မြန်မာကို လက်ညှိုးထိုးသော ကျားဖျန့်အရေးတွင် ထိုင်းဘက်က ကြီးကြီးမားမား ပါဝင်ပတ်သက်နေ

815

သုတကျော် (NP News)-နိုဝင်ဘာ ၂၄
ကျားဖျန့်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် လတ်တလောတွင် လက်ညှိုးထိုးခံနေရသော် လည်း ကျားဖျန့်ကိစ္စတွင် ထိုင်းဘက်က ကြီးကြီးမားမားပါဝင်ပတ်သက်နေကြောင်း ထိုင်းနိုင်ငံဘက်က လာသောသတင်းများနှင့် မြန်မာနိုင်ငံတွင်း အခြေအနေများကို NP News က မေးမြန်းထားချက်များအရ သိရသည်။
ကျားဖျန့်ဟုခေါ်သော Online လိမ်လည် လောင်းကစားမှုကျူးလွန်သူအများစုသည် (၂၀၂၁) ခုနှစ် နောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော မြဝတီမြို့နှင့် အလှမ်းဝေးကွာသည့် ရွှေကုက္ကိုလ်နယ် မြေနှင့် KK Park နယ်မြေများသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာကြခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါနယ်မြေများသည် တိုင်းရင်းသားလက်နက်ကိုင် EAOs ၊ KNU ၊ KNLA အဖွဲ့များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံတပ်ဖွဲ့များ ဝင် ရောက်လုပ်ကိုင်နေကြသောနယ်မြေများဖြစ်ပြီး ကိုယ်ကျိုးရှာ စီးပွားရေးသမားများသည်ယင်း အဖွဲ့များ နှင့်ချိတ်ဆက်၍ Online လိမ်လည် လောင်းကစားမှုများကို ကျူးလွန်နေကြခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် မြဝတီမြို့နှင့် အနီးဝန်းကျင်နေရာများတွင် နယ်မြေစိုးမိုးရေးနှင့် နယ်မြေရှင်း လင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နယ်မြေပြန်လည်ငြိမ်းချမ်းလာချိန်တွင် Online လိမ်လည်လောင်း ကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ထိုမှတစ်ဆင့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများတွင်လည်း Online လိမ်လည်လောင်းကစားမှု အမြစ်ပြတ်ပပျောက်ရေးလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ယခင်က ကျားဖျန့်နှင့်ပတ်သက်၍ ရှင်းလင်းမှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး KK Park ကို ရှင်း လင်းပြီးနောက် အောက်တိုဘာလ (၁၈) ရက်ကစတင်ကာ ရွှေကုက္ကိုလ်အတွင်းရှိ ကျားဖျန့်လုပ်ငန်းများ ကို ရှင်းလင်းခြင်းများဆောင်ရွက်နေသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၄) ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ကျင်းပခဲ့သော တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ် တို့ပါဝင်သော (၆) နိုင်ငံ Online လိမ်လည်မှု ပူးပေါင်း တိုက်ဖျက်ရေးအစည်းအဝေးကို မြန်မာနိုင်ငံက တက်ရောက်ခဲ့သည်။
