တရုတ်သို့ တရားမဝင်သွားရောက်လုပ်ကိုင်သူ (၃၀ဝ) ကျော် လစဉ်ရှိနေပြီး တရုတ်မယား လုပ်လိုသူ အများအပြား ပါဝင်နေ

 136

Pearl (NP News) - နိုဝင်ဘာ ၂၅

လစဉ် တရုတ်ပြည်ဘက်သို့ တရားမဝင် သွားရောက်လုပ်ကိုင်သူ (၃၀ဝ) ကျော်ခန့်ရှိနေပြီး ယင်း အထဲတွင် တရုတ်မယား လုပ်လိုသူအများအပြား ပါဝင်နေကြောင်း မူဆယ်ဒေသခံတစ်ဦးက NP News သို့ပြောသည်။
တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လုပ်ကိုင်ရန်အတွက် အပါအဝင် တရုတ်မယားအဖြစ်သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် လစဉ် မြန်မာလုပ်သား (၃၀ဝ) ထက်မနည်း သွားရောက်နေကြောင်း သိရသည်။
“စက်ရုံအလုပ်တို့၊ အရောင်းစာရေးအလုပ် ဆိုတာ တရုတ်စကားမတတ်ရင် အဆင်မပြေဘူး။ အဓိကက အဆင်အပြေဆုံးအလုပ်က တရုတ် မယားလုပ်ဖို့သွားကြတာ။ တရုတ်ပြည်မှာ မိန်းမကို တင် တောင်းငွေ အရမ်းများတော့ မြန်မာပြည်က မိန်းမတွေကို ပွဲစားအပါ ယွမ် (၄၊ ၅၊ ၆၀ဝဝဝ)လောက်နဲ့ ယူ ကြတာပေါ့။ ဈေးက အမျိုးမျိုးရှိတယ်။ ဟိုဘက်မှာယောကျာ်းရှိရင် ဈေးတစ်မျိုး၊ ဒီဘက်မှာ ယောကျာ်းရှိ ရင်ဈေးတစ်မျိုး။ ကလေးမွေးထားပြီးရင် ဈေးတစ်မျိုး။ မြန်မာဘက်က မြန်မာအမျိုးသမီးတွေက ဘယ် လိုလုပ်လဲဆိုတော့ ဒီတစ်ယောက်နဲ့ယူမယ်လို့ပြောတယ်။ ယူလိုက်တယ်။ နောက်ပွဲစားနဲ့တွေ့တယ်။ နောက်တစ်ယောက်ယူတယ်။ တချို့ဆို (၄၊ ၅)ယောက်ယူထားတာ။ ပြီးရင် မြန်မာတွေက အဆင် မပြေ တော့ရင် သူတို့ကိုလူကုန်ကူးပါတယ်ဆိုတာမျိုးတွေလုပ်တာ” ဟု ဖြစ်စဉ်သိရှိသူတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သူများမှာ ကချင်၊ ပလောင်၊ ရှမ်းလူမျိုးများ အများဆုံးဖြစ်ပြီး မူဆယ်အပါအဝင် နယ်စပ်ဒေသများရှိ တရားမဝင်ခိုးပေါက်များမှသွား ရောက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“လမ်းကြောင်းတွေကတော့ တခြားလမ်းလည်းရှိတယ်။ မူဆယ်ဘက်ကလည်း မင်္ဂလာမူဆယ် ဝင်းကြီးနောက်ကျောလမ်းတွေရှိတယ်။ ရေမြောင်း အောက်ကနေ ဖောက်ပြီးသွားတာ တွေရှိတယ်။ လမ်း တွေကတော့ အများကြီးပဲ။ ပြီးရင် အဲဒီခိုးပေါက်ကို ဖွင့်ပေးတဲ့လူကိုလည်း ပိုက်ဆံပေးရတယ် သွင်းတဲ့လူ တွေက။ တစ်ခါထွက်ရင် အယောက် (၂၀) ကျော်တယ်။ ဒါတောင် တစ်ပေါက်ကို တစ်ယောက်တည်းက လွှတ်တဲ့ဟာ။ တစ်လတစ်လကို အနည်းဆုံးအဖွဲ့ အကုန်ပေါင်းရင် (၃၀ဝ)ကျော်တယ်။ မိန်းကလေးတွေ အများဆုံးပဲ မြန်မာတိုင်းရင်းသူတွေ များတယ်” ဟု မူဆယ်ဒေသခံတစ်ဦးက NP News သို့ပြောသည်။

