ဆေးနှင့်ဆေးပစ္စည်းကုမ္ပဏီ (၁၄၀၀)ကျော်၏လျှောက်ထားပစ္စည်းများကို ဦးစားပေးခွင့်ပြုပေးထားသော်လည်း ဈေးမကျပဲ ဆေးလိုအပ် ချက်ရှိနေ

 326

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၅

ဆေးနှင့်ဆေးပစ္စည်းကုမ္ပဏီ (၁၄၀၀)ကျော်၏လျှောက်ထားပစ္စည်းများကို ဦးစားပေးခွင့်ပြုပေးထားသော်လည်း ဈေးကွက်တွင် ဈေးမကျပဲ ဆေးလိုအပ် ချက်ရှိနေသည်ကိုကြားသိရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(နိုဝင်ဘာ ၂၄ ရက်)၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသော မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ပြောကြားခဲ့ကြောင်း သိရသည်။
စာရင်းများအရဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်း ကုမ္ပဏီ ၆၄၆ ခုရှိပြီး ကုမ္ပဏီများ၏ လျှောက်ထားပစ္စည်းများကို ဆေးရုံများနှင့် ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဦးစားပေးအနေဖြင့် ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခြင်းမရှိသေးသကဲ့သို့ ဆေးပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ပုံမှန်လိုင်စင်ခွင့်ပြုပေးနေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက် အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
စျေးကွက်သဘောတရားအရ အရင်းအနှီးနှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကုမ္ပဏီကြီးများအနေဖြင့် စျေးကွက်ကိုလွှမ်းမိုးသည့်အခြေ အနေ (Dominant Postion) ကို ပိုင်ဆိုင်နိုင်ကြကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
သို့ရာတွင် စျေးကွက်လွှမ်းမိုးထားသည့်အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကိုမကစား ကြရန်၊ စျေးနှုန်းထိန်းချုပ်ခြင်းမပြုလုပ်ကြရန်၊ အခြားပြိုင်ဘက် ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင်မပြုလုပ်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ဆေးပစ္စည်းရောင်းချခြင်းသည် ပရဟိတဆန်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကုမ္ပဏီတစ်ခုနှင့်တစ်ခု ထိန်းကျောင်းပြီး ပြည်သူ့လူမှုဘဝတိုးတက်စေရေးကို မေတ္တာထားကာ ကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့် ပြည်တွင်း၌ ဆေးအမျိုးအစားယခုထက်ပိုမို၍ စုံလင်ပြီးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော် အတွက် နိုင်ငံခြားငွေအသုံးပြုမှု လျော့ကျသွားမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုလာမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Zawgyi Version:
ေဆးႏွင့္ေဆးပစၥည္းကုမၸဏီ (၁၄၀၀)ေက်ာ္၏ေလွ်ာက္ထားပစၥည္းမ်ားကို ဦးစားေပးခြင့္ျပဳေပးထားေသာ္လည္း ေဈးမက်ပဲ ေဆးလိုအပ္ ခ်က္ရွိေန
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၅