မြန်မာဘက်က အမျိုးသားရေးတာဝန် အဖြစ်သတ်မှတ်ကာ ကျားဖျန့်တိုက်ဖျက်ရေးနှင့် ပတ် သက်၍ သိသိသာသာလှုပ်ရှားပြီး အင်တိုက်အားတိုက်ဆောင်ရွက်နေသော်လည်း ယင်းအတွက် မြှုပ် ကွက်တစ်ခုလည်း ရှိနေသည်။ အဆိုပါအချက်မှာ ယင်း ကျားဖျန့်တို့သည် အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် ဝင်လာပြီး ယင်းနိုင်ငံမှပင် တိတ်တဆိတ်ပြန်လည်ထွက်ခွာနေခြင်းဖြစ်သည်။
“မြန်မာပြည်မှာ ကျားဖျန့်တွေဖမ်းမယ်ဆိုပြီး အမေရိကန်ကလည်း ကြေညာ၊ (၆)နိုင်ငံကလည်း ကြေညာတဲ့အချိန်မှာ ရွှေကုက္ကိုလ်၊ KK Park ထဲမှာလုပ်နေတဲ့ ဒုတိယတန်းစားသူဌေးတွေပေါ့။ အဲဒီအုပ်စု တွေအကုန်လုံးက အုံနဲ့ကျင်းနဲ့ မဲဆောက်ကို ကူးပြီး ရဲအဖမ်းခံတယ်။ အဖမ်းခံပြီးတော့ သူတို့ ပိုက်ဆံတွေ သန်းချီပါသွားတယ်။ ရွှေတွေလည်း ပါမှာပေါ့။ ပြေးတော့ ဟိုဘက်ကမ်း မဲဆောက်ရဲဆီ အဖမ်းခံတယ်။ အများအမြင်မှာ ဖမ်းတယ်။ ပြီးတော့ ပိုက်ဆံတွေ အကုန်လုံးသိမ်းလိုက်တယ်။ ပိုက်ဆံတွေတော့ ပြန် မပေးတော့ဘူးပေါ့။ လူတွေကိုတော့ လေယာဉ်လက်မှတ်ဝယ်ပြီး ဘန်ကောက်ကိုတင်ပေးလိုက်တယ်။ သူတို့လည်းလက်ခံတယ်။ ထိုင်းရဲ အဖမ်းခံတယ်မြင်ပေမယ့် ဘန်ကောက်ရောက်သွားတယ်။ လှည့်စား ပြီးရောက်သွားတာ လူ (၄၀) လောက်ရှိတယ်တဲ့” ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးကဆိုသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်း ဖော်ထုတ်ရှင်းလင်းမှုများအရ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသား (၁၀၁၆) ဦးနှင့် Online လိမ်လည်လောင်းကစားမှု များ ကျူးလွန်ရာတွင် အသုံးပြုသည့်ကွန်ပျူတာ (၂၆၅၃) လုံး၊ မိုဘိုင်းဖုန်း (၂၁၇၅၀) လုံးနှင့် လုပ်ငန်းသုံး ပစ္စည်း အများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း နိုဝင်ဘာလ (၂၀) ရက်တွင် အစိုးရက ပြောထားသည်။
မြန်မာ - ထိုင်း နယ်စပ်မှ ကျားဖျန့်တိုက်ဖျက်ရေးကို နိုင်ငံတော်ယာယီသမ္မတ၏အမိန့်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အမိန့်တို့ဖြင့် အဆင့်ဆင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုဝင်ဘာ လ (၂၀) ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် BGF ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူး ကြီး နိုင်မောင်ဇော်ကပြောကြားသည်။
