ဈေးကောင်းရနေသည့် ပဲပုပ်များကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်

 397

Pearl (NP News) - နိုဝင်ဘာ ၂၅
ဈေးကောင်းရနေသည့်ပဲပုပ်များကို တောင်သူများတိုးချဲ့စိုက်ပျိုးသင့်ကြောင်း မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က NP News သို့ ပြောကြားထားသည့် အချက်အလက်များ အရ သိရသည်။
မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍအတွက် အရေးပါသောကုန်စည်များဖြစ်ပြီး ပြည်တွင်းဆီစက် များမှထွက်ရှိသော ဆီကြိတ်ဖတ်များဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုံညင်းဖတ်၊ ပန်းနှမ်းဖတ်၊ ပဲပုပ်ဖတ် စသည်တို့အနက် လက်ရှိတွင် ပဲပုပ်ဖတ်ကို အစာစက်ရုံများတွင် အသုံးပြုမှုများပြီး ပြည်တွင်း ဝယ်လိုအားများရှိနေကာ ဈေးကောင်းရရှိနေကြောင်းသိရသည်။ “လောလောဆယ် စိုက်ပျိုးရေးသီးနှံထဲ မှာ ဆီထွက်သီနှံနဲ့ပတ်သက်ပြီး ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးဖို့ တွန်းအားပေးထားတယ်။ ပဲပုပ်စိုက်ဧက အနည်း ဆုံး (၃)သိန်းနဲ့ (၅)သိန်းတိုးချဲ့စိုက်ရင် ‌တောင်သူတွေ အကျိုးအမြတ်ရှိတဲ့ကာလတစ်ခုကိုရောက်မယ်။ ကျန်တဲ့သီးနှံတွေထက်စာရင် ဥပမာ မြေပဲစိုက်တဲ့တောင်သူတွေက ပဲပုပ်စိုက်လိုက်ရင် စိုက်လို့ရလို့ စိုက် ခဲ့ရင် မြေပဲစိုက်လို့မြတ်တဲ့ပိုက်ဆံထက် ပဲပုပ်ကပိုမြတ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဲပုပ်ဖတ်ရဲ့ ပြည် တွင်းလိုအပ်ချက်က တအားများတယ်။ အစာစက်ရုံတွေမှာ ပဲပုပ်ဖတ်ကိုအသုံးပြုတာ တအားများတယ်။ နောက်ပြီးတော့ ပဲပုပ်ဆိုတာ ပြည်တွင်းမှာ စိုက်ပျိုးလို့လည်းရတယ်။ ပြည်တွင်းက တောင်သူတွေနဲ့ လည်း ယဉ်ပါးပြီးသားဖြစ်နေတယ်”ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က NP News သို့ပြောသည်။
ထို့ကြောင့် တောင်သူများအနေဖြင့် ပဲပုပ် သီးနှံကိုတိုးချဲ့စိုက်ပျိုးရန် မြန်မာနိုင်ငံဆီစက်ပိုင်ရှင် များအသင်းအနေဖြင့် တွန်းအားပေးဆောင်ရွက်နေပြီး ပဲပုပ်စိုက်ဧကများတိုးချဲ့လာပါက ပြည်ပမှ တိရ စ္ဆာန်အစာတင်းသွင်းမှုများကိုလည်း လျှော့ချပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
