Su-57 အမျိုးအစားတိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်ရန် အိန္ဒိယနှင့် ရုရှားတို့ ဆွေးနွေးနေ

 137

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

အိန္ဒိယနှင့်ရုရှားတို့သည် Su-57 အမျိုးအစားတိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်ရန် ဆွေးနွေး လျက်ရှိနေ ကြောင်းသိရသည်။ ရုရှားနိုင်ငံသည် ပဉ္စမမြောက်မျိုးဆက်ဖြစ်သောတိုက်လေယာဉ်နှင့်ပတ်သက်ပြီး နည်းပညာများလွှဲ ပြောင်းပေးရန် အဆင်သင့် ရှိနေကြောင်းသိရသည်။
အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ဆွေးနွေးမှုများတိုးတက်လျက်ရှိနေကြောင်း မကြာသေးမီကပြု လုပ်ခဲ့သော ရုရှားသတင်းဌာနနှင့်အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ရုရှားသံအမတ်ကြီး အလီပေါ့ဗ်က ‘အိန္ဒိယနိုင်ငံကို Su-57E အမျိုး အစားတိုက်လေယာဉ်များ ပြည်တွင်းမှာ ကိုယ်ပိုင်ထုတ်လုပ်နိုင်မယ့်အစီအစဉ်အပါအဝင် အစီအစဉ်အများအပြားကိုဆွေးနွေးခဲ့တယ်။ တိုက်လေယာဉ်တွေ ကို ‘Make in India’အဖြစ်ထုတ်လုပ်နိုင်အောင် ရုရှား ဘက်က နည်းပညာပိုင်းအကူအညီပေးသွားဖို့ အစီအစဉ်လည်းရှိနေပါတယ်’ဟုပြောသည်။
Su-57 အမျိုးအစားတိုက်လေယာဉ်များသည် ကိုယ်ပျောက်အမျိုးအစားတိုက်လေယာဉ်များထဲတွင်ပါဝင်ပြီး ယခုနှစ်အစောပိုင်းက အာရှတိုက် တွင်ကျင်းပခဲ့သောလေကြောင်းပြပွဲတွင် ပြသခဲ့ကြောင်းသိရသည်။ ရုရှားသမ္မတသည် အိန္ဒိယနိုင်ငံ သို့လာရောက်မည်ဖြစ်ရာ ၎င်းမလာရောက်ခင် Su-57 အမျိုးအစားတိုက်လေယာဉ်များကို ပူးပေါင်းထုတ် လုပ်မည့်အစီအစဉ်နှင့်ပတ်သတ်ပြီး ရုရှားနှင့်အိန္ဒိယ ကာကွယ်ရေးတာဝန်ရှိသူများ ဆွေးနွေးနေခြင်းဖြစ် ကြောင်းသိရ သည်။
ရုရှားသည် လက်ရှိအချိန်တွင် Su-57 အမျိုးအစားတိုက်လေယာဉ် (၄၂)စင်းထုတ်လုပ်ထားပြီး အစင်းရေ(၃၀) အော်ဒါလက်ခံရရှိထားကာ တန်ဖိုးသည် အမေရိကန်ဒေါ်လာသန်း (၅၀)ဝန်းကျင်ရှိပြီး အမေရိကန်နိုင်ငံထုတ် ကိုယ် ပျောက်တိုက်လေယာဉ်ဖြစ်သည့် F-35 အမျိုးအစားတိုက်လေယာဉ်ထက် တန်းဖိုးများစွာ လျော့နည်းကြောင်းသိရသည်။ Su-57 အမျိုးအစားတိုက်လေယာဉ်များသည် လေယာဉ်မှူးတစ်ယောက်မောင်းဖြစ်ပြီး အကွာအဝေး ကီလိုမီတာ (၃၅၀ဝ) အထိပျံသန်းနိုင်ကာ အသံထက် (၂ ဒသမ ၂)ဆ ပိုမိုလျင်မြန်စွာ ပျံသန်းနိုင်စွမ်းရှိကြောင်းသိရသည်။
ထို့ပြင် အဆိုပါတိုက်လေယာဉ်များသည် အမြင့်ပေ (၆)သောင်းကျော် ပျံသန်းနိုင်စွမ်းရှိကာ အလေးချိန်စုစုပေါင်း အနည်းဆုံး ပေါင် (၇) သောင်းကျော် တင်ဆောင်ပျံသန်းနိုင်စွမ်းရှိနေကြောင်း သိရသည်။

