“အဆိုတော်ချမ်းချမ်း နာမည် ပါဝင်ထားတဲ့ အီးမေးလ်တစ်စောင် ထွက်ပေါ်ပြီးနောက်”

5739

အိဖြူ (NP News) - နိုဝင်ဘာ ၂၄
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “အဆိုတော်ချမ်းချမ်းနာမည်ပါဝင်ထားတဲ့ အီးမေးလ်တစ်စောင်ထွက်ပေါ်ပြီးနောက်၊ ဇာတ်မင်းသားကို ခြေနဲ့ကန်ကာ ငွေသားဆုချခဲ့သူ၊ ထိုင်းမှာ ခြိမ်းခြောက်ခံ ထားရကြောင်း ရင်ဖွင့်လာသူ” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
ဇာတ်မင်းသားကို ခြေနဲ့ကန်ကာ ငွေသားဆုချခဲ့သူ
Mask တပ်ထားသူအမျိုးသားတစ်ဦးက ဇာတ်မင်းသားအပါအဝင် လူရွှင်တော်ကိုပါ ခြေထောက်နဲ့ကန်ကာ ဆုကြေးငွေ ကျပ်တစ်သောင်းစီပေးခဲ့တဲ့မြင်ကွင်းက အနုပညာရှင်တွေအတွက် ဒေါသစိတ်ကြီးမားစေခဲ့ပါတယ်။
အဲဒီဖြစ်စဉ်က (၂၀၂၅)ခုနှစ် နိုဝင်ဘာလ (၁၆)ရက်ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့ နယ်အတွင်း အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့သားတွေရဲ့ ပြဇာတ်ကပြဖျော်ဖြေနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။
အဆိုပါမြင်ကွင်း ဆိုရှယ်လူမှုကွန်ရက်ပလက်ဖောင်းထက်ပျံ့နှံ့လာချိန် ကြည့်ရှုမိသူတိုင်းက ဇာတ်မင်းသား အတွက်စိတ်မကောင်းဖြစ်ခဲ့ကြပြီး ဒီလုပ်ရပ်ဟာ အနုပညာရှင်တွေကို အထင်အမြင်သေး စော်ကားတဲ့ လုပ်ရပ်သာဖြစ် ကြောင်းဆိုခဲ့ကြပါတယ်။ အဲဒီအမျိုးသားက ခြေထောက်နဲ့ကန်လိုက်တဲ့အချိန်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူက လှည့် ကြည့်ပြီးနောက် “အစ်ကို ကျွန်တော်တောင်းပန်တယ်နော်”လို့ဆိုပြီး လက်ဟန့်တား ကာတုံ့ပြန်ခဲ့ပြီး ၎င်းအနေနဲ့ ခေတ္တခဏ အံ့ဩငြိမ်သက်ခဲ့ပေမယ့် ဝါရင့်လူရွှင်တော်တွေရဲ့ပံ့ပိုးမှုကြောင့်လည်းကောင်း၊ ဇာတ်စင်အောက်မှာ ကြည့်ရှု အားပေးနေကြတဲ့ ပွဲကြည့်ပရိသတ်တွေရဲ့အားပေးလက်ခုတ်သံ တွေကြောင့်လည်းကောင်း ဟန်မပျက် ဆက်လက်က ပြဖျော်ဖြေခဲ့ကြပါတယ်။
“တချို့က ဇာတ်မင်းသားအောင်ဇမ္ဗူအတွက် ကိုယ်စားအမျက်ဒေါသထွက်သူတွေလည်းရှိကြသလို၊ တချို့က အချင်းချင်းလုပ်ဇာတ်တစ်ခုသာဖြစ်ကြောင်း ဆိုသူတွေလည်းရှိကြ၊ တချို့က အနုပညာသမားကို ငွေပေးတာပဲ”ဆိုတဲ့ အထင်အမြင်သေးတဲ့မှတ်ချက်စကားတွေကို ဖတ်ရှုခဲ့ရပါတယ်။