ေဆးႏွင့္ေဆးပစၥည္းကုမၸဏီ (၁၄၀၀)ေက်ာ္၏ေလွ်ာက္ထားပစၥည္းမ်ားကို ဦးစားေပးခြင့္ျပဳေပးထားေသာ္လည္း ေဈးကြက္တြင္ ေဈးမက်ပဲ ေဆးလိုအပ္ ခ်က္ရွိေနသည္ကိုၾကားသိရေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ေဆြက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးက ယမန္ေန႔(ႏိုဝင္ဘာ ၂၄ ရက္)၊ မြန္းလြဲ ၁ နာရီတြင္ ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌က်င္းပေသာ ျမန္မာႏိုင္ငံေဆးဝါးႏွင့္ ေဆးအေထာက္အကူျပဳပစၥည္းမ်ား တင္သြင္းမႈမွသည္ ထုတ္လုပ္မႈဆီသို႔ ညႇိႏႈိင္းအစည္းအေဝး၌ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ေၾကာင္း သိရသည္။
စာရင္းမ်ားအရေဆးဝါးကုမၸဏီ ၇၉၆ ခု၊ ေဆးပစၥည္း ကုမၸဏီ ၆၄၆ ခုရွိၿပီး ကုမၸဏီမ်ား၏ ေလွ်ာက္ထားပစၥည္းမ်ားကို ေဆး႐ုံမ်ားႏွင့္ ေဈးကြက္လိုအပ္ခ်က္အေပၚမူတည္၍ ဦးစားေပးအေနျဖင့္ ခြင့္ျပဳေပးေနေသာ္လည္း ေဈးကြက္အတြင္း၌ ေဆးဝါးေဈးႏႈန္းမ်ား က်ဆင္းလာျခင္းမရွိေသးသကဲ့သို႔ ေဆးပစၥည္းလိုအပ္ခ်က္မ်ားကိုလည္း ၾကားသိေနရေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ပုံမွန္လိုင္စင္ခြင့္ျပဳေပးေနသည့္တိုင္ ကုမၸဏီအခ်ိဳ႕၏ သြင္းကုန္ပစၥည္းကိုထိန္းၿပီး ေစ်းႏႈန္းကစားလိုမႈ၊ ေရာက္ရွိပစၥည္းကို ေဈးကြက္ အတြင္း ထိန္းေက်ာင္းျဖန႔္ျဖဴးမႈတို႔ေၾကာင့္ ခြင့္ျပဳသည့္ေဆးဝါးမ်ား ေဈးကြက္အတြင္းသို႔ ဝင္ေရာက္လာမႈ ေလ်ာ့နည္းရျခင္းျဖစ္သည္ကို ေတြ႕ရွိရေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ေစ်းကြက္သေဘာတရားအရ အရင္းအႏွီးႏွင့္ စြမ္းေဆာင္ရည္ျမင့္မားသည့္ ကုမၸဏီႀကီးမ်ားအေနျဖင့္ ေစ်းကြက္ကိုလႊမ္းမိုးသည့္အေျခ အေန (Dominant Postion) ကို ပိုင္ဆိုင္ႏိုင္ၾကေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
သို႔ရာတြင္ ေစ်းကြက္လႊမ္းမိုးထားသည့္အေျခအေနကို အသာစီးရယူၿပီး ေဆးပစၥည္းမ်ား သိုေလွာင္ထိန္းသိမ္းကာ ေဈးကြက္ကိုမကစား ၾကရန္၊ ေစ်းႏႈန္းထိန္းခ်ဳပ္ျခင္းမျပဳလုပ္ၾကရန္၊ အျခားၿပိဳင္ဘက္ ကုမၸဏီမ်ားအား လုပ္ကိုင္ႏိုင္စြမ္းမရွိေအာင္မျပဳလုပ္ၾကရန္လည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ေဆးပစၥည္းေရာင္းခ်ျခင္းသည္ ပရဟိတဆန္ေသာ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ေသာေၾကာင့္ ကုမၸဏီတစ္ခုႏွင့္တစ္ခု ထိန္းေက်ာင္းၿပီး ျပည္သူ႔လူမႈဘဝတိုးတက္ေစေရးကို ေမတၱာထားကာ ကုမၸဏီအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ၾကေစလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ျပည္တြင္းေဆးဝါးစက္႐ုံမ်ားအေနျဖင့္ ျပည္တြင္း၌ ေဆးအမ်ိဳးအစားယခုထက္ပိုမို၍ စုံလင္ၿပီးထုတ္လုပ္ႏိုင္မည္ဆိုပါက ႏိုင္ငံေတာ္ အတြက္ ႏိုင္ငံျခားေငြအသုံးျပဳမႈ ေလ်ာ့က်သြားမည္ျဖစ္သကဲ့သို႔ အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း ပိုမိုလာမည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.