နိုင်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ ကျောင်းတစ်ခုကနေ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားအရေအတွက်(၃၀၀)ကျော်အထိ မြင့်တက်လာ

 115

Photo: Christian Association of Nigeria via AP
Pika (NP News)-နိုဝင်ဘာ ၂၄
နိုင်ဂျီးရီးယားနိုင်ငံ နိုင်ဂျာပြည်နယ်မှာရှိတဲ့ စိန့်မေရီကျောင်း တိုက်ခိုက်ခံရမှုအတွင်း သေနတ်သမားတွေ ပြန်ပေးဆွဲခဲ့တာက ကျောင်းသား(၃၀၀)ဦးကျော်နဲ့ ဆရာ(၁၂)ဦးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။စိန့်မေရီကျောင်းကနေကို တိုက်ခိုက်မှုအတွင်း သေနတ်သမားတွေ ပြန်ပေးဆွဲခဲ့တာက ကျောင်းသား(၅၂)ဦးဖြစ်တယ်လို့ အစောပိုင်းမှာ ရေးသားဖော်ပြမှုတွေ ရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက အရေအတွက်အတိအကျကို စစ်ဆေးခဲ့ပြီးနောက် ယခုလိုအတည်ပြုထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားနဲ့ဆရာအရေအတွက်ကို တိကျတဲ့စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် စာရင်းအရေအတွက်ကို ပြောင်းလဲခဲ့တယ်လို့လည်း တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ ကတ်ဘီပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းက ကျောင်းသူ(၂၅)ဦးကို ပြန်ပေးဆွဲတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် လေးရက်အကြာမှာ စိန့်မေရီကျောင်းမှာရှိတဲ့ ကျောင်းသားတွေနဲ့ဆရာတွေကို သေနတ်သမားတွေက ပြန်ပေးဆွဲမှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ပြန်ပေးဆွဲမှုကို ဘယ်အဖွဲ့ကလုပ်သွားလဲဆိုတာကို လက်ရှိအချိန်အထိ မသိရှိရသေးကြောင်းနဲ့ ရှာဖွေကယ်ဆယ်မှုတွေလုပ်ဆောင်ဖို့အတွက် ဒေသခံမုဆိုးအဖွဲ့နဲ့အတူ မဟာဗျူဟာမြောက်အဖွဲ့တွေကို စေလွှတ်ထားတယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာရွိတဲ့ ေက်ာင္းတစ္ခုကေန ျပန္ေပးဆြဲခံရတဲ့ ေက်ာင္းသားအေရအတြက္(၃၀၀)ေက်ာ္အထိ ျမင့္တက္လာ
Pika (NP News)-ႏိုဝင္ဘာ ၂၄
ႏိုင္ဂ်ီးရီးယားႏိုင္ငံ ႏိုင္ဂ်ာျပည္နယ္မွာရွိတဲ့ စိန႔္ေမရီေက်ာင္း တိုက္ခိုက္ခံရမႈအတြင္း ေသနတ္သမားေတြ ျပန္ေပးဆြဲခဲ့တာက ေက်ာင္းသား(၃၀၀)ဦးေက်ာ္နဲ႔ ဆရာ(၁၂)ဦးျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။စိန႔္ေမရီေက်ာင္းကေနကို တိုက္ခိုက္မႈအတြင္း ေသနတ္သမားေတြ ျပန္ေပးဆြဲခဲ့တာက ေက်ာင္းသား(၅၂)ဦးျဖစ္တယ္လို႔ အေစာပိုင္းမွာ ေရးသားေဖာ္ျပမႈေတြ ရွိခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အာဏာပိုင္ေတြက အေရအတြက္အတိအက်ကို စစ္ေဆးခဲ့ၿပီးေနာက္ ယခုလိုအတည္ျပဳထုတ္ျပန္ခဲ့တာပဲျဖစ္ပါတယ္။ျပန္ေပးဆြဲခံရတဲ့ ေက်ာင္းသားနဲ႔ဆရာအေရအတြက္ကို တိက်တဲ့စစ္ေဆးမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ စာရင္းအေရအတြက္ကို ေျပာင္းလဲခဲ့တယ္လို႔လည္း တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႏိုင္ဂ်ီးရီးယားႏိုင္ငံ ကတ္ဘီျပည္နယ္မွာရွိတဲ့ ေက်ာင္းတစ္ေက်ာင္းက ေက်ာင္းသူ(၂၅)ဦးကို ျပန္ေပးဆြဲတဲ့ျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီးေနာက္ ေလးရက္အၾကာမွာ စိန႔္ေမရီေက်ာင္းမွာရွိတဲ့ ေက်ာင္းသားေတြနဲ႔ဆရာေတြကို ေသနတ္သမားေတြက ျပန္ေပးဆြဲမႈ ထပ္မံျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ျပန္ေပးဆြဲမႈကို ဘယ္အဖြဲ႕ကလုပ္သြားလဲဆိုတာကို လက္ရွိအခ်ိန္အထိ မသိရွိရေသးေၾကာင္းနဲ႔ ရွာေဖြကယ္ဆယ္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ေဒသခံမုဆိုးအဖြဲ႕နဲ႔အတူ မဟာဗ်ဴဟာေျမာက္အဖြဲ႕ေတြကို ေစလႊတ္ထားတယ္လို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.