“ပြည်တွင်းမှာ ပဲပုပ်စိုက်ဧကက (၂) သိန်းခွဲလောက်ရှိတယ်။ နောက်ထပ် ဧက(၆)သိန်းလောက် ထပ်ပိုတိုးရင်တော့ ပြည်တွင်းမှာ အစာလုပ်ငန်းတွေရဲ့အစာလိုအပ်ချက်နဲ့ ပြည်တွင်းစက်တွေရဲ့ ကြိတ်ခွဲ နိုင်မှုပမာဏနဲ့ဆိုရင် ဈေးကွက်ထဲ သူ့ဟာနဲ့သူ ကုန်သွားမှာပေါ့။ နိုင်ငံခြားက အစာတင်သွင်းတာကို လည်း တဖြည်းဖြည်းလျှော့ချသွားနိုင်တာပေါ့”ဟု ဦးဆန်းထွန်းလွင်ကပြောသည်။
လက်ရှိတွင် ပဲပုပ်တစ်တင်းလျှင် (၇၅၀ဝဝ) ကျပ်ဝန်းကျင်ပေါက်ဈေးရှိကာ ပဲပုပ်တစ်တင်းကို ကြိတ်ခွဲရာတွင် ပဲဆီ(၁၂)ရာခိုင်နှုန်းထွက်ရှိ၍ ထိုအထဲမှ ဆီကြမ်း(၂)ပိဿာ(၄၀)သား၊ အဆိုပါဆီကြမ်းကို ပြန်လည်အကြည်ခံပါက ပဲဆီ(၂)ပိဿာခန့်ရရှိ ပြီး ပဲပုပ်ဖတ် (၁၇) ပိဿာဝန်းကျင်ထွက်ရှိကြောင်း သိရ သည်။
“လွန်ခဲ့တဲ့ (၂)လလောက်က ပဲပုပ်ဈေး မတက်ခင်ကပေါ့။ ပဲပုပ်ဈေး တစ်ပိသာကို (၄၅၀ဝ) လောက်ဖြစ်နေတဲ့အချိန်မှာ တစ်ရာသီလုံးစာအတွက် ကို ပဲပုပ်တစ်ပိဿာ စိုက်ကွင်းထဲမှာတင်(၄၀ဝဝ) အောက်မကျစေရဘူး။ ဘယ်လိုအချိန်မျိုးမှာဖြစ်ဖြစ် ဈေးနှုန်းမကျစေရဘူးဆိုတဲ့ ဈေးနှုန်းအာမခံချက်ပေး ခဲ့တယ်။ ပေးပြီးသိပ်မကြာပါဘူး ဈေးနှုန်းက တောက်လျှောက်တက်လာတယ်။ ကျွန်တော်တို့က (၄၀ဝဝ) ပေးခဲ့ပေမယ့် နေရာတင် (၅၀ဝဝ)လောက်ဖြစ်သွားပြီ။ ဒါက ခဏစာပေးတာမဟုတ်ဘူး။ တစ်ရာသီလုံး စာ။ စိုက်လို့ပျိုးလို့ကုန်ပြီ တစ်ရာသီလုံးစာကို ဒီ‌‌ဈေးအောက် မကျစေရဘူးပြောခဲ့တာ အခုပဲပုပ်စိုက်တဲ့လူ တွေက တစ်ဧက တင်း(၂၀)ထွက်ရင်တောင် သူ့ရဲ့အမြတ်ကမနည်းဘူး။ တချို့တအားကိုဂရုစိုက်တဲ့ တောင်သူတွေမှာဆိုရင် တစ်ဧက (၃၅)တင်းလောက်ထွက်တာ။ တစ်တင်းကို (၇၅၀ဝဝ)လောက်တန်နေ တာ တွက်သာကြည့်လိုက်တော့။ အဲဒီလိုမျိုး ပဲပုပ်နည်းတူ မြေပဲတို့ ဆီထွက်သီးနှံတွေကိုလည်း ကျွန် တော်တို့ အာမခံချက်ပေးဖို့ အစီအစဉ်ရှိတယ်။ အဲဒီလိုပေးဖို့က ကျွန်တော်တို့ ကြိတ်လို့ရတဲ့ မြေပဲ၊ နေ ကြာ၊ နှမ်းတို့ကို ရောင်းစရာဈေးကွက်ရှိမှပေးလို့ရမှာ။ အဲဒါကို ရှင်း ရှင်းပြောရရင် နိုင်ငံတော်နဲ့ ညှိနှိုင်း တိုင်ပင်လို့ရခဲ့ရင် ကျွန်တော်တို့ တာဝန်ယူပြီးဝင်လုပ်ချင်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ေဈးေကာင္းရေနသည့္ ပဲပုပ္မ်ားကို ေတာင္သူမ်ား တိုးခ်ဲ႕စိုက္ပ်ိဳးသင့္
