ကားအပိုပစ္စည်းရှားပါးမှုကြောင့် YBS အစီးရေ လျှော့ကာ ပြေးဆွဲလာနေရ

242

သက်ပိုင် (NP News)-နိုဝင်ဘာ ၂၄
ကားအပိုပစ္စည်းရှားပါးလာနေမှုကြောင့် YBS အစီးရေလျှော့ကာ ပြေးဆွဲလာနေရကြောင်း NP News ၏ စုံစမ်းချက်များအရ သိရ သည်။
လက်ရှိပြေးဆွဲနေသော YBS ယာဉ်များမှာ အိုဟောင်းလာခြင်း၊ ပြုပြင်ရန် အပိုပစ္စည်းရှားပါးလာ ခြင်းနှင့် ပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်မှုတို့ကြောင့် ပုဂ္ဂလိက ကားလုပ်ငန်းရှင်အချို့မှာ ယာဉ်ပြေး ဆွဲမှု ရပ်နားရမည့်အရေးနှင့်ရင်ဆိုင်နေကြရကြောင်း ယာဉ်လုပ်ငန်းရှင်များကဆိုသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကုမ္ပဏီတွေ ကတော့ ရှုံးရှုံးမရှုံးရှုံး ဆွဲပေးနေရပေမယ့် ပုဂ္ဂလိကတွေ ကျတော့ မကိုက်တော့ရင် ဆွဲချင်မှဆွဲတော့မှာလေ။ ယာဉ်ထွက်နှုန်းကတော့ တော်တော်ကို ကျနေတယ်။ အဓိကတော့ အပိုပစ္စည်းတွေက ပြတ်နေသလို၊ ဈေးတွေကလည်း အဆမတန်မြင့်တက်နေတော့ ဘယ် လိုမှမကာမိတော့ဘူး။ အရင်က သိန်း(၁၅၀ဝ) ဖိုးလောက်ဝယ်ရင် ကားသုံးလေးစီးလောက် တိုက်ရ တယ်။ အခုက တစ်စီးတောင်မပြည့်ချင်တော့ဘူး။ ဒီလိုတွေဖြစ်ကုန်တော့ မကိုက်တဲ့သူတွေက မဆွဲ တော့တာတွေရှိနိုင်တာပေါ့” ဟု ယာဉ်လိုင်းတစ်ခုမှ အမည်မဖော်လိုသည့် ယာဉ်ပိုင်ရှင်တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ဈေးကွက်အတွင်း ဘတ်စ ကားအပိုပစ္စည်း ပြတ်လပ်နေသည့်အတွက် ယခင်က သိမ်းဆည်းထားသည့် ပစ္စည်းအဟောင်းများကိုတွင် ခုံပို့ကာ ပြန်လည်အသုံးပြုနေရကြောင်းနှင့် ထိုသို့ တွင်ခုံတွင် ပြုပြင်နေရသည့်အတွက် ပြေးဆွဲနေသည့် ကားအစီးရေများလည်း လျော့ကျလာခြင်းဖြစ် ကြောင်း အမည်မဖော်လိုသည့် YBS ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ဆိုသည်။