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ တခြားတိုင်းတစ်ပါးသားတွေအနေနဲ့ကြည့်ရှုပါက မပြောပလောက်တဲ့ကိစ္စ တစ်ရပ် လို့ဆိုနိုင်ပေမယ့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ လူနေထိုင်မှုပုံစံအရ လူတစ်ဦးနဲ့တစ်ဦး အပေါ် ခြေထောက်အသုံးပြု ကန်ကျောက်ခြင်း၊ ခြေထောက်နဲ့ညွှန်ပြခြင်း စတဲ့လုပ်ရပ်တွေက ရိုင်းစိုင်းတဲ့အပြုအမူ သာဖြစ်ပါတယ်။ အနုပညာရှင်ပင်ဖြစ်လင့်ကစား မိမိတို့ရဲ့စိတ်ဆန္ဒအရ လူပုဂ္ဂိုလ်တစ်ဦး ဦးအပေါ်မှာ မနှစ်မြို့ပါက မိမိတို့ရဲ့သဘောဆန္ဒအလျောက် မကြိုက်ပိုင်ခွင့်ရှိပေမယ့် တစ်ပါးသူအပေါ် ကိုယ်ထိလက်ရောက်စော်ကားပိုင်ခွင့် မရှိတာအမှန်ပါ။ ဒီဖြစ်စဉ်မှာ ပွဲကြည့်ပရိသတ်တစ်ဦးရဲ့အပြုအမူကြောင့် ဇာတ်မင်းသားအောင်ဇမ္ဗူရဲ့ သည်းခံနိုင် စွမ်းကိုမြင်တွေ့ခဲ့ရပြီး ၎င်းအပေါ် ချီးကျူးစကားဆိုခဲ့ကြကာ ပရိသတ်အားပေးမှုကို ပိုမိုရရှိခဲ့ပြီဖြစ်ပါတယ်။

အဆိုတော်ချမ်းချမ်း နာမည်ပါဝင်ထားတဲ့ အီးမေးလ်တစ်စောင် ထွက်ပေါ်ပြီးနောက်
နိုဝင်ဘာလ (၁၄)ရက်က ‘သက်ငယ်လိင်အမြတ်ထုတ်သူ Epstein အီးမေးလ်မှာ မြန်မာအဆိုတော် ချမ်းချမ်း အမည် ပါဝင်နေတာကိုတွေ့ ရှိရကြောင်း’ခေါင်းစဉ်နဲ့ ပြည်တွင်း/ ပြည်ပသတင်းတွေကဖော်ပြခဲ့ကြတာပါ။ အဲဒီသတင်း တွေပျံ့နှံ့ခဲ့ပြီးနောက် နာရီပိုင်းအတွင်း ချမ်းချမ်းကလည်း BBC သတင်းဌာနကို အင်တာဗျူးဖြေဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှ ဂျက်ဖရီအက်ပ်စတီးန်ရဲ့လိင်အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်ကော်မတီ ဘက်က ထွက်ပေါ်လာတဲ့ အီးမေးလ်ထဲမှာ ‘‘ငါမင်းကို မြန်မာမိန်းကလေးတစ်ယောက်ပုံပို့ပေးမယ်။ အရမ်းလှတယ်။ သူက မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်တစ်ယောက်။ သူ့ကို အမေရိကန်ကိုခေါ်လာပေးမယ်။ အိုဘားမားက မြန်မာ ပြည်ကိုသွားလည်သလို ချမ်းချမ်းက အမေရိကန်ကိုလာလိမ့်မယ်”လို့ Brunel က Epstein ဆီ အီးမေးလ်ပေးပို့ထား ကြောင်းစာ ထွက်ပေါ်ခဲ့တာပါ။
ချမ်းချမ်းက ‘အစ်မအနေနဲ့ ဖုံးကွယ်စရာမရှိပါဘူး။ ဖခင်ဖြစ်သူက နိုင်ငံခြားသားကျောင်းသားတွေကို စာသင်တာ ဖြစ်ပြီး၊ ပြင်သစ်နိုင်ငံသား Brunel ရဲ့ကလေးတွေကိုလည်း စာသင်ပေးခဲ့ဖူးကြောင်း၊ ငယ်စဉ်က ဖခင်စာသင်ပြတဲ့အိမ်ကို လိုက်သွားခဲ့ရင်း ၎င်းနဲ့တွေ့ဆုံခဲ့ဖူးပြီး မော်ဒယ်လုပ်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရဖူးကြောင်း၊ လက်ခံပြီးနောက် အလုပ်လုပ် ချိန်မှာ ဝတ်လစ်စလစ်နဲ့ဓာတ်ပုံရိုက်ကူးရမှာဖြစ်ကြောင်းသိရှိချိန်မှာ ပြန်လည် ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း’ BBC သတင်း ဌာနကတစ်ဆင့် ဖြေရှင်းခဲ့တာပါ။
မြန်မာအဆိုတော်ချမ်းချမ်းက မြန်မာနိုင်ငံရဲ့ပြည်ပြေးအကြမ်းဖက်အားပေး တရားခံတစ်ဦးဖြစ်ပြီး၊ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်းပြီးနောက် တပ်မတော်ကို ဆန့်ကျင်ပုန်ကန်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကိုပျက် ပြားစေမှု၊ လက်နက်ကိုင်အကြမ်းဖက်ဆန့်ကျင်သူတွေကို နည်းလမ်းမျိုးစုံအသုံးပြုကာထောက်ပံ့မှုစတဲ့ ပြစ်မှုပေါင်း များစွာနဲ့ ငြိစွန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။ အခုလိုဖြစ်စဉ်ဖြစ်ပေါ်လာချိန်မှာတော့ ၎င်းအပေါ် မဟုတ်မမှန်စွပ်စွဲ ပြောဆိုသူတိုင်းကို ပြန်လည်တရားစွဲဆိုမယ်ဆိုတဲ့တုံ့ပြန်မှုက လူအများကြား ဟာသတစ်ခုသဖွယ်ဖြစ်ပေါ် လျက်ရှိပါ တယ်။
“ဒီအမှုက ကြီးတယ်ဆိုတာမသိကြလို့နေမယ်။ မကြာမီ တရားရုံးကိုဆင့်ခေါ်ပြီး Victim တွေ survivor တွေကို တရားရုံးကဆင့်ခေါ်တဲ့အခါ ကျွန်မကို အသရေဖျက်မှုနဲ့တရားစွဲမှာပါ။ လူတစ်ယောက်အကြောင်း မသိဘဲ အာချောင်တဲ့ လူတွေ လျော်ကြေးဒဏ်ကြေးပေးဆောင်ဖို့သာ စောင့်နေကြပေတော့”လို့တုံ့ပြန်ထားတာပါ။
Brunel သည် ပြင်သစ် model scout တစ်ဦးဖြစ်ပြီး နိုင်ငံတကာမော်ဒယ်အေဂျင်စီ Karin Models ကို ဦးဆောင်သူအဖြစ် လူသိများကာ MC2 Model Management ကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ Epstein နဲ့ Brunel တို့ဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက် ရှိထားသူတွေဖြစ်ပါတယ်။
