တာ” (22 November 2025) က ရေးတယ်။
.

Zawgyi Version:
တ႐ုတ္-ဂ်ပန္ ဆက္ဆံေရးတင္းမာလာရျခင္းနဲ႔ အတိတ္-ပစၥဳပၸန္-အနာဂတ္
(သုံးသပ္ေဆာင္းပါး)
HtayOung #OungMarine(NP News)-ႏိုဝင္ဘာ၂၃
ယခုတစ္ေလာ ႏိုင္ငံတကာသတင္းမ်ားမွာ ေခါင္းစဥ္ျဖစ္ေနတဲ့အတိုင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီရဲ႕ ထိုင္ဝမ္အ ေရး ေျပာဆိုမႈနဲ႔ ပတ္သက္ၿပီး ေဒသတြင္းနဲ႔ကမာၻ႔ႏိုင္ငံမ်ားမွာ စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း မီဒီယာမ်ားရဲ႕ ေမးျမန္းခ်က္ကို အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီသတင္း ထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ျပန္လည္ေျဖဆိုေၾကာင္းလည္း ေတြ႕ရပါတယ္။

တ႐ုတ္တစ္ႏိုင္ငံတည္း အယူအဆကို လက္ခံတဲ့ ႏိုင္ငံမ်ားမွာ အေမရိကန္လည္းပါဝင္ပါတယ္။ ဒါေပမယ့္ ထိုင္ ဝမ္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ျပည္မႀကီးအစိုးရသာလ်င္ တ႐ုတ္ႏိုင္ငံကို ကိုယ္စားျပဳတယ္ ဆိုျခင္းကို လက္မခံပါ။ ဒီအတြက္ တ႐ုတ္ႏိုင္ငံျပန္လည္ပူးေပါင္းေရးမွာ အင္အားသုံးျခင္း မွန္သမွ် ထိုင္ဝမ္ ဘက္က ကူညီမယ္လို ဆိုေနပါတယ္။ တ႐ုတ္-ဂ်ပန္ ဆက္ဆံေရးတင္းမာရျခင္းမွာ ယခု တာကိုင္ခ်ီ ဝန္ႀကီးခ်ဳပ္ ျဖစ္မွ မဟုတ္၊ ယခင္ကလည္း အႀကိမ္ႀကိမ္ျဖစ္ခဲ့ဖူးၿပီး အလြန္ဆိုး႐ြားတဲ့ အေျခအေနထိ ေရာက္ခဲ့ၾကဖူးတယ္။

တင္းမာရျခင္း အေၾကာင္းရင္းမ်ားမွာ (၁) စစ္မက္ကာလ အတိတ္သမိုင္းအရျဖစ္ပါတယ္။ ဒုတိယကမာၻစစ္မ တိုင္မီနဲ႔ ကမာၻစစ္ကာလ ဂ်ပန္စစ္တပ္ဟာ ကိုရီးယား-ဂ်ပန္နဲ႔ အေရွ႕ ေတာင္ အာရွမွာ ရက္စက္ၾကမ္း ၾကဳတ္ မႈမ်ားကို က်ဴလြန္မိခဲ့ပါတယ္။ တ႐ုတ္နန္ကင္းၿမိဳ႕ အစုအပုံလိုက္ လူႆတ္ပြဲ၊ သိမ္းပိုက္ခံ ကိုရီးယားကြၽန္း ဆြယ္မွ မိန္းမပ်ိဳေလးမ်ားကို ဂ်ပန္စစ္တပ္အတြင္း ဇိမ္မယ္အျဖစ္ ခိုင္းေစျခင္း၊ ျမန္မာအပါအဝင္ အာရွႏိုင္ငံမ်ား မွာ သီဟတင္စိုး ေတာ္လွန္ေရးဇာတ္ကားေတြထဲမွာပါတဲ့ အျပဳအမူမ်ိဳးတို႔ျဖစ္ပါတယ္။ ဒီအေၾကာင္းကို အာရွ ႏိုင္ငံမ်ားရဲ႕ စာသင္ေက်ာင္း-သမိုင္းဖတ္စာမ်ားမွာ အတိအလင္း သင္ၾကား ေဖာ္ျပေနၾကေပမယ့္ ဂ်ပန္စာသင္ ေက်ာင္းေတြမွာေတာ့ ဆင္ေဝွ႔ရန္ေရွာင္ ေရးသားထားတယ္လို႔ ေဝဖန္မႈမ်ားရွိေနပါတယ္။