“ရက်ကတော့ ကန့်သတ်ထားလို့မရဘူး။ မရဘူးဆိုတာ အလုပ်က ဘယ်လောက်ထိ ဆက်သွား ရဦးမလဲ မသိသေးတဲ့အခါကျတော့ အားလုံးပြီးဆုံးသွားရင်တော့ စစ်ဆင်ရေးက ဘယ်နှရက်ပြုလုပ်ပြီး တော့မှ အကုန်လုံးပြီးသွားရင်တော့ သတင်းစာရှင်းလင်းပွဲ သေချာလုပ်ပေးပါ့မယ်။ အဲဒီအခါကျရင်တော့ မီဒီယာတွေအကုန်လုံး ပွင့်လင်းမြင်သာစွာ အခုလုပ်တဲ့စစ်ဆင်ရေးကလည်း ပွင့်လင်းမြင်သာစွာ စစ်ဆင် ရေးလုပ်တယ်။ စစ်ဆင်ရေးကာလမို့လို့သာ မီဒီယာ အကုန်လုံးကို မဖော်ပြနိုင်တာ။ ပြီးသွားရင် အားလုံး ကို ပွင့်လင်းမြင်သာစွာဖော်ပြပါမယ်” ဟု ၎င်းကပြောသည်။ မြဝတီနယ်စပ်တွင် ကျားဖျန့်လုပ်ရန် အ တွက် အသုံးပြုသောပစ္စည်းများအားလုံးကို ထိုင်းနိုင်ငံဘက်က တင်သွင်းခဲ့သည်ဆိုသောအချက်မှာ ထိုင်း နိုင်ငံဘက်မှ ကျားဖျန့်အရေး ပါဝင်မှု၏တစ်စိတ်တစ်ပိုင်းသာ ဖြစ်နေသေးသည်။ ထိုင်းဘုရင်၏ တရုတ် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်းမှ အာဏာပိုင်တို့က ကျားဖျန့်အရေးနှင့်ပတ်သက်၍ ပါဝင်ပတ်သက်ခဲ့ သည်များအတွက် အားနာနာဖြင့် သွားရောက်ပြီး တောင်းပန်ရခြင်းမျိုးပင် ဖြစ်နိုင်သည်။ အဘယ်ကြောင့် ဆိုသော ထိုင်းရဲချုပ်ဟောင်းပင်လျှင် ကျားဖျန့် နှင့်ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင်နေ သောကြောင့် ဖြစ်သည်။
အတည်မပြုနိုင်သေးသော်လည်း အောက်တိုဘာလ (၂၁) ရက်တွင် နောက်ဆုံးရရှိသော အခြေ အနေအရ ကျားဖျန့်များထံမှ လာဘ်ငွေရယူထားသော ထိုင်းရဲချုပ်ဟောင်းထွက်ပြေးပြီဟုသိရသည်။ ထိုင်း ရဲချုပ်နှင့် ရဲအရာရှိပေါင်း (၂၀ဝ) ကျော်တို့မှာ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ စွဲချက် အတင် ခံထားရပြီး အမှုများလည်း ပေါ်ပေါက်နေပြီဖြစ်သည်။
ထို့ပြင် ကျားဖျန့်နှင့်ပတ်သက်၍ ထိုင်းအစိုးရ တာဝန် ရှိသူများလည်း ပါဝင်ပတ်သက်နေကြောင်း သတင်း များရှိနေ၏။ မြဝတီမြို့နယ်မှ ရထိုက် ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ကျားဖျန့်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ် ခံထားရသော She Zhijiang ကို ထိုင်းအစိုးရက ဖမ်းဆီးထားခဲ့ရာ ၎င်းကို တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းလိုက်ပြီဖြစ်သော်လည်း She Zhijiang က ထိုင်းတွင် အဖမ်းခံရန် အကွက်ဆင်ခဲ့ရာ မအောင်မြင်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“ကျားဖျန့်သမားတွေက ထိုင်းမှာ အဖမ်းခံမလား၊ တရုတ်မှာ အဖမ်းခံမလားဆိုရင် ထိုင်းမှာပဲ အဖမ်းခံချင်တယ်။ တရုတ်မှာဆိုရင် မလွယ်ဘူးလေ။ ထိုင်းမှာကျတော့ ထောင်ထဲမှာလည်း အေးအေး ဆေး ဆေးနေနိုင်တယ်” ဟု ၎င်းကဆိုသည်။ ထင်ရှားသော အချက်မှာကား ဘန်ကောက်ထောင်အတွင်း Grey Chinese ဂိုဏ်း ဟုခေါ်သောအဖွဲ့မှ တရုတ်ကျားဖျန့်များကို သက်သာစွာထားသည်ကို စစ်ဆေးတွေ့ ရှိရခြင်းဖြစ်ပြီး ယင်းအတွက် ဘန်ကောက်ထောင်မှူး အဖြုတ်ခံလိုက်ရခြင်းဖြစ်ကာ ကျားဖျန့်တို့၏ လက် တစ်လုံးခြားမှုတစ်ခု ပေါ်သွားခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံကို အစဉ်တစိုက် ကျားဖျန့်နှင့်ပတ်သက်၍ လက်ညှိုးထိုးခဲ့ကြသော်လည်း ကျားဖျန့် ၏ လာရာနှင့်အသိုက်ကား မြန်မာနိုင်ငံ၏အနီးတွင် တိတ်တဆိတ်ရှိနေကြောင်းကို တစ်စတစ်စ မြင်လာ ရပြီဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းမှ အဂတိလိုက်စားမှုများသည် မြန်မာပြည်သို့ ကျားဖျန့်များဝင်ရောက် ရန် အားပေးခဲ့ခြင်းဖြစ်ကြောင်းကို ပိုမိုဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ထားရတော့မည်။

Zawgyi Version:
ျမန္မာကို လက္ညႇိဳးထိုးေသာ က်ားဖ်န႔္အေရးတြင္ ထိုင္းဘက္က ႀကီးႀကီးမားမား ပါဝင္ပတ္သက္ေန
သုတေက်ာ္ (NP News)-ႏိုဝင္ဘာ ၂၄
က်ားဖ်န႔္အေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံသည္ လတ္တေလာတြင္ လက္ညႇိဳးထိုးခံေနရေသာ္ လည္း က်ားဖ်န႔္ကိစၥတြင္ ထိုင္းဘက္က ႀကီးႀကီးမားမားပါဝင္ပတ္သက္ေနေၾကာင္း ထိုင္းႏိုင္ငံဘက္က လာေသာသတင္းမ်ားႏွင့္ ျမန္မာႏိုင္ငံတြင္း အေျခအေနမ်ားကို NP News က ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
က်ားဖ်န႔္ဟုေခၚေသာ Online လိမ္လည္ ေလာင္းကစားမႈက်ဴးလြန္သူအမ်ားစုသည္ (၂၀၂၁) ခုႏွစ္ ေနာက္ပိုင္းတြင္ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေသာ ျမဝတီၿမိဳ႕ႏွင့္ အလွမ္းေဝးကြာသည့္ ေ႐ႊကုကၠိဳလ္နယ္ ေျမႏွင့္ KK Park နယ္ေျမမ်ားသို႔ အိမ္နီးခ်င္းႏိုင္ငံမ်ားမွတစ္ဆင့္ ျဖတ္ေက်ာ္ဝင္ေရာက္လာၾကျခင္းျဖစ္ ေၾကာင္း သိရသည္။
