ဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံလာမည်

 203

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ် ကြား ချက်အရ ဘယ်လာရုစ်သမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကိုသည် မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီးလာရောက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်မှာ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မကြာမီကာလတွင် မြန်မာနိုင်ငံသို့ရောက်ရှိမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသို့လာရောက်ရန်အတွက် ဖိတ်ခေါ်ချက်ကို ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက လက်ခံခဲ့ကြောင်း မတ်လ ၇ ရက်က ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့ ဘယ်လာရုနိုင်ငံသမ္မတနန်းတော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ မင့်စ်မြို့၌ ကျင်းပပြု လုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖို ရမ် (EEF 2025)သို့ တက်ရောက်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဘယ္လာ႐ုစ္သမၼတ ျမန္မာႏိုင္ငံလာမည္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၅

ျမန္မာႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ဖိတ္ ၾကား ခ်က္အရ ဘယ္လာ႐ုစ္သမၼတ မစၥတာအလက္ဇႏၵားလူကာရွန္ကိုသည္ ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ ေရးခရီးလာေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ခရီးစဥ္မွာ တရားဝင္ခ်စ္ၾကည္ေရးခရီးစဥ္ျဖစ္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ဖိတ္ၾကားခ်က္အရ ၾကာမီကာလတြင္ ျမန္မာႏိုင္ငံသို႔ေရာက္ရွိမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
ျမန္မာႏိုင္ငံသို႔လာေရာက္ရန္အတြက္ ဖိတ္ေခၚခ်က္ကို ဘယ္လာ႐ုစ္သမၼတ လူကာရွန္ကိုက လက္ခံခဲ့ေၾကာင္း မတ္လ ၇ ရက္က ဗိုလ္ခ်ဳပ္မႉး ႀကီး မင္းေအာင္လႈိင္ႏွင့္ ဘယ္လာ႐ုစ္သမၼတတို႔ ဘယ္လာ႐ုႏိုင္ငံသမၼတနန္းေတာ္တြင္ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇြန္လ ၂၅ ရက္ကလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ဘယ္လာ႐ုစ္သမၼတ လူကာရွန္ကို၏ ဖိတ္ၾကားခ်က္အရ မင့္စ္ၿမိဳ႕၌ က်င္းပျပဳ လုပ္မည့္ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖို ရမ္ (EEF 2025)သို႔ တက္ေရာက္ရန္ သြားေရာက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.