ဆီစက်ကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း (၁၀၀၀၀) အထိ ထုတ်ချေးမည်

 120

Pearl (NP News) - နိုဝင်ဘာ ၂၄

ဆီစက်ကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း ၁၀၀၀၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်းဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ အစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Participating Financial Institution-PFI)အဖြစ် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ပြီးခဲ့သည့် နိုဝင်ဘာ (၂၂)ရက်က မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) နေပြည်တော်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချနေသော ဆီစက်များ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၅၀ မတည်ထူထောင်ပေးခဲ့ပြီး တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယခင်က PFI ဘဏ်များအဖြစ် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့သာ ဆောင်ရွက်ခဲ့ရာမှ ယခု PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ပါဝင်လာမည် ဖြစ်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ချေးငွေပမာဏကိုလည်း ယခင်က ဆီစက် လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ ထိသာထုတ်ချေးခဲ့ရာမှ ယခုငွေကျပ်သိန်း ၅၀၀၀ အထိ တိုးမြှင့်ထုတ်ချေး ခွင့်ပြုထားပါကြောင်း၊ ဆီစက်အကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း ၁၀၀၀၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်းလည်း ပြောသည်။

ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတစ်ဝန်းရှိ ဆီစက်လုပ်ငန်းရှင် များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို စနစ်တကျရယူ၊ ထုတ်ချေးခြင်းဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးမှုနှင့် အရည်အသွေးမြင့်သော စားသုံးဆီများ ဖြန့်ဖြူးရောင်းချပေးနိုင်မည်ဖြစ်၍ နိုင်ငံခြားမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲ ရမှုလျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊ အတ္တ၊ ပရ မျှတစွာဖြင့် အကောင်းဆုံး ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
ဆီစက္ႀကီးမ်ား တည္ေဆာက္တပ္ဆင္ျခင္းအတြက္ ေငြက်ပ္သိန္း ၁၀၀၀၀ အထိ ထုတ္ေခ်းမည္
Pearl (NP News) - ႏိုဝင္ဘာ ၂၄

ဆီစက္ႀကီးမ်ား တည္ေဆာက္တပ္ဆင္ျခင္းအတြက္ ေငြက်ပ္သိန္း ၁၀၀၀၀ အထိ ထုတ္ေခ်းမည္ျဖစ္ေၾကာင္းဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။


ႏိုင္ငံ့စီးပြားျမႇင့္တင္ေရး ရန္ပုံေငြျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးေခ်းေငြ အစီအစဥ္တြင္ ေငြေရးေၾကးေရးအဖြဲ႕အစည္း (Participating Financial Institution-PFI)အျဖစ္ ပါဝင္ေဆာင္႐ြက္မည့္ ပုဂၢလိကဘဏ္ ၁၄ ဘဏ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးပြဲအခမ္းအနားကို ၿပီးခဲ့သည့္ ႏိုဝင္ဘာ (၂၂)ရက္က ျမန္မာ့စီးပြားေရးဘဏ္(႐ုံးခ်ဳပ္) ေနျပည္ေတာ္၌ က်င္းပခဲ့ေၾကာင္းသိရသည္။

အဆိုပါအခမ္းအနားတြင္ ဆီစက္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရးေခ်းေငြစီမံခန႔္ခြဲမႈလုပ္ငန္းအဖြဲ႕ဥကၠ႒ ဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒၚသန္းသန္းလင္းက ႏိုင္ငံေတာ္အတြင္း စားသုံးဆီႀကိတ္ခြဲ ထုတ္လုပ္ေရာင္းခ်ေနေသာ ဆီစက္မ်ား အသစ္တည္ေဆာက္ျခင္း၊ အဆင့္ျမႇင့္တင္ျခင္း၊ ကုန္ၾကမ္းဝယ္ယူျခင္းမ်ား အဆင္ေျပစြာေဆာင္႐ြက္ႏိုင္ရန္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြမွ ေငြက်ပ္ ဘီလီယံ ၅၀ မတည္ထူေထာင္ေပးခဲ့ၿပီး တစ္ႏွစ္လွ်င္ အတိုးႏႈန္း ၅ ရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်းလ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

ယခင္က PFI ဘဏ္မ်ားအျဖစ္ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္တို႔သာ ေဆာင္႐ြက္ခဲ့ရာမွ ယခု PFI ဘဏ္မ်ားအျဖစ္ ပုဂၢလိကဘဏ္ ၁၄ ဘဏ္ပါဝင္လာမည္ ျဖစ္၍ ဆီစက္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရးေခ်းေငြအစီအစဥ္ကို ပိုမိုက်ယ္ျပန႔္စြာ ေဆာင္႐ြက္ႏိုင္ မည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

ေခ်းေငြပမာဏကိုလည္း ယခင္က ဆီစက္ လုပ္ငန္းရွင္တစ္ဦးလွ်င္ ေငြက်ပ္ သိန္း ၃၀၀၀ ထိသာထုတ္ေခ်းခဲ့ရာမွ ယခုေငြက်ပ္သိန္း ၅၀၀၀ အထိ တိုးျမႇင့္ထုတ္ေခ်း ခြင့္ျပဳထားပါေၾကာင္း၊ ဆီစက္အႀကီးမ်ား တည္ေဆာက္တပ္ဆင္ျခင္းအတြက္ ေငြက်ပ္သိန္း ၁၀၀၀၀ အထိ ထုတ္ေခ်းမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။

ပုဂၢလိကဘဏ္မ်ားႏွင့္ ႏိုင္ငံတစ္ဝန္းရွိ ဆီစက္လုပ္ငန္းရွင္ မ်ားအေနျဖင့္ ဆီစက္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရးေခ်းေငြကို စနစ္တက်ရယူ၊ ထုတ္ေခ်းျခင္းျဖင့္ ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးမႈႏွင့္ အရည္အေသြးျမင့္ေသာ စားသုံးဆီမ်ား ျဖန႔္ျဖဴးေရာင္းခ်ေပးႏိုင္မည္ျဖစ္၍ ႏိုင္ငံျခားမွ စားအုန္းဆီတင္သြင္းမႈ ေလွ်ာ့ခ်ႏိုင္ၿပီး ႏိုင္ငံျခားေငြသုံးစြဲ ရမႈေလ်ာ့နည္းသက္သာေစမည္ျဖစ္ေၾကာင္း၊ အတၱ၊ ပရ မွ်တစြာျဖင့္ အေကာင္းဆုံး ေဆာင္႐ြက္ေစလိုေၾကာင္း ေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.