လက်ရှိအဆိုပြုထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်က နောက်ဆုံးကမ်းလှမ်းချက်တစ်ခုမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော

 495

Pika(NP News)-နိုဝင်ဘာ ၂၄
ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ၎င်းရဲ့လက်ရှိအဆိုပြုချက်ဟာ နောက်ဆုံးကမ်းလှမ်းချက်တစ်ခု မဟုတ်ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့် အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ ဆွေးနွေးပွဲတွေအတွက် အခြေခံတစ်ခုဖြစ်နိုင်ပေမယ့်လည်း နောက်ထပ်လုပ်ဆောင်မှုတွေ လိုအပ်သေးတယ်လို့ ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေက ထုတ်ဖော်ပြောဆိုနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်က”ဒီစစ်ပွဲကို တစ်နည်းနည်းနဲ့တော့ အဆုံးသတ်ဖို့ လိုအပ်ပါတယ်။ဒါက ကျွန်တော့်ရဲ့နောက်ဆုံးကမ်းလှမ်းချက်မဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီး အနေနဲ့ ဆွေးနွေးပွဲများ လုပ်ဆောင်မလား ဒါမှမဟုတ် နောက်ထပ်နယ်မြေတွေကို အဆုံးရှုံးခံသွားမလားဆိုတဲ့ သတိပေးချက်တစ်ခုကို ရုရှားအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လက်ခံလိုက်တာဟာ ယူကရိန်းက ၎င်းရဲ့အချုပ်အခြာအာဏာကို စွန့်လွှတ်ရာရောက်တယ်လို့လည်း သတင်းဌာနအချို့က ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
လက္ရွိအဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္က ေနာက္ဆုံးကမ္းလွမ္းခ်က္တစ္ခုမဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika(NP News)-ႏိုဝင္ဘာ ၂၄
႐ုရွား-ယူကရိန္းပဋိပကၡကို အဆုံးသတ္ဖို႔အတြက္ ၎ရဲ႕လက္ရွိအဆိုျပဳခ်က္ဟာ ေနာက္ဆုံးကမ္းလွမ္းခ်က္တစ္ခု မဟုတ္ဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္ အဆိုျပဳခဲ့တဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ဟာ ေဆြးေႏြးပြဲေတြအတြက္ အေျခခံတစ္ခုျဖစ္ႏိုင္ေပမယ့္လည္း ေနာက္ထပ္လုပ္ေဆာင္မႈေတြ လိုအပ္ေသးတယ္လို႔ ယူကရိန္းနဲ႔ ဥေရာပႏိုင္ငံေတြက ထုတ္ေဖာ္ေျပာဆိုေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ေဒၚနယ္ထရမ့္က”ဒီစစ္ပြဲကို တစ္နည္းနည္းနဲ႔ေတာ့ အဆုံးသတ္ဖို႔ လိုအပ္ပါတယ္။ဒါက ကြၽန္ေတာ့္ရဲ႕ေနာက္ဆုံးကမ္းလွမ္းခ်က္မဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ ယူကရိန္းသမၼတဇီလန္စကီး အေနနဲ႔ ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္မလား ဒါမွမဟုတ္ ေနာက္ထပ္နယ္ေျမေတြကို အဆုံးရႈံးခံသြားမလားဆိုတဲ့ သတိေပးခ်က္တစ္ခုကို ႐ုရွားအစိုးရက ထုတ္ျပန္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္က အဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္ခံလိုက္တာဟာ ယူကရိန္းက ၎ရဲ႕အခ်ဳပ္အျခာအာဏာကို စြန႔္လႊတ္ရာေရာက္တယ္လို႔လည္း သတင္းဌာနအခ်ိဳ႕က ေရးသားေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.