“ကားတစ်စီးပြင်မယ်ဆိုရင် အရင်တုန်းက ပစ္စည်းရှိတော့ ယူတပ်လိုက်တယ်။နေ့ချင်းပြီးတာပေါ့။ အခုက ပစ္စည်းမရှိတော့ လိုက်ရှာရတော့ အချိန်တွေကကြာသွားတာပေါ့။ ဒါတောင်တွင်ခုံမှာ ကြာချိန် မပါသေးဘူး။ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ပေါင်း(၂၀)ကလိုမျိုးတွင်ခုံနဲ့ လုပ်ရတဲ့စနစ်ကို ပြန် ရောက် သွားတယ်လို့တောင် ပြောရမလိုဖြစ်နေတယ်။ ဒီတော့ ထွက်ကားအစီးရေက ထိုးကျသွားတာပေါ့”ဟု အဆိုပါ လုပ်ငန်းရှင်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ယခင်ကတည်းက ကား အပိုပစ္စည်းများကို မမှန်ကန်သည့်နည်းလမ်းများဖြင့် တင်သွင်းကာ အသုံးပြုလာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တရားဝင်လိုင်စင်ဖြင့်တင်သွင်းရန် လိုင်စင် လျှောက်ထားရာတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် ပစ္စည်းပြတ်လပ်ခြင်းနှင့် ပြည်ပမှတင်သွင်း သည့်မြန်မာနိုင်ငံတွင်အသုံးပြုနေသည့် YBS ကားများ၏ ထက်ဝက်ခန့်မှာ (၂၀ဝ၇) မော်ဒယ်ဖြစ်သည့် အတွက် လိုအပ်သည့်ကားအစိတ်ပိုင်းများ ရှာ ဖွေ၍မရနိုင်ဖြစ်နေခြင်းတို့ကြောင့် ဈေးကွက်တွင်း ပစ္စည်း များရှားပါး ပြတ်လပ်နေခြင်းဖြစ်ကြောင်း ယာဉ်လိုင်းပိုင်ရှင်များကဆိုသည်။
“အရင်ကတည်းက မဟုတ်တဲ့နည်းလမ်းတွေနဲ့ သွင်းလာကြတော့ အခုလိုင်စင်လျှောက်ပြီး ပစ္စည်းသွင်းရမယ်လည်းဆိုရော မလုပ်တတ်ကြတော့ ပစ္စည်းသွင်းဖို့က ကြာနေရော။ မူပြောင်းလိုက်တာ ကတော့ ကောင်းတယ်။ ဒါပေမဲ့ ဒီမှာက နှစ်ပေါင်းများစွာ ဥပဒေနည်းလမ်းတကျ မလုပ်ဖူးကြတော့ အခု လိုတွေဖြစ်ကုန်တာပေါ့။ နောက်ပြီး ဒီမှာသုံးတဲ့ ကားတွေက တရုတ်ကားနဲ့ ကိုရီးယားကားဆိုပြီး ရှိတယ်။ ဒီအထဲက (၂၅၀ဝ)ကျော်လောက်က တရုတ်ကားတွေ။ သွင်းတုန်းက အသစ်ကိုသွင်းတာဆိုတော့ သူတို့ က သိပ်မပြင်ရသေးဘူး။ ပြင်နေရတာက ကျန်တဲ့ကိုရီးယားကားတွေ၊ သူတို့က (၂၀ဝ၇) မော်ဒယ်တွေဆို တော့ နှစ်(၂၀)နီးပါးကြာပြီ။ သူတို့အတွက် ပစ္စည်းတွေသွင်းဖို့ဆိုရင်လည်း အခုကိုရီးယားက ဖြုတ်ရောင်း နေတာတွေက (၂၀၁၃၊၁၄) မော်ဒယ်တွေဆိုတော့ ပစ္စည်းက တပ်မရဖြစ်တာပေါ့” ဟု အမည်မဖော်လို သည့် ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
ရန်ကုန်မြို့၌ ပြေးဆွဲရန်အတွက် တရားဝင် မှတ်ပုံတင်ထားသော YBS အစီးရေ (၅၀ဝဝ)ကျော်ရှိ သော်လည်း နေ့စဉ်ပြေးဆွဲနေသည့် YBS အစီးရေမှာ (၃၄၀ဝ)ကျော်ခန့်သာရှိကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ စာရင်းများအရ သိရသည်။

