ရန်ကုန်တွင် ကား(၆)စီးဆင့်တိုက်မိ၍ အမျိုးသားတစ်ဦးနှင့် (၃) နှစ်အရွယ်ကလေးငယ်တို့ ပွဲချင်းပြီးသေဆုံး

 1128

သန့်ဇင်(NP News)-နိုဝင်ဘာ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာတွင် ကားတစ်စီးဘရိတ်ပေါက်ကာ ယာဉ်(၆) စီးဆင့်တိုက်မှုကြောင့် (၃) နှစ်အရွယ်ကလေးနှင့် ဘေးတွဲမောင်းသူတို့ ပွဲချင်း ပြီးသေဆုံးသွားခဲ့ကြောင်း ကရုဏာတွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၂၄ရက်)၊ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အလယ်ရွာမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မှန်လုံက တော့ ရိုးရိုးအပြင်ကကားပဲ။ လိုင်းကားမဟုတ်ဘူး။ ဘရိတ်ပေါက်ပြီး အဆင့်ဆင့်တိုက်ပစ်လိုက်တာ။ ကျောင်းအ ကြိုပို့ကား မဟုတ်ဘူး။ သူက လှိုင်သာယာကနေ ရွှေပြည်သာတံတားဘက်ကိုတက်တာ။ နည်းပညာအနောက်ပိုင်းအဝိုင်း နားကနေ တက်တာ။ အဲဒီမှာ Denko ဆီဆိုင်အရှေ့မှာ ဘရိတ်ပေါက်ပြီးတော့ ကားလေး (၂) စီးနဲ့ ဘေးတွဲဆိုင်ကယ် (၃) စီးကိုဝင်တိုက်မိတာ”ဟု ကရုဏာတွဲလက်လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိုက်မှုကြောင့် အသက် (၃)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် (၃၅) နှစ်အရွယ် ဘေးတွဲယာဉ်မောင်းအမျိုးသားတစ်ဦးတို့ ဦးခေါင်းနှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“အဲဒီမှာ ဘေးတွဲမောင်းတဲ့လူသေတယ်။ ဘေးတွဲမှာစီးတဲ့ (၃) နှစ်အရွယ်ကလေးလေးတစ်ဦးလည်းဆုံးတယ်။ ကလေးလေးအမေနဲ့ ဘေးတွဲမောင်းနဲ့လူနောက်တစ်ယောက် ဒဏ်ရာရတယ်။ သူတို့ကတော့ မစိုးရိမ်ရပါဘူး။ ကလေးကတော့ ဦးခေါင်းခွံကွာသွားတယ်။ နောက်တစ်ယောက်တော့ မျက်နှာထိသွားတာပေါ့နော်။ အဲဒီနားကလည်း နည်းနည်းလေးရှုပ်နေတယ်။ ရပ်ကွက်အဝင်အထွက်လည်း ဖြစ်တယ်ဆိုတော့ မကြာမကြာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ထို့ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရှိသူများကို လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္တြင္ ကား(၆)စီးဆင့္မိ၍ အမ်ိဳးသားတစ္ဦးႏွင့္ (၃) ႏွစ္အ႐ြယ္ကေလးငယ္တို႔ ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News)-ႏိုဝင္ဘာ၂၄

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာတြင္ ကားတစ္စီးဘရိတ္ေပါက္ကာ ယာဥ္(၆) စီးဆင့္တိုက္မႈေၾကာင့္ (၃) ႏွစ္အ႐ြယ္ကေလးႏွင့္ ေဘးတြဲေမာင္းသူတို႔ ပြဲခ်င္း ၿပီးေသဆုံးသြားခဲ့ေၾကာင္း က႐ုဏာတြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာ ၂၄ရက္)၊ နံနက္ ၁၀ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က လႈိင္သာယာ(အေရွ႕ပိုင္းၿမိဳ႕နယ္)၊ အလယ္႐ြာမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မွန္လုံက ေတာ့ ႐ိုး႐ိုးအျပင္ကကားပဲ။ လိုင္းကားမဟုတ္ဘူး။ ဘရိတ္ေပါက္ၿပီး အဆင့္ဆင့္တိုက္ပစ္လိုက္တာ။ ေက်ာင္းအ ႀကိဳပို႔ကား မဟုတ္ဘူး။ သူက လႈိင္သာယာကေန ေ႐ႊျပည္သာတံတားဘက္ကိုတက္တာ။ နည္းပညာအေနာက္ပိုင္းအဝိုင္း နားကေန တက္တာ။ အဲဒီမွာ Denko ဆီဆိုင္အေရွ႕မွာ ဘရိတ္ေပါက္ၿပီးေတာ့ ကားေလး (၂) စီးနဲ႔ ေဘးတြဲဆိုင္ကယ္ (၃) စီးကိုဝင္တိုက္မိတာ”ဟု က႐ုဏာတြဲလက္လူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ အသက္ (၃)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးႏွင့္ အသက္ (၃၅) ႏွစ္အ႐ြယ္ ေဘးတြဲယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးတို႔ ဦးေခါင္းႏွင့္ မ်က္ႏွာတို႔တြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိကာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“အဲဒီမွာ ေဘးတြဲေမာင္းတဲ့လူေသတယ္။ ေဘးတြဲမွာစီးတဲ့ (၃) ႏွစ္အ႐ြယ္ကေလးေလးတစ္ဦးလည္းဆုံးတယ္။ ကေလးေလးအေမနဲ႔ ေဘးတြဲေမာင္းနဲ႔လူေနာက္တစ္ေယာက္ ဒဏ္ရာရတယ္။ သူတို႔ကေတာ့ မစိုးရိမ္ရပါဘူး။ ကေလးကေတာ့ ဦးေခါင္းခြံကြာသြားတယ္။ ေနာက္တစ္ေယာက္ေတာ့ မ်က္ႏွာထိသြားတာေပါ့ေနာ္။ အဲဒီနားကလည္း နည္းနည္းေလးရႈပ္ေနတယ္။ ရပ္ကြက္အဝင္အထြက္လည္း ျဖစ္တယ္ဆိုေတာ့ မၾကာမၾကာျဖစ္တယ္”ဟု ၎ကေျပာသည္။

ထို႔ေၾကာင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရွိသူမ်ားကို လႈိင္သာယာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.