(၂) ဒီကိစၥဟာ တ႐ုတ္-ဂ်ပန္-ေတာင္ကိုရီးယားတို႔လို စီးပြားေရးအရွိန္အဟုန္ခ်င္း ၿပိဳင္ဆိုင္စရာမလိုတဲ့ ကြၽန္ ေတာ္တို႔လို ႏိုင္ငံေတြအတြက္ ဘာမွ ေရးႀကီးခြင္က်ယ္ကိစၥမဟုတ္ပါ။ ဒါေပမယ့္ အာရွေဒသ စီးပြားေရးနဲ႔ ႏိုင္ငံ ေရးဩဇာလႊမ္းမိုးမႈမွာ ယွဥ္ၿပိဳင္ေနတဲ့ တ႐ုတ္နဲ႔ ဂ်ပန္အတြက္ ျပႆနာရွိပါတယ္။ တ႐ုတ္ရဲ႕ အခ်ိန္တို အ တြင္း စီးပြားေရး ႀကီးထြားလာမႈဟာ ဂ်ပန္ရဲ႕ ေဒသတြင္း ရွိရင္းစြဲ ဦးေဆာင္ေနရာကို စိန္ေခၚေနပါတယ္။

(၃) တ႐ုတ္နဲ႔ ဂ်ပန္ၾကားမွာ ဆင္ကာကူ ေခၚ ဒိုင္ေအယူကြၽန္းပိုင္ဆိုင္မႈအတြက္ အျငင္းပြားေနၾကပါတယ္။ ထိုင္ ဝမ္ ေျမာက္ဘက္မွာ တည္ရွိတဲ့ အဲ့ဒီကြၽန္းဟာ ဂ်ပန္အိုကီနာဝါကြၽန္းမ်ားတဲ့ သိပ္မေဝးတဲ့အတြက္ စစ္ေရးတင္း မာမႈမ်ားနဲ႔ တကယ့္ မီးခဲလို႔ ဆိုရပါလိမ့္မယ္

(၄) အေမရိကန္ရဲ႕ မဟာမိတ္ျဖစ္တဲ့ ဂ်ပန္ဟာ တ႐ုတ္က နယ္ေျ့မက်ဴးေက်ာ္တိုးခ်ဲ႕ေနတယ္လို႔ ရႈျမင္တဲ့ အင္ ဒို-ပစိဖိတ္ေဒသ ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာမွာ အေရးပါတဲ့ ဖာတ္ေကာင္တစ္ဦးျဖစ္ပါတယ္။ ဂ်ပန္မွာ “နိပြန္ ကိုင္ဂ်ီ ကြန္ရက္” လို႔ ေခၚတဲ့ အစြန္းေရာက္အမ်ိဳးသားေရးအဖြဲ႕ရွိပါတယ္။ လူမ်ိဳးျခား ဆန႔္က်င္ေရး-ဒုတိယ ကမာၻစစ္မတိုင္မီ ဂ်ပန္အင္ပါယာစစ္တပ္ ျပန္လည္ထူေထာင္ေရးနဲ႔ လူမ်ိဳးေရးဝါဒီ လက္ယာ အစြန္းေရာက္ အစိုးရမဟုတ္တဲ့ အစည္းအ႐ုံးျဖစ္ပါတယ္။ ၁၉၉၇-ခုႏွစ္မွာ စတင္ထူေထာင္ၿပီး အသင္းဝင္ ၄-ေသာင္းခန႔္ ရွိ ပါတယ္။ လက္ရွိ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ တာကိုင္အို နဲ႔ ရွင္ဇိုအာေဘး အပါအဝင္ ဝန္ႀကီးခ်ဳပ္မ်ား-ဝန္ႀကီးမ်ား ဟာ အဲ့ဒီအဖြဲ႕ဝင္ သို႔မဟုတ္ အားေပးေထာက္ခံသူမ်ားျဖစ္ၾကပါတယ္။ ဂ်ပန္ႏိုင္ငံေရး ေလာကမွာ အလြန္လႊမ္း မိုးၿပီး အထူးသျဖင့္ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ (LDP) အတြင္း ၾသဇာႀကီးမားပါတယ္။ လက္ရွိ ဝန္ႀကီးခ်ဳပ္ တာကိုင္အို(၆၄-ႏွစ္) ဟာ LPD ပါတီဥကၠဌ ျဖစ္ေနပါတယ္.

စစ္အင္အားတည္ေဆာက္မႈ-စစ္ေရးျဖင့္ အေျဖရွာျခင္းကို စြန႔္လႊတ္တဲ့ စစ္ၿပီးေခတ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အပိုဒ္ ၉ ကို ျပင္ဆင္ရန္ ဂ်ပန္အစိုးရတို႔က ႀကိဳးစားတိုင္း အတိတ္ကာလအေတြ႕အႀကဳံမ်ားအရ ေတာင္ကိုရီး ယား-တ႐ုတ္တို႔မွာ စိတ္မသက္မသာ ျဖစ္ေလ့ရွိတယ္။ ဂ်ပန္ရဲ႕ ကာကြယ္ေရးအသုံးစရိတ္ တိုးျမင့္လာျခင္းနဲံ စစ္အင္အားျပန္လည္ျပင္ဆင္ျခင္းကို ေစာင့္ၾကည့္စိုးရိမ္ေနပါတယ္။