Zawgyi Version:
ကားအပိုပစၥည္းရွားပါးမႈေၾကာင့္ YBS အစီးေရ ေလွ်ာ့ကာ ေျပးဆြဲလာေနရ
သက္ပိုင္ (NP News)-ႏိုဝင္ဘာ ၂၄
ကားအပိုပစၥည္းရွားပါးလာေနမႈေၾကာင့္ YBS အစီးေရေလွ်ာ့ကာ ေျပးဆြဲလာေနရေၾကာင္း NP News ၏ စုံစမ္းခ်က္မ်ားအရ သိရ သည္။
လက္ရွိေျပးဆြဲေနေသာ YBS ယာဥ္မ်ားမွာ အိုေဟာင္းလာျခင္း၊ ျပဳျပင္ရန္ အပိုပစၥည္းရွားပါးလာ ျခင္းႏွင့္ ပစၥည္းေဈးႏႈန္း အဆမတန္ျမင့္တက္မႈတို႔ေၾကာင့္ ပုဂၢလိက ကားလုပ္ငန္းရွင္အခ်ိဳ႕မွာ ယာဥ္ေျပး ဆြဲမႈ ရပ္နားရမည့္အေရးႏွင့္ရင္ဆိုင္ေနၾကရေၾကာင္း ယာဥ္လုပ္ငန္းရွင္မ်ားကဆိုသည္။
“ပြင့္ပြင့္လင္းလင္းေျပာရရင္ ကုမၸဏီေတြ ကေတာ့ ရႈံးရႈံးမရႈံးရႈံး ဆြဲေပးေနရေပမယ့္ ပုဂၢလိကေတြ က်ေတာ့ မကိုက္ေတာ့ရင္ ဆြဲခ်င္မွဆြဲေတာ့မွာေလ။ ယာဥ္ထြက္ႏႈန္းကေတာ့ ေတာ္ေတာ္ကို က်ေနတယ္။ အဓိကေတာ့ အပိုပစၥည္းေတြက ျပတ္ေနသလို၊ ေဈးေတြကလည္း အဆမတန္ျမင့္တက္ေနေတာ့ ဘယ္ လိုမွမကာမိေတာ့ဘူး။ အရင္က သိန္း(၁၅၀ဝ) ဖိုးေလာက္ဝယ္ရင္ ကားသုံးေလးစီးေလာက္ တိုက္ရ တယ္။ အခုက တစ္စီးေတာင္မျပည့္ခ်င္ေတာ့ဘူး။ ဒီလိုေတြျဖစ္ကုန္ေတာ့ မကိုက္တဲ့သူေတြက မဆြဲ ေတာ့တာေတြရွိႏိုင္တာေပါ့” ဟု ယာဥ္လိုင္းတစ္ခုမွ အမည္မေဖာ္လိုသည့္ ယာဥ္ပိုင္ရွင္တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ေဈးကြက္အတြင္း ဘတ္စ ကားအပိုပစၥည္း ျပတ္လပ္ေနသည့္အတြက္ ယခင္က သိမ္းဆည္းထားသည့္ ပစၥည္းအေဟာင္းမ်ားကိုတြင္ ခုံပို႔ကာ ျပန္လည္အသုံးျပဳေနရေၾကာင္းႏွင့္ ထိုသို႔ တြင္ခုံတြင္ ျပဳျပင္ေနရသည့္အတြက္ ေျပးဆြဲေနသည့္ ကားအစီးေရမ်ားလည္း ေလ်ာ့က်လာျခင္းျဖစ္ ေၾကာင္း အမည္မေဖာ္လိုသည့္ YBS ယာဥ္လိုင္းပိုင္ရွင္တစ္ဦးက ဆိုသည္။
“ကားတစ္စီးျပင္မယ္ဆိုရင္ အရင္တုန္းက ပစၥည္းရွိေတာ့ ယူတပ္လိုက္တယ္။ေန႔ခ်င္းၿပီးတာေပါ့။ အခုက ပစၥည္းမရွိေတာ့ လိုက္ရွာရေတာ့ အခ်ိန္ေတြကၾကာသြားတာေပါ့။ ဒါေတာင္တြင္ခုံမွာ ၾကာခ်ိန္ မပါေသးဘူး။ ေျပာရမယ္ဆိုရင္ လြန္ခဲ့တဲ့ ႏွစ္ ေပါင္း(၂၀)ကလိုမ်ိဳးတြင္ခုံနဲ႔ လုပ္ရတဲ့စနစ္ကို ျပန္ ေရာက္ သြားတယ္လို႔ေတာင္ ေျပာရမလိုျဖစ္ေနတယ္။ ဒီေတာ့ ထြက္ကားအစီးေရက ထိုးက်သြားတာေပါ့”ဟု အဆိုပါ လုပ္ငန္းရွင္က ရွင္းျပသည္။