Zawgyi Version:
“အဆိုေတာ္ခ်မ္းခ်မ္း နာမည္ ပါဝင္ထားတဲ့ အီးေမးလ္တစ္ေစာင္ ထြက္ေပၚၿပီးေနာက္”
အိျဖဴ (NP News) - ႏိုဝင္ဘာ ၂၄
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “အဆိုေတာ္ခ်မ္းခ်မ္းနာမည္ပါဝင္ထားတဲ့ အီးေမးလ္တစ္ေစာင္ထြက္ေပၚၿပီးေနာက္၊ ဇာတ္မင္းသားကို ေျခနဲ႔ကန္ကာ ေငြသားဆုခ်ခဲ့သူ၊ ထိုင္းမွာ ၿခိမ္းေျခာက္ခံ ထားရေၾကာင္း ရင္ဖြင့္လာသူ” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
ဇာတ္မင္းသားကို ေျခနဲ႔ကန္ကာ ေငြသားဆုခ်ခဲ့သူ
Mask တပ္ထားသူအမ်ိဳးသားတစ္ဦးက ဇာတ္မင္းသားအပါအဝင္ လူ႐ႊင္ေတာ္ကိုပါ ေျခေထာက္နဲ႔ကန္ကာ ဆုေၾကးေငြ က်ပ္တစ္ေသာင္းစီေပးခဲ့တဲ့ျမင္ကြင္းက အႏုပညာရွင္ေတြအတြက္ ေဒါသစိတ္ႀကီးမားေစခဲ့ပါတယ္။
အဲဒီျဖစ္စဥ္က (၂၀၂၅)ခုႏွစ္ ႏိုဝင္ဘာလ (၁၆)ရက္ညပိုင္းက ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕ နယ္အတြင္း ေအာင္ဇမၺဴဇာတ္သဘင္အဖြဲ႕သားေတြရဲ႕ ျပဇာတ္ကျပေဖ်ာ္ေျဖေနခ်ိန္မွာ ျဖစ္ပြားခဲ့တာပါ။
အဆိုပါျမင္ကြင္း ဆိုရွယ္လူမႈကြန္ရက္ပလက္ေဖာင္းထက္ပ်ံ႕ႏွံ႔လာခ်ိန္ ၾကည့္ရႈမိသူတိုင္းက ဇာတ္မင္းသား အတြက္စိတ္မေကာင္းျဖစ္ခဲ့ၾကၿပီး ဒီလုပ္ရပ္ဟာ အႏုပညာရွင္ေတြကို အထင္အျမင္ေသး ေစာ္ကားတဲ့ လုပ္ရပ္သာျဖစ္ ေၾကာင္းဆိုခဲ့ၾကပါတယ္။ အဲဒီအမ်ိဳးသားက ေျခေထာက္နဲ႔ကန္လိုက္တဲ့အခ်ိန္မွာ ဇာတ္မင္းသားေအာင္ဇမၺဴက လွည့္ ၾကည့္ၿပီးေနာက္ “အစ္ကို ကြၽန္ေတာ္ေတာင္းပန္တယ္ေနာ္”လို႔ဆိုၿပီး လက္ဟန႔္တား ကာတုံ႔ျပန္ခဲ့ၿပီး ၎အေနနဲ႔ ေခတၱခဏ အံ့ဩၿငိမ္သက္ခဲ့ေပမယ့္ ဝါရင့္လူ႐ႊင္ေတာ္ေတြရဲ႕ပံ့ပိုးမႈေၾကာင့္လည္းေကာင္း၊ ဇာတ္စင္ေအာက္မွာ ၾကည့္ရႈ အားေပးေနၾကတဲ့ ပြဲၾကည့္ပရိသတ္ေတြရဲ႕အားေပးလက္ခုတ္သံ ေတြေၾကာင့္လည္းေကာင္း ဟန္မပ်က္ ဆက္လက္က ျပေဖ်ာ္ေျဖခဲ့ၾကပါတယ္။
“တခ်ိဳ႕က ဇာတ္မင္းသားေအာင္ဇမၺဴအတြက္ ကိုယ္စားအမ်က္ေဒါသထြက္သူေတြလည္းရွိၾကသလို၊ တခ်ိဳ႕က အခ်င္းခ်င္းလုပ္ဇာတ္တစ္ခုသာျဖစ္ေၾကာင္း ဆိုသူေတြလည္းရွိၾက၊ တခ်ိဳ႕က အႏုပညာသမားကို ေငြေပးတာပဲ”ဆိုတဲ့ အထင္အျမင္ေသးတဲ့မွတ္ခ်က္စကားေတြကို ဖတ္ရႈခဲ့ရပါတယ္။
