ပြင်သစ် Louvre ပြတိုက်၌ လုံခြုံရေးကင်မရာများအပြင် လုံခြုံရေးစနစ်များ ထပ်မံ ထည့်သွင်းအသုံးပြုရန် စီစဉ်

99

Pika (NP News) - နိုဝင်ဘာ ၂၄
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Louvre ပြတိုက်သည် လုံခြုံရေးကိုတင်းကြပ်ရန်အစီအစဉ်များ၏တစ် စိတ်တစ်ပိုင်း အနေဖြင့် လာမည့်(၂၀၂၆)ခုနှစ် နှစ်ကုန်၌ ပြတိုက်အပြင်ဘက်နံရံတွင် နောက်ထပ် လုံခြုံရေးကင်မရာ အလုံးရေ(၁၀ဝ) ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ပြတိုက်ဒါရိုက်တာ Laurence Des Cars က ထုတ်ပြန်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာလကဖြစ်ပွားခဲ့သော ဖောက်ထွင်းဝင်ရောက်မှုများအပြီးတွင် လုံခြုံရေးကို ထပ်မံတင်း ကြပ်ရန်အစီအစဉ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် Louvre ပြတိုက်ခြံဝင်းအတွင်း အဆင့်မြင့်ရဲစခန်းတစ်ခုကို တည်ဆောက်ခြင်း ဖြင့် ပဲရစ်ရဲတပ်ဖွဲ့နှင့်ဆက်ဆံရေးများကို ထပ်မံမြှင့် တင်သွားမည်ဖြစ်ကြောင်း Laurence Des Cars က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ(၁၉) ရက်တွင် ဓားပြလေးဦးသည် အမေရိကန်ဒေါ်လာ (၁၀၂)သန်း တန်ဖိုးရှိသော တန်ဖိုးကြီးကျောက်မျက် ရတနာများကို ဝင်ရောက်ခိုးယူသွာခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် ခရီးသွားလာ ရောက်လည်ပတ်မှုအများဆုံး Louvre ပြတိုက်၏ လုံခြုံရေးပိုင်းနှင့်ပတ်သက်ပြီး ယုံကြည်စိတ်ချရမှုအပေါ် သံသယများ တိုးပွားလာ စေခဲ့ကြောင်းလည်းသိရသည်။
စုံစမ်စစ်ဆေးသူများသည် ဖောက်ထွင်းဝင် ရောက်မှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသော သံသယရှိ သူ(၄)ဦးကို တရားစွဲဆိုခဲ့သော်လည်း ခိုးယူခံခဲ့ရသောရတနာများကို လက်ရှိအချိန်အထိ ပြန်လည်ရှာဖွေတွေ့ရှိခြင်းမျိုး မရှိသေးကြောင်းသိရသည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် ပြတိုက်၏အပြင်ဘက်နံရံများတွင် လုံခြုံရေးကင်မရာများ လုံ လောက်စွာတပ်ဆင်ထားခြင်းမျိုးမရှိကြောင်းနှင့် လသာဆောင်ကိုလည်း ပိတ်ထားခြင်းမျိုးမရှိခဲ့ကြောင်း ပြတိုက် တာဝန်ရှိသူများက ဝန်ခံပြောဆိုခဲ့သည်။
ထို့ပြင် ယခုနှစ်ကုန်တွင် ကျူးကျော်ဝင် ရောက်မှုကာကွယ်ရေးကိရိယာများနှင့် အနီးအနားရှိ အများပြည်သူသုံး လမ်းမများပေါ်တွင် ယာဉ်များကို တားဆီးမည့် အတားအဆီးများအပါအဝင် အပိုလုံခြုံရေးကို စတင်အသုံးပြုသွား မည်ဖြစ်ကြောင်း ပြင်သစ် အရာရှိများက ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
