ပြည်သူအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ တင်သွင်းရမည်ဟုဆို

 89

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၃
ပြည်သူအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့(နိုဝင်ဘာ ၂၂ရက်)၊ နံနက်ပိုင်းက ရန်ကုန်မြို့ UMFCCI Office Tower ရှိ မင်္ဂလာခန်းမ၌ ကျင်းပ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(၂၂) ကြိမ်မြောက်နှစ်ပတ်လည်အသင်း သားစုံညီ အစည်းအဝေးတွင်ပြောကြားခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းကြီးက ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းရန် လို အပ်သည့် ထောက်ခံစာများအတွက်လည်း သေချာစွာစိစစ်၍‌ အချိန်ကြန့်ကြာမှုမရှိစေဘဲဆောင် ရွက်ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ တင်သွင်းရမည်ဖြစ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းတင်သွင်း၊ ဖြန့်ချိ၊ ရောင်းချသည့် ကုန်သွယ်ရေး လုပ်ငန်းမှသည် ကုန်ချောထုတ်လုပ်သည့် ဆေးဝါးစက်ရုံများကိုလည်း ပြည်တွင်းတွင်တည်ထောင်၍ ပြည်ပမှ အရည်အသွေးပြည့်မီသည့် ဆေးဝါးကုန်ကြမ်းများကို တင်သွင်းကာ ပြည်တွင်းစျေး ကွက်တွင် ထုတ်လုပ်ဖြန့်ချိရုံ သာမကနိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းကြီးအနေဖြင့် နိုင်ငံတော်က ချမှတ် ထားသော ကျန်းမာရေးနှင့်သက်ဆိုင်သည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လေ့လာ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ဝိုင်းဝန်းကြိုး ပမ်းအကောင်အထည်ဖော်ပေးကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့််လည်း ဆေးဝါးမှတ်ပုံ တင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ပြီးခွင့်ပြုပေးလျက်ရှိလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိပြည်တွင်း ဆေးနှင့် ဆေးပစ္စည်းများဈေးကွက်တွင်မူ ဒေါ်လာဈေးမြှင့်တက်မှုနှင့် ဆေးဝါးတင်သွင်းခွင့်ပအခက်အခဲများကြောင့် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။

Zawgyi Version:
ျပည္သူအတြက္ အမွန္တကယ္လိုအပ္ၿပီး အက်ိဳးရွိသည့္ ေဆးႏွင့္ေဆးပစၥည္းမ်ားကိုသာ တင္သြင္းရမည္ဟုဆို
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၃
ျပည္သူအတြက္ အမွန္တကယ္လိုအပ္ၿပီး အက်ိဳးရွိသည့္ ေဆးႏွင့္ေဆးပစၥည္းမ်ားကိုသာ တင္သြင္းရမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက ယမန္ေန႔(ႏိုဝင္ဘာ ၂၂ရက္)၊ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ UMFCCI Office Tower ရွိ မဂၤလာခန္းမ၌ က်င္းပ ျမန္မာႏိုင္ငံ ေဆးႏွင့္ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္း(၂၂) ႀကိမ္ေျမာက္ႏွစ္ပတ္လည္အသင္း သားစုံညီ အစည္းအေဝးတြင္ေျပာၾကားခဲ့ေၾကာင္း သိရသည္။
က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံ ေဆးႏွင့္ေဆးပစၥည္းလုပ္ငန္း ရွင္မ်ားအသင္းႀကီးက ေဆးႏွင့္ေဆးပစၥည္းမ်ား တင္သြင္းရန္ လို အပ္သည့္ ေထာက္ခံစာမ်ားအတြက္လည္း ေသခ်ာစြာစိစစ္၍‌ အခ်ိန္ၾကန႔္ၾကာမႈမရွိေစဘဲေဆာင္ ႐ြက္ေပးလ်က္ရွိပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ျပည္သူလူထုအတြက္ အမွန္တကယ္လိုအပ္ၿပီး အက်ိဳးရွိသည့္ ေဆးႏွင့္ေဆးပစၥည္းမ်ားကိုသာ တင္သြင္းရမည္ျဖစ္ပါေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ေဆးႏွင့္ေဆးပစၥည္းတင္သြင္း၊ ျဖန္႔ခ်ိ၊ ေရာင္းခ်သည့္ ကုန္သြယ္ေရး လုပ္ငန္းမွသည္ ကုန္ေခ်ာထုတ္လုပ္သည့္ ေဆးဝါးစက္႐ုံမ်ားကိုလည္း ျပည္တြင္းတြင္တည္ေထာင္၍ ျပည္ပမွ အရည္အေသြးျပည့္မီသည့္ ေဆးဝါးကုန္ၾကမ္းမ်ားကို တင္သြင္းကာ ျပည္တြင္းေစ်း ကြက္တြင္ ထုတ္လုပ္ျဖန႔္ခ်ိ႐ုံ သာမကႏိုင္ငံျခားသို႔ ျပန္လည္တင္ပို႔ႏိုင္သည္အထိ ႀကိဳးပမ္းေဆာင္႐ြက္ရန္လည္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ား အသင္းႀကီးအေနျဖင့္ ႏိုင္ငံေတာ္က ခ်မွတ္ ထားေသာ က်န္းမာေရးႏွင့္သက္ဆိုင္သည့္ မူဝါဒမ်ား၊ ရည္မွန္းခ်က္မ်ား၊ လုပ္ငန္းစဥ္မ်ားကို စဥ္ဆက္မျပတ္ေလ့လာ၍ က်န္းမာေရးဝန္ႀကီးဌာနႏွင့္အတူ ဝိုင္းဝန္းႀကိဳး ပမ္းအေကာင္အထည္ေဖာ္ေပးၾကရန္လည္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းခဲ့သည္။
အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနအေနျဖင့္္လည္း ေဆးဝါးမွတ္ပုံ တင္ျခင္းလုပ္ငန္းမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ စိစစ္ၿပီးခြင့္ျပဳေပးလ်က္ရွိလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
လက္ရွိျပည္တြင္း ေဆးႏွင့္ ေဆးပစၥည္းမ်ားေဈးကြက္တြင္မူ ေဒၚလာေဈးျမႇင့္တက္မႈႏွင့္ ေဆးဝါးတင္သြင္းခြင့္ပအခက္အခဲမ်ားေၾကာင့္ ေဈးႏႈန္းမ်ားျမင့္တက္လ်က္ရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။

Related news

© 2021. All rights reserved.