မင်္ဂလာဒုံမြို့နယ်တွင် Food Vlogger ကျော်ဝဏ္ဏ၏ ကားကိုငှားစီးကာ အနီးကပ်ပစ်သတ်မှုဖြစ်ပွား

 2617

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် Food Vlogger ကျော်ဝဏ္ဏ၏ ကားကိုငှားစီးကာ အနီးကပ်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီး စပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၂၂ရက်)၊ ည ၈ နာရီကျော်ဝန်းကျင်အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီးတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ညကဖြစ်တာ။ ကားဌားစီးလာပြီး ပစ်သွားတာ ၂ချက်တောင်မှပဲ။ အခုထိလိုက်နေတုန်းပါ”ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူအမျိုးသားမှာ Food Vlogger၊ သရုပ်ဆောင်အလုပ်နှင့် ကီလိုတက္ကစီယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး တက္ကစီအားငှားရမ်းသူများက အထက်ပါအခင်းဖြစ်နေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ကျော်ဝဏ္ဏတွင် ကျည်ထိမှန်ဒဏ်ရာ (၂) ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူများအား ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများလုပ်ဆောင် နေကြောင်း သိရသည်။

Zawgyi Version:
မဂၤလာဒုံၿမိဳ႕နယ္တြင္ Food Vlogger ေက်ာ္ဝဏၰ၏ ကားကိုငွားစီးကာ အနီးကပ္ပစ္သတ္မႈျဖစ္ပြား
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၃

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ Food Vlogger ေက်ာ္ဝဏၰ၏ ကားကိုငွားစီးကာ အနီးကပ္ပစ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီး စပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာ ၂၂ရက္)၊ ည ၈ နာရီေက်ာ္ဝန္းက်င္အခ်ိန္ခန႔္က မဂၤလာဒုံၿမိဳ႕နယ္၊ ခေရပင္လမ္းခြဲအနီးတြင္ ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

“ညကျဖစ္တာ။ ကားဌားစီးလာၿပီး ပစ္သြားတာ ၂ခ်က္ေတာင္မွပဲ။ အခုထိလိုက္ေနတုန္းပါ”ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူအမ်ိဳးသားမွာ Food Vlogger၊ သ႐ုပ္ေဆာင္အလုပ္ႏွင့္ ကီလိုတကၠစီယာဥ္ေမာင္းအျဖစ္ လုပ္ကိုင္ေနသူတစ္ဦးျဖစ္ၿပီး တကၠစီအားငွားရမ္းသူမ်ားက အထက္ပါအခင္းျဖစ္ေနရာတြင္ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ေက်ာ္ဝဏၰတြင္ က်ည္ထိမွန္ဒဏ္ရာ (၂) ခ်က္ရရွိခဲ့ၿပီး အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.