နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံဆိုသူက အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခြိမ်းခြောက်သော်လည်း အရေးယူမခံရသေး

1214

(NP News)-နိုဝင်ဘာ ၂၃
ကယားပြည်နယ်၊ ဒီးမော့ဆိုးမြို့နယ်တွင် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံဆိုသူက အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခြိမ်း ခြောက်ခဲ့ သော်လည်း အရေးယူခံခြင်းမရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်က ကယားပြည်နယ်၊ ဒီးမော့ဆိုးမြို့နယ်တွင်းက နေပြည်တော် PDF ခိုအောင်းရာနေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံဆိုသူနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ ရန်ဖြစ်စကားများနေစဉ် ကျူးလွန်ခံရသူအမျိုးသမီးကို အကြောင်း အရင်းမရှိပဲ ဗိုလ်ဓူဝံဆိုသူက လည်ပင်းညှစ်ခြင်း၊ မျက်လုံးအနီးသို့ လက်နက်ပြင်းထန်စွာရိုက်ခြင်းနှင့် သေနတ်ဖြင့်ထုတ်ကာ ခြိမ်းခြောက်မှုပြုလုပ်ခဲ့ခြင်း စသော ကျူးလွန်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရိုက်နှက်၊ ခြိမ်းခြောက်ခံခဲ့ရသည့် အမျိုးသမီးမှာ မသန္တာအောင်ဆိုသူဖြစ်ပြီး ကျူးလွန်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၀ရက်က NUG နှင့် ကယားပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့များနှင့် သက်ဆိုငိသည့် အဖွဲ့များထံ တိုင်ကြားခဲ့ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိအချိန်အထိ NUGအပါအဝင် ၎င်းတိုင်ကြားထားသည့် အဖွဲ့အစည်းများက တစ်စုံတစ်ရာထုတ်ပြန်ခြင်းမျိုးနှင့် အရေးယူခြင်းမျိုးလုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။
ရိုက်နှက်၊ ခြိမ်းခြောက်ခံခဲ့ရသည့် အမျိုးသမီးမှာ ဆိုက်ကယ်မတော်တဆမှုကြောင့် လက်ကျိုးနေသည့်အတွက် ဗိုလ်ဓူဝံဆိုသူ၏ အမျိုး သမီးထံ သွားရောက်နေထိုင်နေစဉ် အထက်ပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္ PDF စစ္ေထာက္ခ်ဳပ္ ဗိုလ္ဓူဝံဆိုသူက အမ်ိဳးသမီးတစ္ဦးကို ႐ိုက္ႏွက္ၿခိမ္းေျခာက္ေသာ္လည္း အေရးယူမခံရေသး
(NP News)-ႏိုဝင္ဘာ ၂၃
ကယားျပည္နယ္၊ ဒီးေမာ့ဆိုးၿမိဳ႕နယ္တြင္ ေနျပည္ေတာ္ PDF စစ္ေထာက္ခ်ဳပ္ ဗိုလ္ဓူဝံဆိုသူက အမ်ိဳးသမီးတစ္ဦးကို ႐ိုက္ႏွက္ၿခိမ္း ေျခာက္ခဲ့ ေသာ္လည္း အေရးယူခံျခင္းမရွိေသးေၾကာင္း နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၈ ရက္က ကယားျပည္နယ္၊ ဒီးေမာ့ဆိုးၿမိဳ႕နယ္တြင္းက ေနျပည္ေတာ္ PDF ခိုေအာင္းရာေနရာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေနျပည္ေတာ္ PDF စစ္ေထာက္ခ်ဳပ္ ဗိုလ္ဓူဝံဆိုသူႏွင့္ ၎၏ ဇနီးျဖစ္သူတို႔ ရန္ျဖစ္စကားမ်ားေနစဥ္ က်ဴးလြန္ခံရသူအမ်ိဳးသမီးကို အေၾကာင္း အရင္းမရွိပဲ ဗိုလ္ဓူဝံဆိုသူက လည္ပင္းညႇစ္ျခင္း၊ မ်က္လုံးအနီးသို႔ လက္နက္ျပင္းထန္စြာ႐ိုက္ျခင္းႏွင့္ ေသနတ္ျဖင့္ထုတ္ကာ ၿခိမ္းေျခာက္မႈျပဳလုပ္ခဲ့ျခင္း စေသာ က်ဴးလြန္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႐ိုက္ႏွက္၊ ၿခိမ္းေျခာက္ခံခဲ့ရသည့္ အမ်ိဳးသမီးမွာ မသႏၲာေအာင္ဆိုသူျဖစ္ၿပီး က်ဴးလြန္ခံရသည့္ ကိစၥႏွင့္ပတ္သက္၍ ႏိုဝင္ဘာ ၂၀ရက္က NUG ႏွင့္ ကယားျပည္နယ္အတြင္းက လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ သက္ဆိုငိသည့္ အဖြဲ႕မ်ားထံ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း လက္ရွိအခ်ိန္အထိ NUGအပါအဝင္ ၎တိုင္ၾကားထားသည့္ အဖြဲ႕အစည္းမ်ားက တစ္စုံတစ္ရာထုတ္ျပန္ျခင္းမ်ိဳးႏွင့္ အေရးယူျခင္းမ်ိဳးလုပ္ေဆာင္ျခင္းမရွိေသးေၾကာင္း သိရသည္။
႐ိုက္ႏွက္၊ ၿခိမ္းေျခာက္ခံခဲ့ရသည့္ အမ်ိဳးသမီးမွာ ဆိုက္ကယ္မေတာ္တဆမႈေၾကာင့္ လက္က်ိဳးေနသည့္အတြက္ ဗိုလ္ဓူဝံဆိုသူ၏ အမ်ိဳး သမီးထံ သြားေရာက္ေနထိုင္ေနစဥ္ အထက္ပါျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။