အဆိုပါနယ္ေျမမ်ားသည္ တိုင္းရင္းသားလက္နက္ကိုင္ EAOs ၊ KNU ၊ KNLA အဖြဲ႕မ်ား၊ NCA စာခ်ဳပ္လက္မွတ္ေရးထိုးထားသည့္ EAO အဖြဲ႕အခ်ိဳ႕ႏွင့္ နယ္ျခားေစာင့္တပ္ဖြဲ႕ အမည္ခံတပ္ဖြဲ႕မ်ား ဝင္ ေရာက္လုပ္ကိုင္ေနၾကေသာနယ္ေျမမ်ားျဖစ္ၿပီး ကိုယ္က်ိဳးရွာ စီးပြားေရးသမားမ်ားသည္ယင္း အဖြဲ႕မ်ား ႏွင့္ခ်ိတ္ဆက္၍ Online လိမ္လည္ ေလာင္းကစားမႈမ်ားကို က်ဴးလြန္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။
အစိုးရအေနျဖင့္ ျမဝတီၿမိဳ႕ႏွင့္ အနီးဝန္းက်င္ေနရာမ်ားတြင္ နယ္ေျမစိုးမိုးေရးႏွင့္ နယ္ေျမရွင္း လင္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာ နယ္ေျမျပန္လည္ၿငိမ္းခ်မ္းလာခ်ိန္တြင္ Online လိမ္လည္ေလာင္း ကစားမႈ တိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ခဲ့ၿပီး ထိုမွတစ္ဆင့္ ေ႐ႊကုကၠိဳလ္နယ္ေျမႏွင့္ KK Park နယ္ေျမမ်ားတြင္လည္း Online လိမ္လည္ေလာင္းကစားမႈ အျမစ္ျပတ္ပေပ်ာက္ေရးလုပ္ငန္းမ်ား ကို ဆက္လက္ေဆာင္႐ြက္ခဲ့သည္။
ယခင္က က်ားဖ်န႔္ႏွင့္ပတ္သက္၍ ရွင္းလင္းမႈမ်ားကိုေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး KK Park ကို ရွင္း လင္းၿပီးေနာက္ ေအာက္တိုဘာလ (၁၈) ရက္ကစတင္ကာ ေ႐ႊကုကၠိဳလ္အတြင္းရွိ က်ားဖ်န႔္လုပ္ငန္းမ်ား ကို ရွင္းလင္းျခင္းမ်ားေဆာင္႐ြက္ေနသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၁၄) ရက္က တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕၌က်င္းပခဲ့ေသာ တ႐ုတ္-ျမန္မာ-ထိုင္း-ကေမာၻဒီးယား-လာအိုႏွင့္ ဗီယက္နမ္ တို႔ပါဝင္ေသာ (၆) ႏိုင္ငံ Online လိမ္လည္မႈ ပူးေပါင္း တိုက္ဖ်က္ေရးအစည္းအေဝးကို ျမန္မာႏိုင္ငံက တက္ေရာက္ခဲ့သည္။
ျမန္မာဘက္က အမ်ိဳးသားေရးတာဝန္ အျဖစ္သတ္မွတ္ကာ က်ားဖ်န႔္တိုက္ဖ်က္ေရးႏွင့္ ပတ္ သက္၍ သိသိသာသာလႈပ္ရွားၿပီး အင္တိုက္အားတိုက္ေဆာင္႐ြက္ေနေသာ္လည္း ယင္းအတြက္ ျမႇဳပ္ ကြက္တစ္ခုလည္း ရွိေနသည္။ အဆိုပါအခ်က္မွာ ယင္း က်ားဖ်န႔္တို႔သည္ အိမ္နီးခ်င္းႏိုင္ငံမွတစ္ဆင့္ ဝင္လာၿပီး ယင္းႏိုင္ငံမွပင္ တိတ္တဆိတ္ျပန္လည္ထြက္ခြာေနျခင္းျဖစ္သည္။
“ျမန္မာျပည္မွာ က်ားဖ်န႔္ေတြဖမ္းမယ္ဆိုၿပီး အေမရိကန္ကလည္း ေၾကညာ၊ (၆)ႏိုင္ငံကလည္း ေၾကညာတဲ့အခ်ိန္မွာ ေ႐ႊကုကၠိဳလ္၊ KK Park ထဲမွာလုပ္ေနတဲ့ ဒုတိယတန္းစားသူေဌးေတြေပါ့။ အဲဒီအုပ္စု ေတြအကုန္လုံးက အုံနဲ႔က်င္းနဲ႔ မဲေဆာက္ကို ကူးၿပီး ရဲအဖမ္းခံတယ္။ အဖမ္းခံၿပီးေတာ့ သူတို႔ ပိုက္ဆံေတြ သန္းခ်ီပါသြားတယ္။ ေ႐ႊေတြလည္း ပါမွာေပါ့။ ေျပးေတာ့ ဟိုဘက္ကမ္း မဲေဆာက္ရဲဆီ အဖမ္းခံတယ္။ အမ်ားအျမင္မွာ ဖမ္းတယ္။ ၿပီးေတာ့ ပိုက္ဆံေတြ အကုန္လုံးသိမ္းလိုက္တယ္။ ပိုက္ဆံေတြေတာ့ ျပန္ မေပးေတာ့ဘူးေပါ့။ လူေတြကိုေတာ့ ေလယာဥ္လက္မွတ္ဝယ္ၿပီး ဘန္ေကာက္ကိုတင္ေပးလိုက္တယ္။ သူတို႔လည္းလက္ခံတယ္။ ထိုင္းရဲ အဖမ္းခံတယ္ျမင္ေပမယ့္ ဘန္ေကာက္ေရာက္သြားတယ္။ လွည့္စား ၿပီးေရာက္သြားတာ လူ (၄၀) ေလာက္ရွိတယ္တဲ့” ဟု ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးကဆိုသည္။
ေ႐ႊကုကၠိဳလ္နယ္ေျမအတြင္း စုစုေပါင္း ေဖာ္ထုတ္ရွင္းလင္းမႈမ်ားအရ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနထိုင္သည့္ ႏိုင္ငံျခားသား (၁၀၁၆) ဦးႏွင့္ Online လိမ္လည္ေလာင္းကစားမႈ မ်ား က်ဴးလြန္ရာတြင္ အသုံးျပဳသည့္ကြန္ပ်ဴတာ (၂၆၅၃) လုံး၊ မိုဘိုင္းဖုန္း (၂၁၇၅၀) လုံးႏွင့္ လုပ္ငန္းသုံး ပစၥည္း အမ်ားအျပားကို စိစစ္ေတြ႕ရွိ ဖမ္းဆီးရရွိခဲ့ၿပီး ေဖာ္ထုတ္ရွင္းလင္းျခင္းမ်ားကို ဆက္လက္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း ႏိုဝင္ဘာလ (၂၀) ရက္တြင္ အစိုးရက ေျပာထားသည္။
ျမန္မာ - ထိုင္း နယ္စပ္မွ က်ားဖ်န႔္တိုက္ဖ်က္ေရးကို ႏိုင္ငံေတာ္ယာယီသမၼတ၏အမိန႔္၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏အမိန႔္တို႔ျဖင့္ အဆင့္ဆင့္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း ႏိုဝင္ဘာ လ (၂၀) ရက္ကျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲ တြင္ BGF ၏ ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မႉး ႀကီး ႏိုင္ေမာင္ေဇာ္ကေျပာၾကားသည္။
“ရက္ကေတာ့ ကန႔္သတ္ထားလို႔မရဘူး။ မရဘူးဆိုတာ အလုပ္က ဘယ္ေလာက္ထိ ဆက္သြား ရဦးမလဲ မသိေသးတဲ့အခါက်ေတာ့ အားလုံးၿပီးဆုံးသြားရင္ေတာ့ စစ္ဆင္ေရးက ဘယ္ႏွရက္ျပဳလုပ္ၿပီး ေတာ့မွ အကုန္လုံးၿပီးသြားရင္ေတာ့ သတင္းစာရွင္းလင္းပြဲ ေသခ်ာလုပ္ေပးပါ့မယ္။ အဲဒီအခါက်ရင္ေတာ့ မီဒီယာေတြအကုန္လုံး ပြင့္လင္းျမင္သာစြာ အခုလုပ္တဲ့စစ္ဆင္ေရးကလည္း ပြင့္လင္းျမင္သာစြာ စစ္ဆင္ ေရးလုပ္တယ္။ စစ္ဆင္ေရးကာလမို႔လို႔သာ မီဒီယာ အကုန္လုံးကို မေဖာ္ျပႏိုင္တာ။ ၿပီးသြားရင္ အားလုံး ကို ပြင့္လင္းျမင္သာစြာေဖာ္ျပပါမယ္” ဟု ၎ကေျပာသည္။ ျမဝတီနယ္စပ္တြင္ က်ားဖ်န႔္လုပ္ရန္ အ တြက္ အသုံးျပဳေသာပစၥည္းမ်ားအားလုံးကို ထိုင္းႏိုင္ငံဘက္က တင္သြင္းခဲ့သည္ဆိုေသာအခ်က္မွာ ထိုင္း ႏိုင္ငံဘက္မွ က်ားဖ်န႔္အေရး ပါဝင္မႈ၏တစ္စိတ္တစ္ပိုင္းသာ ျဖစ္ေနေသးသည္။ ထိုင္းဘုရင္၏ တ႐ုတ္ ခရီးစဥ္အတြင္း