မအူပင်မြို့တွင် ဥယျာဉ်ခြံ စိုက်ပျိုးသည့် ဧကနှစ်သောင်းခန့် ရှိ၍ ကော်ဖီကို စိုက်ပျိုးပါက အကျိုးဖြစ်ထွန်းစေမည်ဟုဆို

 182

စော(NP News)- နိုဝင်ဘာ ၂၄
မအူပင်မြို့နယ်အတွင်း ဥယျာဉ်ခြံ စိုက်ပျိုးသည့် ဧကနှစ်သောင်းခန့် ရှိသည်ကို တွေ့ရှိရသဖြင့် အဆိုပါ မြေနိမ့် ဥယျာဉ်ခြံများအတွင်း ကော်ဖီ (ရိုဘက်စတာမျိုး)များကို စိုက်ပျိုး ဆောင်ရွက်မည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး ပြည်ပပို့ကုန်များ ပိုမို တိုးတက်ရရှိမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် စသည့် တာဝန်ရှိသူများကို ယမန်နေ့ (နိုဝင်ဘာ ၂၃ရက်)က တိုးရွှေဝါခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် မိမိတို့နိုင်ငံ၌ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို မိရိုးဖလာ နည်းလမ်းများဖြင့် ဆောင်ရွက်ကြ ခြင်းဖြစ်ပြီး ခေတ်အဆက် ဆက်၌ ခေတ်မီစိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို ဖော်ဆောင်ခဲ့ ကြသော်လည်း အောင်မြင်မှုကို မျှော်မှန်းထားသည့်အတိုင်း မရရှိခဲ့ကြောင်းနှင့် အများစုသည် ကျေးလက်တွင် နေထိုင်ကြသူများဖြစ်၍ ခေတ်မီသော စိုက်ပျိုး မွေးမြူရေးလုပ်ငန်း ကို ဆောင်ရွက်ရန် စိန်ခေါ်မှုများ ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့်ကော်ဖီသည် နိုင်ငံတကာဈေးကွက်ဝင်သည့် ကော်ဖီဖြစ်ပြီး အများအားဖြင့် ကုန်းမြင့် ကော်ဖီကို စိုက်ပျိုးကြကြောင်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။
မအူပင်မြို့နယ်အတွင်း ဥယျာဉ်ခြံ စိုက်ပျိုးသည့် ဧကနှစ်သောင်းခန့် ရှိသည်ကို တွေ့ရှိရ၍ အဆိုပါ မြေနိမ့် ဥယျာဉ်ခြံများအတွင်း ကော်ဖီ (ရိုဘက်စတာမျိုး)များကို စိုက်ပျိုး ဆောင်ရွက်မည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး ပြည်ပပို့ကုန်များ ပိုမို တိုးတက်ရရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ အုန်းချိုမွှေး စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အကျိုးများစွာ ဖြစ်ထွန်းနိုင်သောကြောင့် အုန်းနှင့် ပတ်သက်သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးရန်လိုပြီး အုန်းထွက်ပစ္စည်းများကို ပြည်ပ သို့တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံအတွက် နိုင်ငံခြားငွေများရရှိမည် ဖြစ် ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ဒေသအလိုက် အရိပ်ရ လေကာပင်များ စိုက်ပျိုးကြရန် လိုပြီး သဘာဝဘေးဒဏ် ကျရောက်ချိန်တွင် အုန်းပင်များ နှင့် အရိပ်ရလေကာပင်များသည် ထိုက်သင့်သည့် အကာအကွယ် ပေးနိုင်ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
မအူပင္ၿမိဳ႕တြင္ ဥယ်ာဥ္ၿခံ စိုက္ပ်ိဳးသည့္ ဧကႏွစ္ေသာင္းခန႔္ ရွိ၍ ေကာ္ဖီကို စိုက္ပ်ိဳးပါက အက်ိဳးျဖစ္ထြန္းေစမည္ဟုဆို
ေစာ(NP News)- ႏိုဝင္ဘာ ၂၄
မအူပင္ၿမိဳ႕နယ္အတြင္း ဥယ်ာဥ္ၿခံ စိုက္ပ်ိဳးသည့္ ဧကႏွစ္ေသာင္းခန႔္ ရွိသည္ကို ေတြ႕ရွိရသျဖင့္ အဆိုပါ ေျမနိမ့္ ဥယ်ာဥ္ၿခံမ်ားအတြင္း ေကာ္ဖီ (႐ိုဘက္စတာမ်ိဳး)မ်ားကို စိုက္ပ်ိဳး ေဆာင္႐ြက္မည္ဆိုပါက မ်ားစြာ အက်ိဳးျဖစ္ထြန္းေစမည္ ျဖစ္ၿပီး ျပည္ပပို႔ကုန္မ်ား ပိုမို တိုးတက္ရရွိမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕ရွိ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ စသည့္ တာဝန္ရွိသူမ်ားကို ယမန္ေန႔ (ႏိုဝင္ဘာ ၂၃ရက္)က တိုးေ႐ႊဝါခန္းမ၌ ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြးစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအခမ္းအနားတြင္ မိမိတို႔ႏိုင္ငံ၌ စိုက္ပ်ိဳးေမြးျမဴ ေရးလုပ္ငန္းမ်ားကို မိ႐ိုးဖလာ နည္းလမ္းမ်ားျဖင့္ ေဆာင္႐ြက္ၾက ျခင္းျဖစ္ၿပီး ေခတ္အဆက္ ဆက္၌ ေခတ္မီစိုက္ပ်ိဳးေမြးျမဴ ေရးလုပ္ငန္းမ်ားကို ေဖာ္ေဆာင္ခဲ့ ၾကေသာ္လည္း ေအာင္ျမင္မႈကို ေမွ်ာ္မွန္းထားသည့္အတိုင္း မရရွိခဲ့ေၾကာင္းႏွင့္ အမ်ားစုသည္ ေက်းလက္တြင္ ေနထိုင္ၾကသူမ်ားျဖစ္၍ ေခတ္မီေသာ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္း ကို ေဆာင္႐ြက္ရန္ စိန္ေခၚမႈမ်ား ရွိေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ျမန္မာႏိုင္ငံမွ ထြက္ရွိသည့္ေကာ္ဖီသည္ ႏိုင္ငံတကာေဈးကြက္ဝင္သည့္ ေကာ္ဖီျဖစ္ၿပီး အမ်ားအားျဖင့္ ကုန္းျမင့္ ေကာ္ဖီကို စိုက္ပ်ိဳးၾကေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးကဆိုသည္။
မအူပင္ၿမိဳ႕နယ္အတြင္း ဥယ်ာဥ္ၿခံ စိုက္ပ်ိဳးသည့္ ဧကႏွစ္ေသာင္းခန႔္ ရွိသည္ကို ေတြ႕ရွိရ၍ အဆိုပါ ေျမနိမ့္ ဥယ်ာဥ္ၿခံမ်ားအတြင္း ေကာ္ဖီ (႐ိုဘက္စတာမ်ိဳး)မ်ားကို စိုက္ပ်ိဳး ေဆာင္႐ြက္မည္ဆိုပါက မ်ားစြာ အက်ိဳးျဖစ္ထြန္းေစမည္ ျဖစ္ၿပီး ျပည္ပပို႔ကုန္မ်ား ပိုမို တိုးတက္ရရွိမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ အုန္းခ်ိဳေမႊး စိုက္ပ်ိဳးျခင္းႏွင့္ ပတ္သက္၍ အက်ိဳးမ်ားစြာ ျဖစ္ထြန္းႏိုင္ေသာေၾကာင့္ အုန္းႏွင့္ ပတ္သက္သည့္ ထုတ္ကုန္မ်ားကို ထုတ္လုပ္ႏိုင္သျဖင့္ ပိုမိုတိုးခ်ဲ႕စိုက္ပ်ိဳးရန္လိုၿပီး အုန္းထြက္ပစၥည္းမ်ားကို ျပည္ပ သို႔တင္ပို႔ႏိုင္ျခင္းျဖင့္ ႏိုင္ငံအတြက္ ႏိုင္ငံျခားေငြမ်ားရရွိမည္ ျဖစ္ ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ေဒသအလိုက္ အရိပ္ရ ေလကာပင္မ်ား စိုက္ပ်ိဳးၾကရန္ လိုၿပီး သဘာဝေဘးဒဏ္ က်ေရာက္ခ်ိန္တြင္ အုန္းပင္မ်ား ႏွင့္ အရိပ္ရေလကာပင္မ်ားသည္ ထိုက္သင့္သည့္ အကာအကြယ္ ေပးႏိုင္ေၾကာင္းလည္း ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.