ျမန္မာႏိုင္ငံတြင္ ယခင္ကတည္းက ကား အပိုပစၥည္းမ်ားကို မမွန္ကန္သည့္နည္းလမ္းမ်ားျဖင့္ တင္သြင္းကာ အသုံးျပဳလာခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ တရားဝင္လိုင္စင္ျဖင့္တင္သြင္းရန္ လိုင္စင္ ေလွ်ာက္ထားရာတြင္ ၾကန႔္ၾကာမႈမ်ားရွိေနသည့္အတြက္ ပစၥည္းျပတ္လပ္ျခင္းႏွင့္ ျပည္ပမွတင္သြင္း သည့္ျမန္မာႏိုင္ငံတြင္အသုံးျပဳေနသည့္ YBS ကားမ်ား၏ ထက္ဝက္ခန႔္မွာ (၂၀ဝ၇) ေမာ္ဒယ္ျဖစ္သည့္ အတြက္ လိုအပ္သည့္ကားအစိတ္ပိုင္းမ်ား ရွာ ေဖြ၍မရႏိုင္ျဖစ္ေနျခင္းတို႔ေၾကာင့္ ေဈးကြက္တြင္း ပစၥည္း မ်ားရွားပါး ျပတ္လပ္ေနျခင္းျဖစ္ေၾကာင္း ယာဥ္လိုင္းပိုင္ရွင္မ်ားကဆိုသည္။
“အရင္ကတည္းက မဟုတ္တဲ့နည္းလမ္းေတြနဲ႔ သြင္းလာၾကေတာ့ အခုလိုင္စင္ေလွ်ာက္ၿပီး ပစၥည္းသြင္းရမယ္လည္းဆိုေရာ မလုပ္တတ္ၾကေတာ့ ပစၥည္းသြင္းဖို႔က ၾကာေနေရာ။ မူေျပာင္းလိုက္တာ ကေတာ့ ေကာင္းတယ္။ ဒါေပမဲ့ ဒီမွာက ႏွစ္ေပါင္းမ်ားစြာ ဥပေဒနည္းလမ္းတက် မလုပ္ဖူးၾကေတာ့ အခု လိုေတြျဖစ္ကုန္တာေပါ့။ ေနာက္ၿပီး ဒီမွာသုံးတဲ့ ကားေတြက တ႐ုတ္ကားနဲ႔ ကိုရီးယားကားဆိုၿပီး ရွိတယ္။ ဒီအထဲက (၂၅၀ဝ)ေက်ာ္ေလာက္က တ႐ုတ္ကားေတြ။ သြင္းတုန္းက အသစ္ကိုသြင္းတာဆိုေတာ့ သူတို႔ က သိပ္မျပင္ရေသးဘူး။ ျပင္ေနရတာက က်န္တဲ့ကိုရီးယားကားေတြ၊ သူတို႔က (၂၀ဝ၇) ေမာ္ဒယ္ေတြဆို ေတာ့ ႏွစ္(၂၀)နီးပါးၾကာၿပီ။ သူတို႔အတြက္ ပစၥည္းေတြသြင္းဖို႔ဆိုရင္လည္း အခုကိုရီးယားက ျဖဳတ္ေရာင္း ေနတာေတြက (၂၀၁၃၊၁၄) ေမာ္ဒယ္ေတြဆိုေတာ့ ပစၥည္းက တပ္မရျဖစ္တာေပါ့” ဟု အမည္မေဖာ္လို သည့္ ယာဥ္လိုင္းပိုင္ရွင္တစ္ဦးက ရွင္းျပသည္။
ရန္ကုန္ၿမိဳ႕၌ ေျပးဆြဲရန္အတြက္ တရားဝင္ မွတ္ပုံတင္ထားေသာ YBS အစီးေရ (၅၀ဝဝ)ေက်ာ္ရွိ ေသာ္လည္း ေန႔စဥ္ေျပးဆြဲေနသည့္ YBS အစီးေရမွာ (၃၄၀ဝ)ေက်ာ္ခန႔္သာရွိေၾကာင္း ရန္ကုန္တိုင္း ေဒသ ႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC) ၏ စာရင္းမ်ားအရ သိရသည္။