ဗုဒၶဘာသာဝင္မဟုတ္တဲ့ တျခားတိုင္းတစ္ပါးသားေတြအေနနဲ႔ၾကည့္ရႈပါက မေျပာပေလာက္တဲ့ကိစၥ တစ္ရပ္ လို႔ဆိုႏိုင္ေပမယ့္ ဗုဒၶဘာသာျမန္မာႏိုင္ငံရဲ႕ယဥ္ေက်းမႈဓေလ့ထုံးတမ္းစဥ္လာ လူေနထိုင္မႈပုံစံအရ လူတစ္ဦးနဲ႔တစ္ဦး အေပၚ ေျခေထာက္အသုံးျပဳ ကန္ေက်ာက္ျခင္း၊ ေျခေထာက္နဲ႔ၫႊန္ျပျခင္း စတဲ့လုပ္ရပ္ေတြက ႐ိုင္းစိုင္းတဲ့အျပဳအမူ သာျဖစ္ပါတယ္။ အႏုပညာရွင္ပင္ျဖစ္လင့္ကစား မိမိတို႔ရဲ႕စိတ္ဆႏၵအရ လူပုဂၢိဳလ္တစ္ဦး ဦးအေပၚမွာ မႏွစ္ၿမိဳ႕ပါက မိမိတို႔ရဲ႕သေဘာဆႏၵအေလ်ာက္ မႀကိဳက္ပိုင္ခြင့္ရွိေပမယ့္ တစ္ပါးသူအေပၚ ကိုယ္ထိလက္ေရာက္ေစာ္ကားပိုင္ခြင့္ မရွိတာအမွန္ပါ။ ဒီျဖစ္စဥ္မွာ ပြဲၾကည့္ပရိသတ္တစ္ဦးရဲ႕အျပဳအမူေၾကာင့္ ဇာတ္မင္းသားေအာင္ဇမၺဴရဲ႕ သည္းခံႏိုင္ စြမ္းကိုျမင္ေတြ႕ခဲ့ရၿပီး ၎အေပၚ ခ်ီးက်ဴးစကားဆိုခဲ့ၾကကာ ပရိသတ္အားေပးမႈကို ပိုမိုရရွိခဲ့ၿပီျဖစ္ပါတယ္။
အဆိုေတာ္ခ်မ္းခ်မ္း နာမည္ပါဝင္ထားတဲ့ အီးေမးလ္တစ္ေစာင္ ထြက္ေပၚၿပီးေနာက္
ႏိုဝင္ဘာလ (၁၄)ရက္က ‘သက္ငယ္လိင္အျမတ္ထုတ္သူ Epstein အီးေမးလ္မွာ ျမန္မာအဆိုေတာ္ ခ်မ္းခ်မ္း အမည္ ပါဝင္ေနတာကိုေတြ႕ ရွိရေၾကာင္း’ေခါင္းစဥ္နဲ႔ ျပည္တြင္း/ ျပည္ပသတင္းေတြကေဖာ္ျပခဲ့ၾကတာပါ။ အဲဒီသတင္း ေတြပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ နာရီပိုင္းအတြင္း ခ်မ္းခ်မ္းကလည္း BBC သတင္းဌာနကို အင္တာဗ်ဴးေျဖဆိုခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံမွ ဂ်က္ဖရီအက္ပ္စတီးန္ရဲ႕လိင္အရႈပ္ေတာ္ပုံနဲ႔ပတ္သက္ၿပီး အေမရိကန္လႊတ္ေတာ္ေကာ္မတီ ဘက္က ထြက္ေပၚလာတဲ့ အီးေမးလ္ထဲမွာ ‘‘ငါမင္းကို ျမန္မာမိန္းကေလးတစ္ေယာက္ပုံပို႔ေပးမယ္။ အရမ္းလွတယ္။ သူက ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းအဆိုေတာ္တစ္ေယာက္။ သူ႔ကို အေမရိကန္ကိုေခၚလာေပးမယ္။ အိုဘားမားက ျမန္မာ ျပည္ကိုသြားလည္သလို ခ်မ္းခ်မ္းက အေမရိကန္ကိုလာလိမ့္မယ္”လို႔ Brunel က Epstein ဆီ အီးေမးလ္ေပးပို႔ထား ေၾကာင္းစာ ထြက္ေပၚခဲ့တာပါ။