Zawgyi Version:
Su-57 အမ်ိဳးအစားတိုက္ေလယာဥ္မ်ား ပူးတြဲထုတ္လုပ္ရန္ အိႏၵိယႏွင့္ ႐ုရွားတို႔ ေဆြးေႏြးေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄
အိႏၵိယႏွင့္႐ုရွားတို႔သည္ Su-57 အမ်ိဳးအစားတိုက္ေလယာဥ္မ်ား ပူးတြဲထုတ္လုပ္ရန္ ေဆြးေႏြး လ်က္ရွိေန ေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံသည္ ပၪၥမေျမာက္မ်ိဳးဆက္ျဖစ္ေသာတိုက္ေလယာဥ္ႏွင့္ပတ္သက္ၿပီး နည္းပညာမ်ားလႊဲ ေျပာင္းေပးရန္ အဆင္သင့္ ရွိေနေၾကာင္းသိရသည္။
အိႏၵိယႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးက ေဆြးေႏြးမႈမ်ားတိုးတက္လ်က္ရွိေနေၾကာင္း မၾကာေသးမီကျပဳ လုပ္ခဲ့ေသာ ႐ုရွားသတင္းဌာနႏွင့္အင္တာဗ်ဴးတြင္ ထည့္သြင္းေျပာဆိုခဲ့သည္။ ႐ုရွားသံအမတ္ႀကီး အလီေပါ့ဗ္က ‘အိႏၵိယႏိုင္ငံကို Su-57E အမ်ိဳး အစားတိုက္ေလယာဥ္မ်ား ျပည္တြင္းမွာ ကိုယ္ပိုင္ထုတ္လုပ္ႏိုင္မယ့္အစီအစဥ္အပါအဝင္ အစီအစဥ္အမ်ားအျပားကိုေဆြးေႏြးခဲ့တယ္။ တိုက္ေလယာဥ္ေတြ ကို ‘Make in India’အျဖစ္ထုတ္လုပ္ႏိုင္ေအာင္ ႐ုရွား ဘက္က နည္းပညာပိုင္းအကူအညီေပးသြားဖို႔ အစီအစဥ္လည္းရွိေနပါတယ္’ဟုေျပာသည္။
Su-57 အမ်ိဳးအစားတိုက္ေလယာဥ္မ်ားသည္ ကိုယ္ေပ်ာက္အမ်ိဳးအစားတိုက္ေလယာဥ္မ်ားထဲတြင္ပါဝင္ၿပီး ယခုႏွစ္အေစာပိုင္းက အာရွတိုက္ တြင္က်င္းပခဲ့ေသာေလေၾကာင္းျပပြဲတြင္ ျပသခဲ့ေၾကာင္းသိရသည္။ ႐ုရွားသမၼတသည္ အိႏၵိယႏိုင္ငံ သို႔လာေရာက္မည္ျဖစ္ရာ ၎မလာေရာက္ခင္ Su-57 အမ်ိဳးအစားတိုက္ေလယာဥ္မ်ားကို ပူးေပါင္းထုတ္ လုပ္မည့္အစီအစဥ္ႏွင့္ပတ္သတ္ၿပီး ႐ုရွားႏွင့္အိႏၵိယ ကာကြယ္ေရးတာဝန္ရွိသူမ်ား ေဆြးေႏြးေနျခင္းျဖစ္ ေၾကာင္းသိရ သည္။
႐ုရွားသည္ လက္ရွိအခ်ိန္တြင္ Su-57 အမ်ိဳးအစားတိုက္ေလယာဥ္ (၄၂)စင္းထုတ္လုပ္ထားၿပီး အစင္းေရ(၃၀) ေအာ္ဒါလက္ခံရရွိထားကာ တန္ဖိုးသည္ အေမရိကန္ေဒၚလာသန္း (၅၀)ဝန္းက်င္ရွိၿပီး အေမရိကန္ႏိုင္ငံထုတ္ ကိုယ္ ေပ်ာက္တိုက္ေလယာဥ္ျဖစ္သည့္ F-35 အမ်ိဳးအစားတိုက္ေလယာဥ္ထက္ တန္းဖိုးမ်ားစြာ ေလ်ာ့နည္းေၾကာင္းသိရသည္။ Su-57 အမ်ိဳးအစားတိုက္ေလယာဥ္မ်ားသည္ ေလယာဥ္မႉးတစ္ေယာက္ေမာင္းျဖစ္ၿပီး အကြာအေဝး ကီလိုမီတာ (၃၅၀ဝ) အထိပ်ံသန္းႏိုင္ကာ အသံထက္ (၂ ဒသမ ၂)ဆ ပိုမိုလ်င္ျမန္စြာ ပ်ံသန္းႏိုင္စြမ္းရွိေၾကာင္းသိရသည္။
ထို႔ျပင္ အဆိုပါတိုက္ေလယာဥ္မ်ားသည္ အျမင့္ေပ (၆)ေသာင္းေက်ာ္ ပ်ံသန္းႏိုင္စြမ္းရွိကာ အေလးခ်ိန္စုစုေပါင္း အနည္းဆုံး ေပါင္ (၇) ေသာင္းေက်ာ္ တင္ေဆာင္ပ်ံသန္းႏိုင္စြမ္းရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.