ပြည်ပတင်ပို့နေသည့် မြန်မာ့ဆန်ကို တရုတ်ကအများဆုံး၀ယ်ယူ

110

ပြည့်ဖြိုး(NP News) နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံမှ ပြည်ပသို့ ယခုဘဏ္ဍာနှစ်၇လအတွင်း ဆန်တန်ချိန် ၁၅သိန်းကျော် တင်ပို့ထားပြီး တရုတ်နိုင်ငံကအများဆုံး၀ယ်ယူနေသည်ဟု သိရသည်။
တရုတ်နိုင်ငံက ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် မြန်မာဆန်ကို အဓိက၀ယ်ယူနေပြီး ၇လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၄၀,၀၀၀ ကျော်ရှိနေကြောင်း မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ဆန်တန်ချိန်အများဆုံး ၀ယ်သည့် အင်ဒိုနီးရှားက ယခုဘဏ္ဍာနှစ်တွင် ၀ယ်လိုအားလျော့နည်းသွားသည်။
ထို့အပြင်ပြည်ပမှဆန်၀ယ်ယူတင်သွင်းနေသည့် ဖိလစ်ပိုင်နိုင်ငံကလည်း ယခုနှစ် စင်တင်ဘာမှစတင်၍ ပြည်ပမှဆန်အ၀ယ် ရပ်နားခဲ့သည်။ သို့သော် ရပ်နားမှုမတိုင်မီ မြန်မာနိုင်ငံမှဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၀၀,၀၀၀ကျော် ၀ယ်ယူခဲ့သည်။ယခုဘဏ္ဍာနှစ်တွင်မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုတွင် ဖိလစ်ပိုင်ကဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။
၂၀၂၆ဇန်နဝါရီတွင်လည်း ဖိလစ်ပိုင်က ပြည်ပမှဆန်တန်ချိန်၃သိန်းတစ်လအတွင်း၀ယ်ယူတင်သွင်းရန် တင်သွင်းရန်စီစဉ်နေသည်ဟု သိရသည်။
"ဖိလစ်ပိုင်ကို အစိုးရချင်းသဘောတူညီမှုနဲ့ဆန်ရောင်းဖို့ MRFက စီစဉ်ထားတာမရှိသေးဘူး။ ပုဂ္ဂလိကအနေနဲ့အရင်ကလည်းရောင်းနေတာဘဲ။အခုလည်းကုမ္ပဏီတစ်ခုချင်းစီအလိုက်တော့ ရောင်းပါလိမ့်မယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာ၀န်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိနိုင်ငံတကာဆန်ဈေးကွက်အခြေအနေသည် ဈေးနှုန်းများ ကျဆင်းမှုကြုံနေရပြီး ပြည်ပဆန်တင်ပို့နေသည့် မြန်မာနိုင်ငံအနေဖြင့်လည်း ထိုအခြေ အနေကိုကြုံနေရကာ ယခုဘဏ္ဍာနှစ်၇လအတွင်း ပြည် ပဆန်တင်ပို့သည့် တန်ချိန်ပမာဏက ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန်၁၅၀,၀၀၀ကျော်ပိုမိုတင်ပို့နိုင်သော်လည်း ၀င်ငွေပိုင်း လျော့နည်းသွားသည်ဟု စာရင်းဇယားများအရ သိရပါသည်။

Zawgyi Version:
ျပည္ပတင္ပို႔ေနသည့္ ျမန္မာ့ဆန္ကို တ႐ုတ္ကအမ်ားဆုံး၀ယ္ယူ
ျပည့္ၿဖိဳး(NP News) ႏိုဝင္ဘာ ၂၄
ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ယခုဘ႑ာႏွစ္၇လအတြင္း ဆန္တန္ခ်ိန္ ၁၅သိန္းေက်ာ္ တင္ပို႔ထားၿပီး တ႐ုတ္ႏိုင္ငံကအမ်ားဆုံး၀ယ္ယူေနသည္ဟု သိရသည္။
တ႐ုတ္ႏိုင္ငံက ပင္လယ္ေရေၾကာင္း ကုန္သြယ္ေရးျဖင့္ ျမန္မာဆန္ကို အဓိက၀ယ္ယူေနၿပီး ၇လအတြင္း ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ ၃၄၀,၀၀၀ ေက်ာ္ရွိေနေၾကာင္း ျမန္ မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ဘ႑ာႏွစ္က ျမန္မာႏိုင္ငံမွ ဆန္တန္ခ်ိန္အမ်ားဆုံး ၀ယ္သည့္ အင္ဒိုနီးရွားက ယခုဘ႑ာႏွစ္တြင္ ၀ယ္လိုအားေလ်ာ့နည္းသြားသည္။
ထို႔အျပင္ျပည္ပမွဆန္၀ယ္ယူတင္သြင္းေနသည့္ ဖိလစ္ပိုင္ႏိုင္ငံကလည္း ယခုႏွစ္ စင္တင္ဘာမွစတင္၍ ျပည္ပမွဆန္အ၀ယ္ ရပ္နားခဲ့သည္။ သို႔ေသာ္ ရပ္နားမႈမတိုင္မီ ျမန္မာႏိုင္ငံမွဆန္ႏွင့္ ဆန္ကြဲ တန္ခ်ိန္ ၁၀၀,၀၀၀ေက်ာ္ ၀ယ္ယူခဲ့သည္။ယခုဘ႑ာႏွစ္တြင္ျမန္မာႏိုင္ငံမွ ျပည္ပသို႔ဆန္တင္ပို႔ေရာင္းခ်မႈတြင္ ဖိလစ္ပိုင္ကဒုတိယ အမ်ားဆုံးႏိုင္ငံျဖစ္သည္။
၂၀၂၆ဇန္နဝါရီတြင္လည္း ဖိလစ္ပိုင္က ျပည္ပမွဆန္တန္ခ်ိန္၃သိန္းတစ္လအတြင္း၀ယ္ယူတင္သြင္းရန္ တင္သြင္းရန္စီစဥ္ေနသည္ဟု သိရသည္။
"ဖိလစ္ပိုင္ကို အစိုးရခ်င္းသေဘာတူညီမႈနဲ႔ဆန္ေရာင္းဖို႔ MRFက စီစဥ္ထားတာမရွိေသးဘူး။ ပုဂၢလိကအေနနဲ႔အရင္ကလည္းေရာင္းေနတာဘဲ။အခုလည္းကုမၸဏီတစ္ခုခ်င္းစီအလိုက္ေတာ့ ေရာင္းပါလိမ့္မယ္"ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိႏိုင္ငံတကာဆန္ေဈးကြက္အေျခအေနသည္ ေဈးႏႈန္းမ်ား က်ဆင္းမႈႀကဳံေနရၿပီး ျပည္ပဆန္တင္ပို႔ေနသည့္ ျမန္မာႏိုင္ငံအေနျဖင့္လည္း ထိုအေျခ အေနကိုႀကဳံေနရကာ ယခုဘ႑ာႏွစ္၇လအတြင္း ျပည္ ပဆန္တင္ပို႔သည့္ တန္ခ်ိန္ပမာဏက ယခင္ဘ႑ာႏွစ္ကာလတူထက္ တန္၁၅၀,၀၀၀ေက်ာ္ပိုမိုတင္ပို႔ႏိုင္ေသာ္လည္း ၀င္ေငြပိုင္း ေလ်ာ့နည္းသြားသည္ဟု စာရင္းဇယားမ်ားအရ သိရပါသည္။