အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်ခံဖို့ ယူကရိန်းကို အမေရိကန် ခြိမ်းခြောက်

 66

Pika (NP News) - နိုဝင်ဘာ ၂၃

အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်မူဘောင်ကို ယူကရိန်းက သဘောတူလာစေဖို့အတွက် ဖိအားပေးတဲ့အနေနဲ့ ယူကရိန်းအတွက် ထောက်လှမ်းရေးအချက်အလက်မျှဝေမှုနဲ့ လက်နက်ထောက်ပံ့မှုတွေကို ဖြတ်တောက်ပစ်မယ်ဆိုပြီး အမေရိကန်က ခြိမ်းခြောက်ခဲ့တယ်လို့ အဲဒီကိစ္စနဲ့ရင်းနှီးတဲ့သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ အချက်(၂၈)ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို ယူကရိန်းကို ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ထဲမှာတော့ ယူကရိန်းက နောက်ထပ်နယ်မြေတွေကို စွန့်လွှတ်ဖို့၊စစ်တပ်အရွယ်အစားကို ထက်ဝက်လျှော့ချဖို့နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် မဝင်ရောက်ဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
လက်ရှိ အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး ယူကရိန်းက အမေရိကန်ရဲ့ဖိအားများစွာအောက်ကို ရောက်ရှိနေတယ်လို့လည်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်က ယူကရိန်းကို လာမယ့်နိုဝင်ဘာလ(၂၇)ရက်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်မူဘောင်ကို လက်မှတ်ရေးထိုးစေလိုနေတယ်လို့လည်း အဲဒီသတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီချက်ထဲမှာ ယူကရိန်းရဲ့တရားဝင်နိုင်ငံတော်ဘာသာစကားကို ရုရှားဘာသာစကားအဖြစ် အသိအမှတ်ပြုဖို့နဲ့ ယူကရိန်း Orthodoxဘုရားကျောင်းကို တရားဝင်အဆင့်အတန်းနေရာတစ်ခု ပေးအပ်ဖို့လည်း ပြဌာန်းထားတယ်လို့ သိရပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့စစ်ရေးအကူအညီတွေ ပြန်လည်ရုတ်သိမ်းဖို့ အကြောင်းအရာလည်း အဲဒီငြိမ်းချမ်းရေးအဆိုပြုချက်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

Zawgyi Version:
အဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကိုလက္ခံဖို႔ ယူကရိန္းကို အေမရိကန္ ၿခိမ္းေျခာက္
Pika (NP News) - ႏိုဝင္ဘာ ၂၃
အဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မူေဘာင္ကို ယူကရိန္းက သေဘာတူလာေစဖို႔အတြက္ ဖိအားေပးတဲ့အေနနဲ႔ ယူကရိန္းအတြက္ ေထာက္လွမ္းေရးအခ်က္အလက္မွ်ေဝမႈနဲ႔ လက္နက္ေထာက္ပံ့မႈေတြကို ျဖတ္ေတာက္ပစ္မယ္ဆိုၿပီး အေမရိကန္က ၿခိမ္းေျခာက္ခဲ့တယ္လို႔ အဲဒီကိစၥနဲ႔ရင္းႏွီးတဲ့သတင္းရင္းျမစ္ႏွစ္ခုက ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ဟာ အခ်က္(၂၈)ခ်က္ပါ ၿငိမ္းခ်မ္းေရးအစီအစဥ္တစ္ခုကို ယူကရိန္းကို ေပးပို႔ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ထဲမွာေတာ့ ယူကရိန္းက ေနာက္ထပ္နယ္ေျမေတြကို စြန႔္လႊတ္ဖို႔၊စစ္တပ္အ႐ြယ္အစားကို ထက္ဝက္ေလွ်ာ့ခ်ဖို႔နဲ႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ မဝင္ေရာက္ဖို႔ စတဲ့အခ်က္ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။
လက္ရွိ အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္နဲ႔ပတ္သက္ၿပီး ယူကရိန္းက အေမရိကန္ရဲ႕ဖိအားမ်ားစြာေအာက္ကို ေရာက္ရွိေနတယ္လို႔လည္း သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္က ယူကရိန္းကို လာမယ့္ႏိုဝင္ဘာလ(၂၇)ရက္မွာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မူေဘာင္ကို လက္မွတ္ေရးထိုးေစလိုေနတယ္လို႔လည္း အဲဒီသတင္းရင္းျမစ္က ေျပာၾကားခဲ့ပါတယ္။
ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ထဲမွာ ယူကရိန္းရဲ႕တရားဝင္ႏိုင္ငံေတာ္ဘာသာစကားကို ႐ုရွားဘာသာစကားအျဖစ္ အသိအမွတ္ျပဳဖို႔နဲ႔ ယူကရိန္း Orthodoxဘုရားေက်ာင္းကို တရားဝင္အဆင့္အတန္းေနရာတစ္ခု ေပးအပ္ဖို႔လည္း ျပဌာန္းထားတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕စစ္ေရးအကူအညီေတြ ျပန္လည္႐ုတ္သိမ္းဖို႔ အေၾကာင္းအရာလည္း အဲဒီၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ထဲမွာ ပါဝင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.