ျပင္သစ္ Louvre ျပတိုက္၌ လုံၿခဳံေရးကင္မရာမ်ားအျပင္ လုံၿခဳံေရးစနစ္မ်ား ထပ္မံ ထည့္သြင္းအသုံးျပဳရန္ စီစဥ္
Pika (NP News) - ႏိုဝင္ဘာ ၂၄
ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ရွိ Louvre ျပတိုက္သည္ လုံၿခဳံေရးကိုတင္းၾကပ္ရန္အစီအစဥ္မ်ား၏တစ္ စိတ္တစ္ပိုင္း အေနျဖင့္ လာမည့္(၂၀၂၆)ခုႏွစ္ ႏွစ္ကုန္၌ ျပတိုက္အျပင္ဘက္နံရံတြင္ ေနာက္ထပ္ လုံၿခဳံေရးကင္မရာ အလုံးေရ(၁၀ဝ) ကို တပ္ဆင္သြားမည္ျဖစ္ေၾကာင္း ျပတိုက္ဒါ႐ိုက္တာ Laurence Des Cars က ထုတ္ျပန္ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ေအာက္တိုဘာလကျဖစ္ပြားခဲ့ေသာ ေဖာက္ထြင္းဝင္ေရာက္မႈမ်ားအၿပီးတြင္ လုံၿခဳံေရးကို ထပ္မံတင္း ၾကပ္ရန္အစီအစဥ္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ Louvre ျပတိုက္ၿခံဝင္းအတြင္း အဆင့္ျမင့္ရဲစခန္းတစ္ခုကို တည္ေဆာက္ျခင္း ျဖင့္ ပဲရစ္ရဲတပ္ဖြဲ႕ႏွင့္ဆက္ဆံေရးမ်ားကို ထပ္မံျမႇင့္ တင္သြားမည္ျဖစ္ေၾကာင္း Laurence Des Cars က ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၁၉) ရက္တြင္ ဓားျပေလးဦးသည္ အေမရိကန္ေဒၚလာ (၁၀၂)သန္း တန္ဖိုးရွိေသာ တန္ဖိုးႀကီးေက်ာက္မ်က္ ရတနာမ်ားကို ဝင္ေရာက္ခိုးယူသြာခဲ့ၿပီးေနာက္ ကမာၻေပၚတြင္ ခရီးသြားလာ ေရာက္လည္ပတ္မႈအမ်ားဆုံး Louvre ျပတိုက္၏ လုံၿခဳံေရးပိုင္းႏွင့္ပတ္သက္ၿပီး ယုံၾကည္စိတ္ခ်ရမႈအေပၚ သံသယမ်ား တိုးပြားလာ ေစခဲ့ေၾကာင္းလည္းသိရသည္။
စုံစမ္စစ္ေဆးသူမ်ားသည္ ေဖာက္ထြင္းဝင္ ေရာက္မႈတြင္ ပါဝင္ပတ္သက္သည္ဟု စြပ္စြဲခံထားရေသာ သံသယရွိ သူ(၄)ဦးကို တရားစြဲဆိုခဲ့ေသာ္လည္း ခိုးယူခံခဲ့ရေသာရတနာမ်ားကို လက္ရွိအခ်ိန္အထိ ျပန္လည္ရွာေဖြေတြ႕ရွိျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။ အဆိုပါျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္ ျပတိုက္၏အျပင္ဘက္နံရံမ်ားတြင္ လုံၿခဳံေရးကင္မရာမ်ား လုံ ေလာက္စြာတပ္ဆင္ထားျခင္းမ်ိဳးမရွိေၾကာင္းႏွင့္ လသာေဆာင္ကိုလည္း ပိတ္ထားျခင္းမ်ိဳးမရွိခဲ့ေၾကာင္း ျပတိုက္ တာဝန္ရွိသူမ်ားက ဝန္ခံေျပာဆိုခဲ့သည္။
ထို႔ျပင္ ယခုႏွစ္ကုန္တြင္ က်ဴးေက်ာ္ဝင္ ေရာက္မႈကာကြယ္ေရးကိရိယာမ်ားႏွင့္ အနီးအနားရွိ အမ်ားျပည္သူသုံး လမ္းမမ်ားေပၚတြင္ ယာဥ္မ်ားကို တားဆီးမည့္ အတားအဆီးမ်ားအပါအဝင္ အပိုလုံၿခဳံေရးကို စတင္အသုံးျပဳသြား မည္ျဖစ္ေၾကာင္း ျပင္သစ္ အရာရွိမ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။