ထိုင္းႏိုင္ငံအတြင္းမွ အာဏာပိုင္တို႔က က်ားဖ်န႔္အေရးႏွင့္ပတ္သက္၍ ပါဝင္ပတ္သက္ခဲ့ သည္မ်ားအတြက္ အားနာနာျဖင့္ သြားေရာက္ၿပီး ေတာင္းပန္ရျခင္းမ်ိဳးပင္ ျဖစ္ႏိုင္သည္။ အဘယ္ေၾကာင့္ ဆိုေသာ ထိုင္းရဲခ်ဳပ္ေဟာင္းပင္လွ်င္ က်ားဖ်န႔္ ႏွင့္ပတ္သက္၍ လာဘ္ေပးလာဘ္ယူမႈမ်ားတြင္ ပါဝင္ေန ေသာေၾကာင့္ ျဖစ္သည္။
အတည္မျပဳႏိုင္ေသးေသာ္လည္း ေအာက္တိုဘာလ (၂၁) ရက္တြင္ ေနာက္ဆုံးရရွိေသာ အေျခ အေနအရ က်ားဖ်န႔္မ်ားထံမွ လာဘ္ေငြရယူထားေသာ ထိုင္းရဲခ်ဳပ္ေဟာင္းထြက္ေျပးၿပီဟုသိရသည္။ ထိုင္း ရဲခ်ဳပ္ႏွင့္ ရဲအရာရွိေပါင္း (၂၀ဝ) ေက်ာ္တို႔မွာ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ပတ္သက္၍ စြဲခ်က္ အတင္ ခံထားရၿပီး အမႈမ်ားလည္း ေပၚေပါက္ေနၿပီျဖစ္သည္။
ထို႔ျပင္ က်ားဖ်န႔္ႏွင့္ပတ္သက္၍ ထိုင္းအစိုးရ တာဝန္ ရွိသူမ်ားလည္း ပါဝင္ပတ္သက္ေနေၾကာင္း သတင္း မ်ားရွိေန၏။ ျမဝတီၿမိဳ႕နယ္မွ ရထိုက္ ကုမၸဏီပိုင္ရွင္ျဖစ္ၿပီး က်ားဖ်န႔္ေခါင္းေဆာင္တစ္ဦးအျဖစ္ သတ္မွတ္ ခံထားရေသာ She Zhijiang ကို ထိုင္းအစိုးရက ဖမ္းဆီးထားခဲ့ရာ ၎ကို တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္ လႊဲေျပာင္းလိုက္ၿပီျဖစ္ေသာ္လည္း She Zhijiang က ထိုင္းတြင္ အဖမ္းခံရန္ အကြက္ဆင္ခဲ့ရာ မေအာင္ျမင္ခဲ့ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
“က်ားဖ်န႔္သမားေတြက ထိုင္းမွာ အဖမ္းခံမလား၊ တ႐ုတ္မွာ အဖမ္းခံမလားဆိုရင္ ထိုင္းမွာပဲ အဖမ္းခံခ်င္တယ္။ တ႐ုတ္မွာဆိုရင္ မလြယ္ဘူးေလ။ ထိုင္းမွာက်ေတာ့ ေထာင္ထဲမွာလည္း ေအးေအး ေဆး ေဆးေနႏိုင္တယ္” ဟု ၎ကဆိုသည္။ ထင္ရွားေသာ အခ်က္မွာကား ဘန္ေကာက္ေထာင္အတြင္း Grey Chinese ဂိုဏ္း ဟုေခၚေသာအဖြဲ႕မွ တ႐ုတ္က်ားဖ်န႔္မ်ားကို သက္သာစြာထားသည္ကို စစ္ေဆးေတြ႕ ရွိရျခင္းျဖစ္ၿပီး ယင္းအတြက္ ဘန္ေကာက္ေထာင္မႉး အျဖဳတ္ခံလိုက္ရျခင္းျဖစ္ကာ က်ားဖ်န႔္တို႔၏ လက္ တစ္လုံးျခားမႈတစ္ခု ေပၚသြားျခင္းလည္းျဖစ္သည္။
ျမန္မာႏိုင္ငံကို အစဥ္တစိုက္ က်ားဖ်န႔္ႏွင့္ပတ္သက္၍ လက္ညႇိဳးထိုးခဲ့ၾကေသာ္လည္း က်ားဖ်န႔္ ၏ လာရာႏွင့္အသိုက္ကား ျမန္မာႏိုင္ငံ၏အနီးတြင္ တိတ္တဆိတ္ရွိေနေၾကာင္းကို တစ္စတစ္စ ျမင္လာ ရၿပီျဖစ္သည္။ ထိုင္းႏိုင္ငံအတြင္းမွ အဂတိလိုက္စားမႈမ်ားသည္ ျမန္မာျပည္သို႔ က်ားဖ်န႔္မ်ားဝင္ေရာက္ ရန္ အားေပးခဲ့ျခင္းျဖစ္ေၾကာင္းကို ပိုမိုေဖာ္ထုတ္ႏိုင္မည္ဟု ေမွ်ာ္လင့္ထားရေတာ့မည္။