Pearl (NP News) - ႏိုဝင္ဘာ ၂၅
ေဈးေကာင္းရေနသည့္ပဲပုပ္မ်ားကို ေတာင္သူမ်ားတိုးခ်ဲ႕စိုက္ပ်ိဳးသင့္ေၾကာင္း ျမန္မာႏိုင္ငံ ဆီစက္ ပိုင္ရွင္မ်ားအသင္းဥကၠ႒ ဦးဆန္းထြန္းလြင္က NP News သို႔ ေျပာၾကားထားသည့္ အခ်က္အလက္မ်ား အရ သိရသည္။
ျမန္မာႏိုင္ငံ၏ ေမြးျမဴေရးက႑အတြက္ အေရးပါေသာကုန္စည္မ်ားျဖစ္ၿပီး ျပည္တြင္းဆီစက္ မ်ားမွထြက္ရွိေသာ ဆီႀကိတ္ဖတ္မ်ားျဖစ္သည့္ ပဲဖတ္၊ ႏွမ္းဖတ္၊ ေနၾကာဖတ္၊ မုံညင္းဖတ္၊ ပန္းႏွမ္းဖတ္၊ ပဲပုပ္ဖတ္ စသည္တို႔အနက္ လက္ရွိတြင္ ပဲပုပ္ဖတ္ကို အစာစက္႐ုံမ်ားတြင္ အသုံးျပဳမႈမ်ားၿပီး ျပည္တြင္း ဝယ္လိုအားမ်ားရွိေနကာ ေဈးေကာင္းရရွိေနေၾကာင္းသိရသည္။ “ေလာေလာဆယ္ စိုက္ပ်ိဳးေရးသီးႏွံထဲ မွာ ဆီထြက္သီႏွံနဲ႔ပတ္သက္ၿပီး ပဲပုပ္ကို တိုးခ်ဲ႕စိုက္ပ်ိဳးဖို႔ တြန္းအားေပးထားတယ္။ ပဲပုပ္စိုက္ဧက အနည္း ဆုံး (၃)သိန္းနဲ႔ (၅)သိန္းတိုးခ်ဲ႕စိုက္ရင္ ‌ေတာင္သူေတြ အက်ိဳးအျမတ္ရွိတဲ့ကာလတစ္ခုကိုေရာက္မယ္။ က်န္တဲ့သီးႏွံေတြထက္စာရင္ ဥပမာ ေျမပဲစိုက္တဲ့ေတာင္သူေတြက ပဲပုပ္စိုက္လိုက္ရင္ စိုက္လို႔ရလို႔ စိုက္ ခဲ့ရင္ ေျမပဲစိုက္လို႔ျမတ္တဲ့ပိုက္ဆံထက္ ပဲပုပ္ကပိုျမတ္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပဲပုပ္ဖတ္ရဲ႕ ျပည္ တြင္းလိုအပ္ခ်က္က တအားမ်ားတယ္။ အစာစက္႐ုံေတြမွာ ပဲပုပ္ဖတ္ကိုအသုံးျပဳတာ တအားမ်ားတယ္။ ေနာက္ၿပီးေတာ့ ပဲပုပ္ဆိုတာ ျပည္တြင္းမွာ စိုက္ပ်ိဳးလို႔လည္းရတယ္။ ျပည္တြင္းက ေတာင္သူေတြနဲ႔ လည္း ယဥ္ပါးၿပီးသားျဖစ္ေနတယ္”ဟု ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္းဥကၠ႒ ဦးဆန္းထြန္းလြင္က NP News သို႔ေျပာသည္။
ထို႔ေၾကာင့္ ေတာင္သူမ်ားအေနျဖင့္ ပဲပုပ္ သီးႏွံကိုတိုးခ်ဲ႕စိုက္ပ်ိဳးရန္ ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္ မ်ားအသင္းအေနျဖင့္ တြန္းအားေပးေဆာင္႐ြက္ေနၿပီး ပဲပုပ္စိုက္ဧကမ်ားတိုးခ်ဲ႕လာပါက ျပည္ပမွ တိရ စာၦန္အစာတင္းသြင္းမႈမ်ားကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ မည္ျဖစ္ေၾကာင္း သိရသည္။
