လေတပ်အခြေစိုက်စခန်းပေါ်မှာ တွေ့ရှိခဲ့တဲ့ ဒရုန်းတွေကို နယ်သာလန်စစ်တပ်ပစ်ချ

 567

Pika(NP News)-နိုဝင်ဘာ ၂၄
နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်းက လေတပ်အခြေစိုက်စခန်းတစ်ခုပေါ်မှာ တွေ့ရှိခဲ့တဲ့ ဒရုန်းတွေကို နယ်သာလန်စစ်တပ်က အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဂျာမနီနိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ Volkelလေတပ်အခြေစိုက်စခန်းက လုံခြုံရေးဝန်ထမ်းတွေဟာ ည(၇)နာရီကနေ (၉)နာရီကြားမှာ ဒရုန်းတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာနက” Volkelလေတပ်အခြေစိုက်စခန်းက တပ်ဖွဲ့တွေဟာ ဒရုန်းတွေကို ပစ်ချဖို့အတွက် ဒရုန်းဆန့်ကျင်ရေးလက်နက်တွေကို အသုံးပြုခဲ့ပါတယ်။ဒါပေမယ့်လည်း ဒရုန်းတွေရဲ့ အပျက်အစီးတွေကိုတော့ ရယူနိုင်တာမျိုးမရှိသေးပါဘူး။”လိုပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ပျံသန်းခွင့်ပိတ်ထားတဲ့ဇုန်ထဲကို ဒရုန်းတွေဝင်ရောက်လာပြီး ပျံသန်းရတဲ့အကြောင်းအရင်းတွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ပျံသန်းခွင့်ပိတ်ထားတဲ့ဇုန်ထဲကို ဒရုန်းတွေဝင်ရောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေလတပ္အေျခစိုက္စခန္းေပၚမွာ ေတြ႕ရွိခဲ့တဲ့ ဒ႐ုန္းေတြကို နယ္သာလန္စစ္တပ္ပစ္ခ်
Pika(NP News)-ႏိုဝင္ဘာ ၂၄
နယ္သာလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းက ေလတပ္အေျခစိုက္စခန္းတစ္ခုေပၚမွာ ေတြ႕ရွိခဲ့တဲ့ ဒ႐ုန္းေတြကို နယ္သာလန္စစ္တပ္က ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ နယ္သာလန္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဂ်ာမနီႏိုင္ငံ နယ္စပ္အနီးမွာရွိတဲ့ Volkelေလတပ္အေျခစိုက္စခန္းက လုံၿခဳံေရးဝန္ထမ္းေတြဟာ ည(၇)နာရီကေန (၉)နာရီၾကားမွာ ဒ႐ုန္းေတြကို ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ နယ္သာလန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။နယ္သာလန္ကာကြယ္ေရးဝန္ႀကီးဌာနက” Volkelေလတပ္အေျခစိုက္စခန္းက တပ္ဖြဲ႕ေတြဟာ ဒ႐ုန္းေတြကို ပစ္ခ်ဖို႔အတြက္ ဒ႐ုန္းဆန႔္က်င္ေရးလက္နက္ေတြကို အသုံးျပဳခဲ့ပါတယ္။ဒါေပမယ့္လည္း ဒ႐ုန္းေတြရဲ႕ အပ်က္အစီးေတြကိုေတာ့ ရယူႏိုင္တာမ်ိဳးမရွိေသးပါဘူး။”လိုေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ပ်ံသန္းခြင့္ပိတ္ထားတဲ့ဇုန္ထဲကို ဒ႐ုန္းေတြဝင္ေရာက္လာၿပီး ပ်ံသန္းရတဲ့အေၾကာင္းအရင္းေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း နယ္သာလန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ပ်ံသန္းခြင့္ပိတ္ထားတဲ့ဇုန္ထဲကို ဒ႐ုန္းေတြဝင္ေရာက္လာတဲ့ကိစၥနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.