Zawgyi Version:
တ႐ုတ္သို႔ တရားမဝင္သြားေရာက္လုပ္ကိုင္သူ (၃၀ဝ) ေက်ာ္ လစဥ္ရွိေနၿပီး တ႐ုတ္မယား လုပ္လိုသူ အမ်ားအျပား ပါဝင္ေန
Pearl (NP News) - ႏိုဝင္ဘာ ၂၅
လစဥ္ တ႐ုတ္ျပည္ဘက္သို႔ တရားမဝင္ သြားေရာက္လုပ္ကိုင္သူ (၃၀ဝ) ေက်ာ္ခန႔္ရွိေနၿပီး ယင္း အထဲတြင္ တ႐ုတ္မယား လုပ္လိုသူအမ်ားအျပား ပါဝင္ေနေၾကာင္း မူဆယ္ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
တ႐ုတ္ႏိုင္ငံရွိ စက္႐ုံအလုပ္႐ုံမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္လုပ္ကိုင္ရန္အတြက္ အပါအဝင္ တ႐ုတ္မယားအျဖစ္သြားေရာက္အလုပ္လုပ္ကိုင္ရန္အတြက္ လစဥ္ ျမန္မာလုပ္သား (၃၀ဝ) ထက္မနည္း သြားေရာက္ေနေၾကာင္း သိရသည္။
“စက္႐ုံအလုပ္တို႔၊ အေရာင္းစာေရးအလုပ္ ဆိုတာ တ႐ုတ္စကားမတတ္ရင္ အဆင္မေျပဘူး။ အဓိကက အဆင္အေျပဆုံးအလုပ္က တ႐ုတ္ မယားလုပ္ဖို႔သြားၾကတာ။ တ႐ုတ္ျပည္မွာ မိန္းမကို တင္ ေတာင္းေငြ အရမ္းမ်ားေတာ့ ျမန္မာျပည္က မိန္းမေတြကို ပြဲစားအပါ ယြမ္ (၄၊ ၅၊ ၆၀ဝဝဝ)ေလာက္နဲ႔ ယူ ၾကတာေပါ့။ ေဈးက အမ်ိဳးမ်ိဳးရွိတယ္။ ဟိုဘက္မွာေယာက်ာ္းရွိရင္ ေဈးတစ္မ်ိဳး၊ ဒီဘက္မွာ ေယာက်ာ္းရွိ ရင္ေဈးတစ္မ်ိဳး။ ကေလးေမြးထားၿပီးရင္ ေဈးတစ္မ်ိဳး။ ျမန္မာဘက္က ျမန္မာအမ်ိဳးသမီးေတြက ဘယ္ လိုလုပ္လဲဆိုေတာ့ ဒီတစ္ေယာက္နဲ႔ယူမယ္လို႔ေျပာတယ္။ ယူလိုက္တယ္။ ေနာက္ပြဲစားနဲ႔ေတြ႕တယ္။ ေနာက္တစ္ေယာက္ယူတယ္။ တခ်ိဳ႕ဆို (၄၊ ၅)ေယာက္ယူထားတာ။ ၿပီးရင္ ျမန္မာေတြက အဆင္ မေျပ ေတာ့ရင္ သူတို႔ကိုလူကုန္ကူးပါတယ္ဆိုတာမ်ိဳးေတြလုပ္တာ” ဟု ျဖစ္စဥ္သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ တ႐ုတ္ႏိုင္ငံသို႔ တရားမဝင္ သြားေရာက္အလုပ္လုပ္ကိုင္သူမ်ားမွာ ကခ်င္၊ ပေလာင္၊ ရွမ္းလူမ်ိဳးမ်ား အမ်ားဆုံးျဖစ္ၿပီး မူဆယ္အပါအဝင္ နယ္စပ္ေဒသမ်ားရွိ တရားမဝင္ခိုးေပါက္မ်ားမွသြား ေရာက္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
“လမ္းေၾကာင္းေတြကေတာ့ တျခားလမ္းလည္းရွိတယ္။ မူဆယ္ဘက္ကလည္း မဂၤလာမူဆယ္ ဝင္းႀကီးေနာက္ေက်ာလမ္းေတြရွိတယ္။ ေရေျမာင္း ေအာက္ကေန ေဖာက္ၿပီးသြားတာ ေတြရွိတယ္။ လမ္း ေတြကေတာ့ အမ်ားႀကီးပဲ။ ၿပီးရင္ အဲဒီခိုးေပါက္ကို ဖြင့္ေပးတဲ့လူကိုလည္း ပိုက္ဆံေပးရတယ္ သြင္းတဲ့လူ ေတြက။ တစ္ခါထြက္ရင္ အေယာက္ (၂၀) ေက်ာ္တယ္။ ဒါေတာင္ တစ္ေပါက္ကို တစ္ေယာက္တည္းက လႊတ္တဲ့ဟာ။ တစ္လတစ္လကို အနည္းဆုံးအဖြဲ႕ အကုန္ေပါင္းရင္ (၃၀ဝ)ေက်ာ္တယ္။ မိန္းကေလးေတြ အမ်ားဆုံးပဲ ျမန္မာတိုင္းရင္းသူေတြ မ်ားတယ္” ဟု မူဆယ္ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။

Related news

© 2021. All rights reserved.