ခ်မ္းခ်မ္းက ‘အစ္မအေနနဲ႔ ဖုံးကြယ္စရာမရွိပါဘူး။ ဖခင္ျဖစ္သူက ႏိုင္ငံျခားသားေက်ာင္းသားေတြကို စာသင္တာ ျဖစ္ၿပီး၊ ျပင္သစ္ႏိုင္ငံသား Brunel ရဲ႕ကေလးေတြကိုလည္း စာသင္ေပးခဲ့ဖူးေၾကာင္း၊ ငယ္စဥ္က ဖခင္စာသင္ျပတဲ့အိမ္ကို လိုက္သြားခဲ့ရင္း ၎နဲ႔ေတြ႕ဆုံခဲ့ဖူးၿပီး ေမာ္ဒယ္လုပ္ဖို႔ကမ္းလွမ္းျခင္းခံခဲ့ရဖူးေၾကာင္း၊ လက္ခံၿပီးေနာက္ အလုပ္လုပ္ ခ်ိန္မွာ ဝတ္လစ္စလစ္နဲ႔ဓာတ္ပုံ႐ိုက္ကူးရမွာျဖစ္ေၾကာင္းသိရွိခ်ိန္မွာ ျပန္လည္ ျငင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း’ BBC သတင္း ဌာနကတစ္ဆင့္ ေျဖရွင္းခဲ့တာပါ။
ျမန္မာအဆိုေတာ္ခ်မ္းခ်မ္းက ျမန္မာႏိုင္ငံရဲ႕ျပည္ေျပးအၾကမ္းဖက္အားေပး တရားခံတစ္ဦးျဖစ္ၿပီး၊ (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္းၿပီးေနာက္ တပ္မေတာ္ကို ဆန႔္က်င္ပုန္ကန္မႈ၊ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္း ေရးကိုပ်က္ ျပားေစမႈ၊ လက္နက္ကိုင္အၾကမ္းဖက္ဆန႔္က်င္သူေတြကို နည္းလမ္းမ်ိဳးစုံအသုံးျပဳကာေထာက္ပံ့မႈစတဲ့ ျပစ္မႈေပါင္း မ်ားစြာနဲ႔ ၿငိစြန္းေနသူတစ္ဦးလည္းျဖစ္ပါတယ္။ အခုလိုျဖစ္စဥ္ျဖစ္ေပၚလာခ်ိန္မွာေတာ့ ၎အေပၚ မဟုတ္မမွန္စြပ္စြဲ ေျပာဆိုသူတိုင္းကို ျပန္လည္တရားစြဲဆိုမယ္ဆိုတဲ့တုံ႔ျပန္မႈက လူအမ်ားၾကား ဟာသတစ္ခုသဖြယ္ျဖစ္ေပၚ လ်က္ရွိပါ တယ္။
“ဒီအမႈက ႀကီးတယ္ဆိုတာမသိၾကလို႔ေနမယ္။ မၾကာမီ တရား႐ုံးကိုဆင့္ေခၚၿပီး Victim ေတြ survivor ေတြကို တရား႐ုံးကဆင့္ေခၚတဲ့အခါ ကြၽန္မကို အသေရဖ်က္မႈနဲ႔တရားစြဲမွာပါ။ လူတစ္ေယာက္အေၾကာင္း မသိဘဲ အာေခ်ာင္တဲ့ လူေတြ ေလ်ာ္ေၾကးဒဏ္ေၾကးေပးေဆာင္ဖို႔သာ ေစာင့္ေနၾကေပေတာ့”လို႔တုံ႔ျပန္ထားတာပါ။
Brunel သည္ ျပင္သစ္ model scout တစ္ဦးျဖစ္ၿပီး ႏိုင္ငံတကာေမာ္ဒယ္ေအဂ်င္စီ Karin Models ကို ဦးေဆာင္သူအျဖစ္ လူသိမ်ားကာ MC2 Model Management ကို တည္ေထာင္ခဲ့သူလည္းျဖစ္ပါတယ္။ Epstein နဲ႔ Brunel တို႔ဟာ အမ်ိဳးသမီးေတြအေပၚ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ ရွိထားသူေတြျဖစ္ပါတယ္။