“ျပည္တြင္းမွာ ပဲပုပ္စိုက္ဧကက (၂) သိန္းခြဲေလာက္ရွိတယ္။ ေနာက္ထပ္ ဧက(၆)သိန္းေလာက္ ထပ္ပိုတိုးရင္ေတာ့ ျပည္တြင္းမွာ အစာလုပ္ငန္းေတြရဲ႕အစာလိုအပ္ခ်က္နဲ႔ ျပည္တြင္းစက္ေတြရဲ႕ ႀကိတ္ခြဲ ႏိုင္မႈပမာဏနဲ႔ဆိုရင္ ေဈးကြက္ထဲ သူ႔ဟာနဲ႔သူ ကုန္သြားမွာေပါ့။ ႏိုင္ငံျခားက အစာတင္သြင္းတာကို လည္း တျဖည္းျဖည္းေလွ်ာ့ခ်သြားႏိုင္တာေပါ့”ဟု ဦးဆန္းထြန္းလြင္ကေျပာသည္။
လက္ရွိတြင္ ပဲပုပ္တစ္တင္းလွ်င္ (၇၅၀ဝဝ) က်ပ္ဝန္းက်င္ေပါက္ေဈးရွိကာ ပဲပုပ္တစ္တင္းကို ႀကိတ္ခြဲရာတြင္ ပဲဆီ(၁၂)ရာခိုင္ႏႈန္းထြက္ရွိ၍ ထိုအထဲမွ ဆီၾကမ္း(၂)ပိႆာ(၄၀)သား၊ အဆိုပါဆီၾကမ္းကို ျပန္လည္အၾကည္ခံပါက ပဲဆီ(၂)ပိႆာခန႔္ရရွိ ၿပီး ပဲပုပ္ဖတ္ (၁၇) ပိႆာဝန္းက်င္ထြက္ရွိေၾကာင္း သိရ သည္။
“လြန္ခဲ့တဲ့ (၂)လေလာက္က ပဲပုပ္ေဈး မတက္ခင္ကေပါ့။ ပဲပုပ္ေဈး တစ္ပိသာကို (၄၅၀ဝ) ေလာက္ျဖစ္ေနတဲ့အခ်ိန္မွာ တစ္ရာသီလုံးစာအတြက္ ကို ပဲပုပ္တစ္ပိႆာ စိုက္ကြင္းထဲမွာတင္(၄၀ဝဝ) ေအာက္မက်ေစရဘူး။ ဘယ္လိုအခ်ိန္မ်ိဳးမွာျဖစ္ျဖစ္ ေဈးႏႈန္းမက်ေစရဘူးဆိုတဲ့ ေဈးႏႈန္းအာမခံခ်က္ေပး ခဲ့တယ္။ ေပးၿပီးသိပ္မၾကာပါဘူး ေဈးႏႈန္းက ေတာက္ေလွ်ာက္တက္လာတယ္။ ကြၽန္ေတာ္တို႔က (၄၀ဝဝ) ေပးခဲ့ေပမယ့္ ေနရာတင္ (၅၀ဝဝ)ေလာက္ျဖစ္သြားၿပီ။ ဒါက ခဏစာေပးတာမဟုတ္ဘူး။ တစ္ရာသီလုံး စာ။ စိုက္လို႔ပ်ိဳးလို႔ကုန္ၿပီ တစ္ရာသီလုံးစာကို ဒီ‌‌ေဈးေအာက္ မက်ေစရဘူးေျပာခဲ့တာ အခုပဲပုပ္စိုက္တဲ့လူ ေတြက တစ္ဧက တင္း(၂၀)ထြက္ရင္ေတာင္ သူ႔ရဲ႕အျမတ္ကမနည္းဘူး။ တခ်ိဳ႕တအားကိုဂ႐ုစိုက္တဲ့ ေတာင္သူေတြမွာဆိုရင္ တစ္ဧက (၃၅)တင္းေလာက္ထြက္တာ။ တစ္တင္းကို (၇၅၀ဝဝ)ေလာက္တန္ေန တာ တြက္သာၾကည့္လိုက္ေတာ့။ အဲဒီလိုမ်ိဳး ပဲပုပ္နည္းတူ ေျမပဲတို႔ ဆီထြက္သီးႏွံေတြကိုလည္း ကြၽန္ ေတာ္တို႔ အာမခံခ်က္ေပးဖို႔ အစီအစဥ္ရွိတယ္။ အဲဒီလိုေပးဖို႔က ကြၽန္ေတာ္တို႔ ႀကိတ္လို႔ရတဲ့ ေျမပဲ၊ ေန ၾကာ၊ ႏွမ္းတို႔ကို ေရာင္းစရာေဈးကြက္ရွိမွေပးလို႔ရမွာ။ အဲဒါကို ရွင္း ရွင္းေျပာရရင္ ႏိုင္ငံေတာ္နဲ႔ ညႇိႏႈိင္း တိုင္ပင္လို႔ရခဲ့ရင္ ကြၽန္ေတာ္တို႔ တာဝန္ယူၿပီးဝင္လုပ္ခ်င္တာ”ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.