ဂ်ပန္မွာ “ယာဆူကူနီ” ေခၚ အာဇာနည္ဗိမာန္ရွိပါတယ္။ ႐ုပ္ႂကြင္းမ်ားကို ျမႇဳပ္ႏွံထားျခင္း မဟုတ္ပဲ စစ္ပြဲအတြင္း က်ဆုံးခဲ့သူမ်ားရဲ႕ ဝိညာဥ္တည္ရွိေၾကာင္း ရွင္တိုဘာသာအယူအဆအရ အမည္မ်ားကို ကဗၺည္းထိုးျခင္းျဖစ္ပါ တယ္။ အဲ့ဒီအထဲမွာ ဒုတိယကမာၻစစ္ကာလ ကိုရီးယား-မန္ခ်ဴးရီးယား-တ႐ုတ္နဲ႔ ျမန္မာအပါအဝင္ အာရွတိုက္ မွာ စစ္ရာဇဝတ္ေကာင္မ်ားအျဖစ္ ကမာၻကသတ္မွတ္ထားျခင္းခံရသူ ၁၄-ဦးလည္းပါဝင္ေနတယ္။ ၁၉၇၈-ခုႏွစ္ လွ်ိဳ႕ဝွက္စြာ ထည့္သြင္းခဲ့ျခင္းျဖစ္ၿပီး မီဒီယာမ်ား ဖြင့္ခ်မွ ကမာၻက သိရွိခဲ့ၾကပါတယ္။

ဒုတိယကမာၻစစ္ေနာက္ပိုင္း ယခုထိ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ၃၅-ဦး ရွိလာေပမယ့္ အတိတ္ကာလ တ႐ုတ္-ကိုရီးယား နဲ႔ အာရွတိုက္မွာ ဂ်ပန္စစ္တပ္ရဲ႕ က်ဴးလြန္မႈမ်ားအတြက္ တရားဝင္ေတာင္းပန္ခဲ့သူ ဂ်ပန္ဝန္ႀကီး ခ်ဳပ္ ၃-ဦးခန႔္ သာ ရွိပါတယ္။ အေတာ္မ်ားမ်ားဟာ မေတာင္းပန္ယုံမက ယခင္ျဖစ္ရပ္မ်ားဖက္မွ ကာကြယ္ေထာက္ခံမႈမ်ား ျပဳ လုပ္ခဲ့ပါတယ္။ အထူးသျဖင့္ ယာဆူကူနီ ဗိမာန္ကို သြားေရာက္အေလးျပဳသူ ဂ်ပန္ဝန္ႀကီး ခ်ဳပ္ ၆-ဦးခန႔္ ရွိပါ တယ္။ ၁၉၈၃-ခုႏွစ္ ဝန္ႀကီးခ်ဳပ္ “နာကာဆိုနဲ”၂၀၀၁-၂၀၀၆ ခုႏွစ္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ “ကိုအိဇုမိ” လက္ထက္မွာ ၆-ႀကိမ္တိုင္တိုင္ သြားေရာက္ခဲ့တဲ့အတြက္ ေတာင္ကိုရီးယား-တ႐ုတ္တို႔မွာ ျပင္းထန္စြာ ကန႔္ကြက္ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ဖူးတယ္။

ထိုင္ဝမ္ကိစၥ စစ္ေရးနဲ႔ေဆာင္႐ြက္ရန္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီရဲ႕ ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး တ႐ုတ္နဲ႔ ထိပ္တိုက္ေတြ႕မႈ ျပင္းထန္လာေၾကာင္း၊ ၊ ဒုတိယကမာၻစစ္အတြင္း ဂ်ပန္တို႔က်ဴးလြန္ခဲ့တဲ့ စစ္ရာဇဝတ္မႈမ်ားကို ေဖာ္ျပၿပီး ႏိုင္ငံတကာဥပေဒနဲ႔ သံတမန္စံႏႈန္းမ်ားကို ခ်ိဳးေဖာက္ရာ ေရာက္ရွိတဲ့အတြက္ တ႐ုတ္အေနနဲ႔ ခုခံ ကာကြယ္ရန္ သံဓိဌာန္ခ်မွတ္ထားေၾကာင္း တ႐ုတ္ေခါင္းေဆာင္ ရွီက်င့္ဖ်င္က ကုလသမဂၢအ ေထြေထြအတြင္း ေရးမႉးခ်ဳပ္ထံ စာေရးသားေပးပို႔လိုက္တယ္လို႔ “႐ိုက္တာ” (22 November 2025) က ေရးတယ္။
.

Related news

© 2021. All rights reserved.